ကိုယ့်အိမ်မှာစိုက်ထားတဲ့ Organic စိုက်ခင်းတွေ၊ ပန်းပင်တွေအတွက် မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ သဘာ၀ ပိုးသတ်ဆေးလုပ်နည်းကို ပြောပြချင်ပါတယ်။

4

တမာရွက်

တမာရွက်က ရှေးခေတ်က အိန္ဒိယနိုင်ငံသားတွေ စိုက်ပျိုးရေးမှာ ပိုးမွှားတွေ နှိမ်နှင်းဖို့ အဓိက သုံးကြပါတယ်။ တမာရွက်က ပိုးမွှားတွေ နှိမ်နှင်းဖို့ အစွမ်းထက်ဆုံး သဘာ၀ ပိုးသတ်ဆေးဖြစ်ပါတယ်။ အင်းဆက်ပေါင်း အမျိုး ၅၀လောက်ကို နှိမ်နှင်းပေးနိုင်ပါတယ်။

တမာရွက် အဆီ ဝ.၅ အောင်စ ကို အားပျော့တဲ့ သဘာဝကနေ ထုတ်လုပ်ထားတဲ့ ဆပ်ပြာ လက်ဘက်ရည်ဇွန်းတစ်ဝက်နဲ့ ရောလိုက်ပါ။ ရေ ၂ လီတာ ကျော်လောက်နဲ့ စပ်ပြီး ပိုးမွှားတွေ ရှိရာကိုရေဖြန်းတဲ့ ဗူးထဲထည့်ပြီး ဖြည်းဖြည်းချင်း ဖြန်းပေးပါ။

ဆားရည်

ကိုယ့်အခင်းထဲ ၊ကိုယ့်ပန်းရုံထဲကို အင်းဆက်ပိုးမွှားတွေ ဝင်ရောက်နေပြီဆိုရင် ဆား စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေ တစ်ဂါလံနဲ့ စပ်ပြီး ဖြန်ပေးလိုက်ပါ။

ဆီ

အရည်အသွေးမြင့် စားသုံးဆီ ၁၀ ကနေ ၃၀ ml လောက်ကို ရေတစ်လီတာနဲ့ စပ်လိုက်ပါ။ အဲ့နောက် ရေဖြန်းလို့ရတဲ့ ဗူးထဲထည့်ပြီး အင်းဆက်ပိုးမွှားတွေကို ဖြန်းလိုက်ပါ။ သူတို့ရဲ့ ဥတွေပါ သေစေနိုင်စွမ်းရှိပါတယ်။

ကြက်သွန်နီ နဲ့ ကြက်သွန်ဖြူ

ကြက်သွန်ဖြူ ၁လုံးကို ကြက်သွန်နီ အလယ်အလတ် ၁လုံးနဲ့ အတူ ကြိတ်လိုက်ပါ။ ရေ ၁ လီတာ နဲ့ ရောပြီးနောက် တစ်နာရီလောက်ထားလိုက်ပါ။ ငရုတ်သီးမှုန့် လဘက်ရည်ဇွန်း ၁ ဇွန်းရယ်၊ ဆပ်ပြာရည် စားပွဲတင်ဇွန်းတစ်ဇွန်းရယ်ကို ထည့်ပါ။ အဲ့နောက် အပင်တွေကို ဖြန်းလို့ရပါတယ်။ အဲ့ဒီ ရောနှောထားတဲ့ အရည်ကို ရေခဲသေတ္တာထဲမှာထည့်ထားရင် ၁ ပတ်လောက် ဖြန်းလို့ရပါတယ်။