ကျန်းမာရေး - Health

အသားအရေကို ကြည်လင်လှပစေမယ့် အသီးအနှံများ

June 16, 2017

အသားအရေကို ကြည်လင်လှပစေမယ့် အသီးအနှံများ


Share this on:

အသားအရေ မလှရင် ဘယ်လောက်ဘဲ မိတ်ကပ်တွေ နဲ့ ဖုံးဖုံး ပြင်ပြင် ကိုယ်စိတ်တိုင်းကျ လှပမှုကို ခံစားရမှာ မဟုတ်ပါဘူး။ ဒါကြောင့် အသားအရေ လှပဖို့ကလည်း အရေးကြီးပြန်ပါတယ်။

အသားအရေကို ကြည်လင်လှပစေမယ့် အသီးအများအကြောင်းကို တင်ဆက်ပေးချင်ပါတယ်။

2232455-blueberries-650-fda65b8177-1484652118

ဘလူးဘယ်ရီ

ဘလူးဘယ်ရီအသီးက အသားအရေအတွက် အကျိုးအများကြီးရှိတဲ့ အသီးဖြစ်ပါတယ်။ သူတို့မှာ antioxidnats ဓာတ်တွေ အများကြီးပါဝင်ပြီး အမျှင်ဓာတ်တွေ ကြွယ်ဝကာ ဗီတာမင် အေ နဲ့ စီတို့လည်း ပါဝင်ပါတယ်။

2232805-apples-650-0b13277a03-1484652118

ပန်းသီး

ပန်းသီးကလည်း အသားအရေ လှပဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ငယ်ရွယ်တဲ့ အသားအရေ ပိုင်ရှင်တွေဆိုရင် အနီရောင် ပန်းသီးကို ရွေးချယ်သင့်ပါတယ်။ သူတို့မှာ collagen ဓာတ် တွေ အများကြီးပါဝင်တာကြောင့် အသက်အရွယ်ကြီးမြင့်လာရင်ဖြစ်တေတ်တဲ့ အသားအရေ တွဲမှုတွေကိုလည်း ကာကွယ်နိုင်ပါတယ်။

2232655-watermelon-650-138da44718-1484652118

ဖရဲသီး

နွေရာသီဆိုရင်တော့ ဖရဲသီးကတော့ စားမလောက်ပါဘဲ။ သူ့မှာ သဘာဝ အချိုဓာတ်ပါဝင်တဲ့အပြင် အသီးတစ်ခုလုံးရဲ့ ၉၀ ရာခိုင်နှုန်းက ရေဓာတ်နဲ့ ဖွဲ့စည်းထားပါတယ်။ ဒါကြောင့် အသားအရေ ခြောက်ခမ်းတာတွေကို ကူညီပေးနိုင်ပါတယ်။

2232505-bananas-650-3fae3b89d7-1484652118

ငှက်ပျောသီး

ငှက်ပျောသီးက ပိုတက်ဆီယမ် ဓာတ်တွေ အများကြီးပါဝင်တဲ့ အစားအစာဖြစ်ပြီး ပိုတက်ဆီယမ်က အသားအရေ ရဲ့ စိုစွတ်မှု ကို ညီမျှအောင် ထိန်းသိမ်းပေးပါတယ်။ အသားအရေ ခမ်းခြောက်တာက ပိုတက်ဆီယမ် ဓာတ် မလုံလောက်လို့ ဖြစ်ကြတာပါ။ ဒါကြောင့် ငှက်ပျောသီးကို နေ့စဉ် စားသုံးပေးသင့်ပါတယ်။

2232605-pineapple-650-ffc1f8edfc-1484652118

နာနတ်သီး

နာနတ်သီးကို တချို့ လူမျိုးတွေက ဆေးဘက်ဝင်အပင်အဖြစ်တောင် သတ်မှတ်ကြပါတယ်။ သူ့မှာ bromelain ဆိုတဲ့ အမ်ဇိုင်းပါဝင်တာကြောင့် အသားအရေ ယောင်ယမ်းတာတွေ၊ ဖောင်းနေတာတွေကို သက်သာ ပျောက်ကင်းစေပါတယ်။

2232855-kiwi-650-da4f7e32e0-1484652118

ကီဝီသီး

ကီဝီသီးတွေမှာ အသားအရေ စိုပြေ လှပဖို့အတွက် အဓိကကျတဲ့ ဗီတာမင်စီ ဓာတ်တွေ အများကြီးပါဝင်ပါတယ်။

14676560-47489410-321834-0-1497358316-1497358919-1410-1-1497358919-650-0291fddec8-1497359092

အာလူး

ချိုင်းအသားအရေ မည်းနေလို့ စိတ်ညစ်နေတဲ့ ပျိုမေလေးတွေအတွက်လည်း အာလူးက ကူညီပေးပါလိမ့်မယ်။ အာလူးကို ပါးပါးလှီးပြီး မည်းနေတဲ့ ချိုင်းနေရာမှာ ၁၀ မိနစ်လောက် ကပ်လိုက်ပါ။ ပြီးရင် ခွာပြီး ရေနွေးပူပူနဲ့ ဆေးလိုက်ပါ။ အာလူးမှာ ပျော့တဲ့ အက်ဆက်အမျိုးအစားတွေ ပါဝင်တာကြောင့် အသားအရေမည်းနေတာတွေကို ပျောက်ကင်းအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

Review

User Rating

2 (1 Votes)