ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ကမ္ဘာ့အဆိပ်အပြင်းဆုံးမှို(၁၀)မျိုး

August 8, 2016

ကမ္ဘာ့အဆိပ်အပြင်းဆုံးမှို(၁၀)မျိုး

Share this on:

ဟာသလေးတစ်ခုထဲမှာ ဖတ်ဖူးတယ်။ သမီးဖြစ်သူက အမေ့ကို မေးတယ်။ မေမေ မှိုတိုင်း စားလို့ရ
သလား-တဲ့။ အမေဖြစ်သူက ပြန်ဖြေတယ်။ မှိုတိုင်း စားလို့ရပါတယ် သမီး၊ ဒါပေမယ့် တစ်ချို့မှိုတွေက
တစ်ကြိမ်တည်းပဲ စားလို့ရတာ-တဲ့။ ဒါကြောင့်မို့ ကမ္ဘာပေါ်မှာ စားလို့ရတဲ့ မှိုက နည်းပါတယ်။ စားတာနဲ့
သေစေနိုင်တဲ့ မှိုတွေကတော့ ဒုနဲ့ဒေးပါဘဲ။ အခု ShweMOM ပရိသတ်ကြီးအတွက် ကမ္ဘာ့အဆိပ်အပြင်း
ဆုံး မှို (10) မျိုးကို ဗဟုသုအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

1. Death Cap (Amanita phalloides)

10

သေမင်းဦးထုပ်လို့ တိုက်ရိုက်ဘာသာပြန်လို့ရတဲ့ Death Cap မှိုကတော့ ဥရောပတစ်ခွင်မှာ အတော်
ပေါပါတယ်။ ၀ါကျင်ကျင် ညိုတိုတိုနဲ့ အပွင့်အခြေမှာ အိမ်ဟောင်းအခွံလေးရှိတတ်ပါတယ်။ စားမိရင်
အသဲနဲ့ ကျောက်ကပ်ကို အချိန်ပိုင်းအတွင်း ထိခိုက်စေပြီး ချက်ချင်း သေစေနိုင်ပါတယ်။

2. The Destroying Angels

1

ဖျက်ဆီးရေးနတ်မိမယ်လို့ အမည်ပေးထားတဲ့ The Destroying Angels ကတော့ အာရှတိုက်၊ အမေရိ
ကအလယ်ပိုင်း တောင်အာဖရိကတို့မှာ ပေါက်ရောက်လေ့ရှိပါတယ်။ စားမိတာနဲ့ သေစေနိုင်ပါတယ်။
အခြားလက္ခဏာရပ်တွေကတော့ ကြွက်တက်ခြင်း၊ ကယောင်ခြောက်ခြားဖြစ်ခြင်း၊ တက်ခြင်း၊ ပျို့အန်ခြင်း၊
ဝမ်းလျှောခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။

3. False Morel (Gyromitra esculenta)

2

လူ့ဦးနှောက်နဲ့ ပုံစံချင်း ဆင်တူတဲ့ False Morel မှိုကိုတော့ စကင်ဒီနေဗီယား၊ ဥရောပအရှေ့ပိုင်းနဲ့ အမေရိ
ကတိုက်မြောက်ပိုင်းတို့မှာ နွေဦးရာသီအချိန်မျိုးမှာ တွေ့ရလေ့ရှိပါတယ်။ စားလိုက်မိတာနဲ့ အသဲ၊ အာရုံကြော
တွေရဲ့ အလုပ်တွေ ပုံမှန်မဟုတ်တော့ဘဲ တစ်ခါတရံ ကျောက်ကပ် ပျက်စီးစေတဲ့အထိ အဆိပ်ပြင်းပါတယ်။
ပျို့ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ဝေဒနာတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။

4. Autumn Skullcap (Galerina Marginata)

3

မြန်မာနိုင်ငံမှာ တွေ့ရလေ့ရှိတဲ့ အညိုရောင် Autumn Skullcap မှိုဟာလည်း အဆိပ်ပြင်းတဲ့ မှိုတစ်မျိုး ဖြစ်
ပါတယ်။ အာတိတ်နဲ့ သြစတေးလျ မှာလည်း တွေ့ရနိုင်ပါတယ်။ စားလိုက်မိတာနဲ့ အသဲနဲ့ သွေးလည်ပတ်
မှုကို အနှောက်အယှက်ပေးနိုင်သလို သေစေနိုင်တဲ့အထိ အဆိပ်ပြင်းပါတယ်။

