ကျောက်ကပ်ဟာ လူ့ခန္ဓာကိုယ်မှာ အရေးကြီးတဲ့ ကိုယ်တွင်း အင်္ဂါတစ်ခုဖြစ်ပါတယ်။ သူဟာ သွေးတွေ၊ စွန့်ပစ်ပစ္စည်းတွေထဲက အဆိပ်အတောက် တွေကို သန့်စင်ပေးကာ အဆိပ်တွေကို ဆီးအဖြစ်နဲ့ ပြန်လည် စွန့်ပစ်ပေးပါတယ်။

တခါတလေ အဆိပ်အတောက်တွေ အနည်ကျတာများလာတာ အဟာရ မညီညွတ်တာ စတာတွေကြောင့် ကျောက်ကပ်မှာ ကျောက်တွေ တည်လာတတ်ပါတယ်။

ကျောက်ကပ်ထဲမှာ ကျောက်တွေများလာရင်ကြီးလာရင် သူ့လုပ်ငန်းဆောင်တာကို မလုပ်ဆောင်နိုင်တော့ဘဲ တခါတလေ ကိုက်ခဲလာပြီးဆီးတောင် သွားလို့မရတော့ပါဘူး။အဲ့လို ကျောက်ကပ် ကျောက်တည်တာတွေကို သက်သာ ပျောက်ကင်းစေမယ့် သဘာ၀ ဆေးနည်းကို ဝေမျှချင်ပါတယ်။

သံပုယိုသီး၊ သံလွင်ဆီ နဲ့ ပန်းသီး ရှာလကာရည်

သံလွင်ဆီ ၂ အောင်စကို သံပုယိုသီး အရည် ၂ အောင်စနဲ့ ရောပြီး သောက်လိုက်ပါ။ အဲ့နောက်မှာ ရေသန့် ၁၂ အောင်စကို လိုက်သောက်ပါ။ သောက်ပြီး မိနစ် ၃၀ အကြာမှာ သံပုယိုသီး တစ်ဝက်ကို ရေ ၁၂ အောင်စနဲ့ ရောကာ ပန်းသီး ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ သောက်လိုက်ပါ။ ဒုတိယအဆင့်ဖြစ်တဲ့ သံပုယိုသီး၊ ပန်းသီးရှာလကာရည်နဲ့ ရေတို့ကို ထပ်ခါထပ်ခါသောက်လို့ရပါတယ်။

2

Dandelion အမြစ်

ကနေဒါနိုင်ငံကထွက်တဲ့ Dandelion အမြစ်က ကျောက်ကပ် ကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်။သူက ကျောက်ကပ်ထဲကို ပိုးဝင်တာ၊ ကျောက်တည်တာတွေကို လျော့နည်း သက်သာစေပါတယ်။ တစ်နေ့ကို Dandelion အမြစ် 500 mg လောက် ချက်ပြုတ်စားပေးပါ။

3

ပင်စိမ်းရွက်

ပင်စိမ်းရွက်ဟာ ကျောက်ကပ်ကို အားကောင်းစေပြီး သတ္တုဓာတ်တွေ နဲ့ ယူရစ် အက်ဆစ်တွေ ပါဝင်ပါတယ်။ သင့် ကျောက်ကပ်မှာ ကျောက်တွေ ရှိနေရင် ပင်စိမ်းရွက်အရည်ကို လက်ဘက်ရည်ဇွန်း ၁ ဇွန်းစာကို ပျားရည်နဲ့ ရောပြီး ၆ လလောက် နေ့စဉ် သောက်ကြည့်ပါ။ ကျောက်တွေက ကြေပြီး ဆီးလမ်းကြောင်းကနေတစ်ဆင့် အပြင်ရောက်သွားပါလိမ့်မယ်။

6

တရုတ်နံနံ

တရုတ်နံနံနဲ့ တရုတ်နံနံ အစေ့တွေက ကျောက်ကပ် ကျန်းမာရေးအတွက် အထူးသင့်လျော်ပါတယ်။ အဲ့ဒါကြောင့် တရုတ်နံနံနဲ့ တရုတ်နံနံစေ့တွေကို ဟင်းချက်တဲ့နေရာမှာဘဲဖြစ်ဖြစ် ရေနွေးကြမ်းသောက်တဲ့နေရာမှာ ထည့်သွင်း သောက်သုံးသင့်ပါတယ်။

45

စားနေကျအစားအစာတွေကို ပြောင်းလဲလိုက်ပါ

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေက ကျောက်ကပ်မှာ ကျောက်တည်တာတွေ ဖြစ်စေပါတယ်။ ဆိုဒါအရည်တွေသောက်တာ၊ ခွန်အားဖြည့် အချိုရည်တွေသောက်သုံးတာတွေကို လျော့သင့်ပါတယ်။ အသင့်စားအစားအစာတွေနဲ့ အရက်သေစာတွေကို ရှောင်ရှားသင့်ပါတယ်။ အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေ ပိုစားသင့်ပါတယ်။