အခုနောက်ပိုင်းမှာ မိန်းကလေးတော်တော်များများကတော့ Glowing Skin လေးကို ပိုင်ဆိုင်ချင်ကြတာများပါတယ်။ Skincare တွေနဲ့လည်း Glowing Skin လေးရအောင်လုပ်လို့ရသလို၊ အစားအသောက်နဲ့လည်း Glowing Skin လေးရအောင် လုပ်လို့ရပါတယ်။

ဗိုက်လည်းပြည့်ပြီး လှပတဲ့အသားအရေလေးလည်း ရမယ်ဆိုတော့ ပျိုမေတို့အနေနဲ့ လုံးဝလက်မလွှတ်သင့်ဘူးနော်။ ဒီတော့ မိန်းကလေးတိုင်း ပိုင်ဆိုင်ချင်တဲ့ Glowing Skin လေးရဖို့ စားပေးရမယ့်အစားအစာ (၁၀) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

စတော်ဘယ်ရီသီး

Source: www.womensok.com

စတော်ဘယ်ရီသီးမှာက Vitamins နဲ့ Minerals ဓာတ်တွေများစွာပါဝင်လို့ အသားအရေအတွက် အရမ်းအထောက်အကူပြုပါတယ်။ စတော်ဘယ်ရီသီး ကို များများစားပေးမယ်ဆိုရင်တော့ လှပတဲ့ Glowing Skin လေးကို ရရှိစေမှာပါ။

လိမ္မော်သီး

Source: www.womensok.com

လိမ္မော်သီးကို များများစားပေးမယ်ဆိုရင်တော့ အသားအရေကတောက်ပလာမယ့်အပြင် မိန်းကလေးတိုင်းလိုချင်နေတဲ့ Glowing Skin လေးကိုလည်း ရရှိစေပါတယ်။

ဟင်းနုနွယ်

Source: www.womensok.com

ဟင်းနုနွယ်ကိုတော့ နေ့တိုင်းစားပေးနိုင်ရင်ပိုကောင်းပါတယ်။ ကြာလာတဲ့အခါမှာတော့ လှပတဲ့အသားအရေလေးကို ရရှိလာစေမှာပါ။

ခရမ်းချဉ်သီး

Source: www.womensok.com

ခရမ်းချဉ်သီးက အသားအရေလှပစေတယ်ဆိုတာကို လူတိုင်းလည်းသိပြီးသားဖြစ်မှာပါ။ ခရမ်းချဉ်သီးကို နေ့တိုင်းစားပေးမယ်ဆိုရင်တော့ လှပတဲ့အသားအရေလေးဖြစ်တဲ့ Glowing Skin ကို ရရှိစေမှာပါ။

ပန်းသီး

Source: www.womensok.com

မထင်ထားလောက်အောင်ပဲ ပန်းသီးကိုစားပေးခြင်းကလည်း အသားအရေကိုစိုပြေလှပလာစေပါတယ်။

ထောပတ်သီး

Source: www.womensok.com

ကျန်းမာလှပတဲ့အသားအရေလေးကိုပိုင်ဆိုင်ဖို့ ထောပတ်သီးကို စားတာပဲဖြစ်ဖြစ်၊ ဖျော်သောက်တာပဲဖြစ်ဖြစ် လုပ်စားလို့ရပါတယ်။

Gree Tea

Source: www.womensok.com

Gree Tea ကို အနည်းဆုံး တစ်နေ့တစ်ခွက်သောက်ပေးမယ်ဆိုရင်တော့ လှပကြည်လင်တဲ့ အသားအရေလေးကို ရရှိလာစေမှာပါ။

ပန်းဂေါ်ဖီစိမ်း

Source: www.womensok.com

ပန်းဂေါ်ဖီစိမ်းကို များများစားပေးခြင်းက အံ့သြစရာကောင်းလောက်အောင် အသားအရေကိုလှပလာစေပါတယ်။

မုန်လာဥနီ

Source: www.womensok.com

မုန်လာဥနီကို ဒီတိုင်းစားတာပဲဖြစ်ဖြစ်၊ ဖျော်သောက်တာပဲဖြစ်ဖြစ် နေ့တိုင်းစားသုံးပေးမယ်ဆိုရင်တော့ လှပတဲ့ Glowing Skin ကို ရရှိစေပါတယ်။

Salmon

Source: www.womensok.com

Salmon ငါးကို နေ့တိုင်းစားပေးခြင်းကလည်း လှပကြည်လင်တဲ့အသားအရေလေးရရှိဖို့ အထောက်အကူပြုပါတယ်။