5. Deadly Webcap (Cortinarius Rubellus)

4

အညိုညစ်ညစ်အရောင် သို့မဟုတ် ကြေးနီရောင် Deadly Webcap မှိုဟာ အပူပိုင်းမုတ်သုန်တောတွေနဲ့
အမြဲစိမ်းတောတွေမှာ ပေါက်ရောက်တတ်ပါတယ်။ မှိုရဲ့ အစိပ်အပိုင်း နည်းနည်းကိုသာ စားမိတာနဲ့ အဆိပ်
က သက်ရောက်မှုရှိပါတယ်။ ထူးခြားချက်က အဆိပ်တက်မှု လက္ခဏာရပ်ဟာ တစ်ခါတလေ မှိုကို စားမိပြီး
လို့ ရက်တော်တော်ကြာမှ လက္ခဏာပြတာမျိုး ရှိတတ်ပါတယ်။ မူးခြင်း၊ အော့အန်ခြင်း၊ ဖျားနာခြင်း-တို့ ဖြစ်
စေနိုင်ပါတယ်။

6. Conocybe Filaris

5

မြန်မာနိုင်ငံနဲ့ အခြားအိမ်နီးနားချင်း နိုင်ငံတွေမှာ အတွေ့ရများတဲ့ Conocybe Filaris မှိုဟာ အဆိပ်ပြင်း
တဲ့ မှိုတစ်မျိုး ဖြစ်ပါတယ်။ မြန်မာတွေကတော့ မှိုခြေကျင်းလို့ အလွယ်ခေါ်ကြတာပါ။ အမေရိကန် အနောက်
မြောက်ပိုင်းမှာလည်း တွေ့ရတတ်ပါတယ်။ စားမိတာနဲ့ ပြင်လို့မရတဲ့ အသဲ ပျက်ဆီးမှုကို ဖြစ်စေကာ အသက်
ကိုပါ သေစေနိုင်ပါတယ်။

7. Podostroma Cornu-damae

6

မုန်လာဥအနီနဲ့ အနည်းငယ် ဆင်တူတဲ့ Podostroma Cornu-damae မှိုကိုတော့ ဂျပန်နိုင်ငံရဲ့ တောအုပ်
တွေမှာ ပေါက်ရောက်တတ်ပါတယ်။ စားမိတာနဲ့ အလွန်မသက်မသာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ပြီး
အသက်ကိုပင် သေစေနိုင်ပါတယ်။

8. Deadly Dapperling (Lepiota sp. )

7

ဥရောပနဲ့ မြောက်အမေရိက တစ်ခွင်မှာ တွေ့ရတတ်တဲ့ Deadly Dapperling မှိုဟာ စားမိတာနဲ့ 80-90%
သေစေနိုင်တယ်လို့ ဆိုပါတယ်။ အသဲကို လုံးဝပျက်ဆီးစေပြီး စားမိတဲ့ ခဏမှာ အသက်ရှုချက်ချင်းရပ်ကာ
သေဆုံး စေနိုင်ပါတယ်။

9. Angel Wing (Pleurocybella porrigens)

8

နတ်သမီးတောင်ပံလို့ နာမည်လှလှလေး ပေးထားတဲ့ Angel Wing ဆိုတဲ့ မှိုကို Hemisphere မြောက်ပိုင်း
ဝင်ရိုးစွန်းဒေသတွေမှာ အတွေ့ရများပါတယ်။ စွတ်စွတ်ဖြူပြီး အရမ်းချစ်ဖို့ ကောင်းသလို သစ်ပင်ကြီးတွေ၊
တံတိုင်းတွေကို ကပ်ပြီး ပေါက်ရောက်လေ့ရှိပါတယ်။ ဒါပေမယ့် အဆိပ်ကတော့ ပြင်းလှပြီး စားမိသူ 60%
ဟာ နေမကောင်း၊ ဖျားနာ ဖြစ်ကြပြီး၊ 17% ဟာ သေဆုံးနိုင်ပါတယ်။

10. Fly Agaric (Amanita muscaria)

9

အလွန်လှပတဲ့ Fly Agaric မှိုရဲ့ ပုံစံက ရိုးတံဖြူဖြူမှာ မှိုပွင့်ဟာ ကြေးနီရောင်တောက်တောက်ရှိပြီး အဖြူ
ရောင်အပျောက်ကလေးတွေနဲ့မို့ မျက်စိထဲမှာ ချစ်စဖွယ်လေး ဖြစ်ပါတယ်။ Hemisphere မြောက်ပိုင်းမှာ
တွေ့ရလေ့ရှိပြီး အဆိပ်ပြင်းပါတယ်။ စားမိတာနဲ့ သေစေနိုင်သလို နေမကောင်း ဖျားနာ အော့အန်-စတဲ့
ရောဂါလက္ခဏာတွေကိုလည်း ပေးနိုင်ပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

5 (2 Votes)