ဒိတ်လွန်သွားတဲ့အစားအစာတွေကို စားသောက်ရတာကို အန္တရာယ်များလွန်းလှပါတယ်။ ဒါပေမယ့်လည်း အချို့အစားအသောက်တွေကတော့ နှစ်ပေါင်းအတော်ကြာသည့်တိုင်အောင် ထားပြီးတာတောင်မှ စိတ်ချလက်ချစားသုံးနိုင်ပါတယ်။

ဒါကြောင့် အမြဲတမ်းသိမ်းထားနိုင်ပြီး ဘယ်တော့မှပုပ်သိုးမသွားမယ့် အစားအသောက်တွေကို အခုပဲဖော်ပြပေးလိုက်ရပါတယ်။

၁။ ဆန်

ဆန်ကိုသိမ်းဆည်းထားနိုင်မယ့် အကောင်းဆုံးအပူချိန်ကတော့ 4.5°C နဲ့ အောက်ပဲဖြစ်ပြီး ဖန်ပုလင်းတွေ သို့မဟုတ် ပလတ်စတစ်ဘူးတွေများကတော့ သိမ်းဆည်းသင့်တဲ့ အကောင်းဆုံးနေရာတွေပါပဲ။ သုတေသီတစ်ဦးရဲ့ ဖော်ပြချက်အရ ဆန်တွေဟာ နှစ်ပေါင်းသုံးဆယ်ကျော်သည့်တိုင်း အနံ့အရသာ၊ အာဟာရတို့မပျောက်ပျက်ဘဲ သိမ်းဆည်းထားနိုင်ပါတယ်။

၂။ နို့မှုန့်

ကျန်းမာရေးအဆင့်သတ်မှတ်ချက်တွေနဲ့ သင့်တော်ကိုက်ညီမှုရှိစွာ ထုတ်လုပ်ထားသည့် နို့မှုန့်တွေကလည်း အာဟာရမပျောက်ဘဲ အချိန်ကြာကြာသိမ်းဆည်းထားနိုင်ပါတယ်။

၃။ ပဲငံပြာရည်

ပဲငံပြာရည်တွေဟာ ပုလင်းဖွင့်ပြီးသွားတာတောင်မှ အနည်းဆုံး ၃ နှစ်ကြာအောင် လုံလုံခြုံခြုံသိမ်းထားနိုင်ပါတယ်။ သေချာအလုံသိမ်းမယ်ဆိုရင် သက်တမ်းပိုပြီးကြာနိုင်ပေမယ့်လည်း အမျိုးအစားပေါ်မူတည်ပြီး ပြောင်းလဲသွားနိုင်ပါတယ်။

၄။ မေပယ်သကာရည်

ပါကင်မဖွင့်ရသေးတဲ့ မေပယ်သကာရည်ပုလင်းဟာ အချိန်အတိုင်းအတာမရှိ သိမ်းထားနိုင်ပြီး ဖွင့်ပြီးတာတောင်မှလည်း ရေခဲသေတ္တာထဲထည့်မယ်ဆိုရင် နှစ်ပေါင်းများစွာကြာသည့်တိုင်း အသုံးပြုနိုင်မှာပါ။

၅။ ဗိုလ်စားပဲခြောက်များ

သုတေသီများဟာ ဗိုလ်စားပဲခြောက်တွေကို နှစ်ပေါင်းသုံးဆယ်ကြာအောင် သိမ်းဆည်းထားပြီး စမ်းသပ်ပြီးနောက်မှာ ပုံစံအသွင်အပြင်ပြောင်းသွားသော်လည်း အရေးကြီးတဲ့အချိန်တွေမှာ အသုံးပြုနိုင်သေးနေတာကို တွေ့ရှိခဲ့ပါတယ်။ အရှင်းပြောရရင်တော့ ဗိုလ်စားပဲခြောက်များသည်လည်း အခြားပဲများလိုပင် နှစ်ပေါင်းသုံးဆယ်ကြာ သိမ်းပြီးအသုံးပြုနိုင်ပါတယ်။

၆။ ဆား

ကုန်ပစ္စည်းတစ်ခုမဟုတ်ဘဲ သတ္တုဓာတ်ဖြစ်သည့် ဆားဟာ ဘယ်လိုမှမပျက်စီးနိုင်ပါဘူး။ ဒါပေမယ့်လည်း သတ္တုဓာတ်က ရေကိုအလျှင်အမြန်စုပ်ယူနိုင်လို့ အချိန်ကြာသည့်အခါ အတုံးအခဲကြီးဖြစ်သွားနိုင်ပါတယ်။

၇။ အရက်ပြင်းပြင်းများ

ဗော့ဒ်ကာ၊ ဝီစကီ၊ ရမ် တို့လို့ အရက်တွေဟာ သက်တမ်းကုန်ဆုံးရက်မရှိပေမယ့် သေသေချာချာအဖုံးပိတ်ပြီး အေးမြမှောင်မိုက်တဲ့ နေရာတွေမှာ သိမ်းထားဖို့ အလွန်အရေးကြီးပါတယ်။

၈။ ရှာလကာရည်

ရှာလကာရည်အဖြူကလည်း သက်တမ်းကုန်ဆုံးရက်မရှိတဲ့ နောက်ထပ်ကုန်ပစ္စည်းတစ်ခုဖြစ်ပေမယ့်လည်း သင့်တင့်မျှတတဲ့အခြေအနေတွေမှာ သေချာသိမ်းထားဖို့လိုပါတယ်။ ရှာလကာရည်ကို အချိန်ကြာကြာသိမ်းလိုပါက လေလုံတဲ့ဘူးထဲထည့်၊ အပူမရှိသည့် အေးမြမှောင်မိုက်တဲ့နေရာမှာ သိမ်းထားနိုင်ပါတယ်။

၉။ သကြား

ဆားလိုပဲ သကြားသည်လည်း အချိန်အကြာကြီးသိမ်းဆည်းထားနိုင်ပါတယ်။ အထူးသဖြင့် လေလုံတဲ့ဘူးထဲထည့်ထားရင်ပေါ့နော်။ သို့သော် လေထဲမှရေဓာတ်ကိုစုပ်ယူပြီး အတုံးအခဲအသွင်ပြောင်းသွားနိုင်ပေမယ့်လည်း အရည်အသွေးတော့လျော့မသွားပါဘူး။

၁၀။ ပျားရည်

ပျားရည်တွေဟာ သူ့ရဲ့ဓာတုဓာတ်ပေါင်းဖွဲ့ခြင်း ပါဝင်မှုကြောင့် ဘတ်တီးရီးယားပေါက်ဖွားဖို့ အလွန်ခက်ခဲစေကာ အချိန်အကြာကြီး သိမ်းထားနိုင်ပါတယ်။ လေ၊ ရေတို့နှင့် ထိတွေ့မှုမရှိဘဲ အလုံပိတ်သိမ်းထားမယ်ဆိုရင် ပျက်စီးသွားမှာမဟုတ်ပါဘူး။