ကိုယ်ဝန်ဆောင်ချိန်မှာ မစားသင့်တဲ့အသီးအနှံ ၁၀ မျိုး


ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ သာမန်အချိန်ထက်စာရင် ကိုယ်ဝန်ဆောင်နေချိန်မှာ နှစ်ဆပိုမိုစားသုံးရပြီး ဂရုစိုက်ရပါသေးတယ်။ ထိုအချိန်မှာ ဟော်မုန်းအပြောင်းအလဲလည်း များပြီး စိတ်ဖိစီးမှုကိုလည်း ခံစားရတတ်ပါတယ်။

ဒါ့အပြင် အစားအသောက်လည်း လက်လွတ်စပယ်မစားသင့်ဘဲ ဆင်ခြင်ရပါသေးတယ်။ ဒါ့ကြောင့် ဒီတစ်ခါမှာ ဝေမျှပေးချင်တာကတော့ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးကိုပါ ကျန်းမာစေချင်တယ်ဆိုရင်တော့ ရှောင်ရှားရမယ့် အသီးအနှံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

နာနတ်သီး

နာနတ်သီးစားပေးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

နာနတ်သီးထဲမှာပါဝင်တဲ့ Bromelain ဆိုသော အင်ဇိုင်းဓာတ်တစ်မျိုးက သားအိမ်နံရံကို ပျော့သွားစေပြီး သားအိမ်ကိုကျုံ့သွားစေပြီး သွေးဆင်းတတ်ပါတယ်။

စပျစ်သီး

စပျစ်သီးအစိမ်းရော၊ အမဲရော မစားသင့်တဲ့အပြင် စပျစ်ဝိုင်တွေလည်း မသောက်သုံးသင့်ပါဘူး။ စားသုံးမိတဲ့အခါ အစာချေစနစ်ကို ခက်ခဲစေပြီး ဝမ်းလျှောခြင်းနဲ့ အော့အန်ခြင်းကို ဖြစ်စေပါတယ်။

မန်ကျည်းသီး

မန်ကျည်းသီးမှာ ဗီတာမင် စီ ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အတွက်ကြောင့် ကိုယ်ဝန်ဆောင်မိခင်များ စားသုံးမိမယ်ဆိုရင် သတ်မှတ်ရက်ထက် စောစီးစွာမွေးဖွားတဲ့အတွက်ကြောင့် ကလေးငယ်များ ပေါင်မပြည့်ဘဲ မွေးဖွားတတ်ပါတယ်။

သင်္ဘောသီး

သင်္ဘောသီးမှည့်ပဲဖြစ်ဖြစ်၊ မမှည့်တဲ့သင်္ဘောသီးပဲဖြစ်ဖြစ် စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ သားအိမ်ကျုံ့ ခြင်း၊ သွေးဆင်းခြင်း၊ ဒီထက်ဆိုးရွားပါက ကိုယ်ဝန်ပျက်ကျတတ်ပါတယ်။

ငှက်ပျောသီး

ကိုယ်ဝန်ဆောင်ချိန်မှာ ငှက်ပျောသီးစားသုံးမိမယ်ဆိုရင် ကိုယ်အပူချိန် မြင့်မားတတ်ပြီး အရေပြားယားယံခြင်းကို ခံစားရတတ်ပါတယ်။

ဖရဲသီး

သန္ဓေသားကို ထိခိုက်စေနိုင်တာကြောင့် ဖရဲသီးကလည်း မစားသုံးသင့်တဲ့အသီးထဲမှာ ပါဝင်ပါတယ်။

နှမ်းစေ့

နှမ်းစေ့များကလည်း သားအိမ်ကိုကျုံ့စေပြီး ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်။

စွန်ပလွံသီး

Dates

စွန်ပလွံသီးက ဗီတာမင်နဲ့ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပေမယ့်လည်း ကိုယ်ဝန်ဆောင်တွေအတွက်ကတော့ ဘေးဖြစ်စေပါတယ်။ စားသုံးမိမယ်ဆိုရင်တော့ သားအိမ်ကြွက်သားများကို မတည်မငြိမ်ဖြစ်စေပြီး နာကျင်စေမှာပါ။

အအေးခံထားသော ဘယ်ရီသီးများ

Photo Source: www.joe.ie

အအေးခံထားတဲ့ဘယ်ရီသီးများမှာ အာဟာရဓာတ်များခမ်းခြောက်သွားတာကြောင့် ကိုယ်ဝန်ဆောင်မိခင်အတွက်ရော ကလေးလေးအတွက်ပါ အဆိပ်အတောက်ဖြစ်စေပါတယ်။

စည်သွပ်ဘူးထဲက ခရမ်းချဉ်သီးများ

Photo Source: www.chfi.com

စည်သွပ်ဘူးထဲက အစားအစာတွေအကုန်လုံးကို ရှောင်ကြဉ်သင့်ပါတယ်။ သူတို့ထဲမှာ တာရှည်ခံတဲ့ ဓာတုဆေးဝါးများ ပါဝင်နေလို့ပါပဲ။

Source: parenting.firstcry.com

2019-01-03T12:20:08+00:00January 2nd, 2019|Health, Knowledge, အသီး - Fruits|
error: Alert: Copyright © 2019. MyFood Myanmar