ရေခဲတုံးထဲမှာ အရသာရှိတဲ့ သစ်သီးလေးထဲ ထည့်မြုပ်ထားချင်ပါသလား (သို့) ထည့်မြုပ်ဖူးပါသလား။ ရေခဲတုံးထဲ သစ်သီးထည့်မြုပ်ထားတဲ့ နည်းလမ်းလေးကို လူနည်းစုလောက်သာ စမ်းသပ်ကြည့်ဖူးကြတာပါ။ ရိုးရိုးရေသောက်တဲ့အခါ ထိုရေခဲတုံးသစ်သီးထည့်ဖျော်သောက်ရင်တောင် အရသာတော်တော်ရှိပါတယ်။ သစ်သီးဖျော်ရည်ဖျော်သောက်ရင်တော့ လျှာလည်သွားမှာ မယုံမရှိပါနဲ့။ စာဖတ်သူ Foodies လေးတွေ တစ်ခါမှ မစမ်းကြည့်ဖူးဘူးဆိုရင် အခုက စပြီး ဒီနည်းလမ်းတွေကို စမ်းကြည့်သင့်ကြောင်း တိုက်တွန်းချင်ပါတယ်။

ကဲ… ဘယ်လိုနည်းလမ်းတွေနဲ့ ရေခဲတုံးကို အရသာရှိအောင် ဖန်တီးမလဲဆိုတာ ကြည့်လိုက်ရအောင်။

ကော်ဖီတုံး

ဖျော်ထားတဲ့ ကော်ဖီတွေ သောက်လို့ မကုန်ဘူးဆိုရင် မလွှင့်ပစ်လိုက်ပါနဲ့။ ရေခဲတုံးပုံစံခွက်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ အအေးခံထားလိုက်ပါ။ ရလာတဲ့ ကော်ဖီတုံးကို ဒီအတိုင်းစားလို့လည်း ရသလို ကော့တေးဖျော်သောက်တဲ့အခါမှာလည်း ကော်ဖီတုံး စိမ်သောက်လို့ရပါတယ်။

ဝိုင်ရေခဲတုံး

ဝိုင်ပုလင်းထဲမှာ အကပ်အသတ် ဝိုင်တွေ ကျန်ရှိနေမယ်ဆိုရင် ရေခဲတုံးခွက်ထဲ ထည့်ထားလိုက်ပါ။

ဒိန်ချဉ်

ဒိန်ချဉ်ကို ရေခဲတုံးခွက်ထဲထည့်ပြီး အအေးခံလိုက်ပါ။ အအေးသောက်တဲ့အခါ ၊Smoothies ဖျော်သောက်တဲ့အခါ ဒိန်ချဉ်တုံးများနဲ့ ထည့်သောက်လိုက်ပါ။

သစ်သီးအနှစ်နဲ့ ပြုလုပ်ထားတဲ့ ရေခဲတုံးများ

သစ်သီးများကို အနှစ်များ ရအောင် ကြိတ်ချေပြီးနောက် ရေခဲတုံးပုံစံခွက်ထဲ ထည့်ထားလိုက်ပါ။ အချိုပွဲအတွက် ဘာသုံးဆောင်ရမလဲ မသိရင် သစ်သီးရေခဲတုံးက အလွယ်ကူဆုံးနဲ့ အရသာအရှိဆုံးဖြစ်မှာပါ။

ဖရဲသီး

တကယ်တော့ ဖရဲသီးရေခဲတုံးပြုလုပ်ဖို့အတွက်ဆိုရင် ပုံစံခွက်လေးတောင် မလိုပါဘူး။ ဖရဲသီးတွေကို အတုံးခပ်သေးသေးတုံးပြီး အေးခဲနေအောင် အအေးခံထားလိုက်ရုံပါပဲ။

ပန်းပွင့်ရေခဲတုံး

ကိုယ့်ချစ်သူအတွက် ရိုမန့်တစ်ဆန်တဲ့ ညနေခင်းလေးကို ဖန်တီးပေးချင်တယ်ဆိုရင် ရေခဲတုံးပုံစံခွက်ထဲကို ပန်းပွင့်လေးထည့်ပြီး ရေအနည်းငယ်ထည့်ကာ အအေးခံလိုက်ရုံပါပဲ။ ရိုဆန်တဲ့ ညနေခင်းလေးကို ပိုင်ဆိုင်နိုင်ပါပြီ။

စတော်ဘယ်ရီ ချောကလက်တုံး

စတော်ဘယ်ရီတစ်လုံးကို ၂ စိတ်၊ ၃ စိတ်လောက် လှီးဖြတ်ပြီး ပုံစံခွက်ထဲထည့်ထားပါ။ ပြီးရင် ချောကလက်ရည်တွေ လောင်းချပြီး အအေးခံထားလိုက်ပါ။ အရသာရှိတဲ့ စတော်ဘယ်ရီ ချောကလက်လေးက ဘာနဲ့မှ မလဲနိုင်တဲ့ နတ်သုဒ္ဓါလိုပါပဲ။

ရှားစောင်းလက်ပတ်တုံး

အလှအပနှစ်သက်တဲ့ ပျိုမေတွေအတွက် ရှားစောင်းလက်ပတ်တုံးက အသားအရေထိန်းသိမ်းဖို့အတွက် အသုံးဝင်မှာပဲဖြစ်ပါတယ်။

ရေခဲမုန့်

ရေခဲမုန့်ကို ရေခဲတုံးခွက်ထဲ ထည့်ပြီး အအေးခံထားလိုက်မယ်ဆိုရင် Milkshakes ဖျော်သောက်တဲ့အခါ အရသာပိုကောင်းမှ အသေအချာပါပဲ။

အလွှာပေါင်းစုံနဲ့ လှပနေတဲ့ သစ်သီး ရေခဲတုံး

ဒီနည်းလမ်းတွေကို တစ်ရက်တစ်မျိုး စမ်းကြည့်ရင်တောင် မတူညီတဲ့အရသာတွေကို ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။

Source: Brightside.me