နွေရာသီလို့ ဆိုလိုက်တာနဲ့ ကမ်းခြေတစ်ခုခုမှာ စိတ်အေးလက်အေး အနားယူချင်တဲ့ စိတ်ဆန္ဒတွေက အရင်ရောက်လာတတ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ နိစ္စဒူ၀ လုပ်ငန်းတာဝန်တွေ ဆောင်ရွက်ရင်း ပျက်စီးစပြုနေတဲ့ ဂေဟစနစ်ရဲ့ အကျိုးသက်ရောက်မှုကြောင့် ပူပြင်းတဲ့ နေရောင်အောက်မှာပဲ အချိန်ကုန်ဆုံးကြပါတယ်။ သင်ဟာ ကျန်းမာရေးနဲ့ အညီ ပြုမူနေထိုင်တတ်သူဆိုရင်တော့ ဒီလို ရာသီဥတုမျိုးမှာ ဘယ်လို နေထိုင်ပြုမူပြီး ဘယ်လို အစားအစာတွေကို စားသုံးရမလဲဆိုတာ တွေးနေမှာ မလွဲပါဘူး။

“နွေရာသီမှာ အပြင်ထွက်တဲ့ အခါ ရေဓာတ်ဆုံးရှုံးမှုတွေ၊ အသားအရေ ပျက်စီးမှုတွေနဲ့ ဗီတာမင်လိုအပ်ချက်တွေ အကြောင်းကို သိထားသင့်ပါတယ်။ ဒါတွေ အတွက် ရိုးရှင်းတဲ့ နည်းလမ်းကတော့ ရေသောက်ပါ။ လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေ သောက်ပါ။ Juices တွေ သောက်ပါလို့” အာဟာရ ကျွမ်းကျင် ပညာရှင်တွေက ပြောပါတယ်။

ခန္ဓာကိုယ်မှာ ရှိတဲ့ ရေဓာတ်ခန်းခြောက်ခြင်းဟာ ပူပြင်းတဲ့ ရာသီဥတုမှာ အဖြစ်အများဆုံး ဖြစ်ပါတယ်။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အားကစားတွေဟာ သာမာန်လူတွေထက် ပိုပြီး ရေဓာတ်ဆုံးရှုံးမှု ပိုမို လျင်မြန်လေ့ ရှိပါတယ်။ ချွေးထွက်များတဲ့ အတွက်ကြောင့် ရေပိုငတ်လွယ်ပြီး ပိုလည်း ပူအိုက်လွယ်ပါတယ်။ ဒါတွေကို ဘယ်လို ဖြေရှင်းကြမလဲ? အဖြေကတော့ “စားပါ” ဘာတွေကို စားရမလဲဆိုတော့ အပူဒဏ်ကို ခံနိုင်ပြီး ရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးနိုင်မယ့် အသီးအနှံတွေကို စားပေးပါ။ ကဲ…စားရမယ့် အသီးကတော့ ၁၁မျိုး ရှိပါတယ်။ ဒီရာသီမှာ ပေါ်တဲ့ အသီးအနှံတွေ ဖြစ်လို့ အလွယ်တကူ ဝယ်ယူရရှိနိုင်မှာပါ။

၁။ ဖရဲသီး

မိတ်ဆွေဟာ ရေငတ်နေမယ်ဆိုရင် စားဖို့ အသင့်တော်ဆုံးက ရေဓာတ်ပါဝင်မှု ၉၀% ရှိတဲ့ ဖရဲသီးပါ။ ဖရဲသီးဟာ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အံ့သြဖွယ်ကောင်းစွာနဲ့ အမြန်ဆုံး ပြန်ပြီး ဖြည့်တင်းပေးပါလိမ့်မယ်။ ဖရဲသီးဟာ အရည်ရွှမ်းတဲ့ အတွက် စားလိုက်တာနဲ့ အေးတဲ့ ခံစားချက်ကို ခံစားမိမှာ ဖြစ်သလို ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။ ဖရဲသီးမှာ lycopene ပါဝင်တဲ့ အတွက် ခရမ်းလွန်ရောင်ခြည်ကိုကြောင့် အသားအရေပျက်စီးမယ့် အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ Potassium ပါဝင်မှှုကြောင့် ပူပြင်းတဲ့ ရာသီမှာ အဖြစ်များတဲ့ သွေးဆောင့်တက်ခြင်းကိုလည်း ကောင်းကောင်းထိန်းပေးထားပါတယ်။ သူ့မှာ ဗီတာမင် A နဲ့ C ပါဝင်တဲ့ အတွက် ခုခံအားစနစ်ကိုပါ ကောင်းမွန်စေပြီး diet လုပ်နေသူတွေ အတွက်လည်း ကောင်းမွန်တဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။

၂။ ဘယ်ရီသီး

အရသာ ကောင်းမွန်မှု ရှိရုံသာမက ခန္ဒာကိုယ်အတွက် လိုအပ်တဲ့ antioxidant တွေကိုလည်း ပေးနိုင်စွမ်း ရှိပါတယ်။ ဘယ်ရီသီးဟာ အရေပြား ကျန်းမာရေး အတွက် အထူးကောင်းမွန်ပြီး ရေဆာပြေစေတဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လူတိုင်း စားသုံးခြင်း မရှိဘဲ တချို့ဆိုင်တွေမှာသာ ဝယ်ယူနိုင်ပါလိမ့်မယ်။

၃။ နာနတ်သီး

Benefits of Pineapple

နွေရာသီမှာ စားရမယ့် အသီးနောက်တစ်မျိုးကတော့ မြန်မာပြည်မှာ လွယ်လွယ်ကူကူ ရနိုင်မယ့် နာနတ်သီးပါ။ နာနတ်သီးမှာ Bromelain ပါဝင်နေတဲ့ အတွက် နေလောင်ခြင်းကြောင့် ဖြစ်လာမယ့် အသားအရေ နီမြန်းတာတွေကို ကာကွယ်ပေးပြီး ကူးစက်ပိုးတွေရဲ့ ရန်ကနေလည်း ကင်းဝေးစေပါတယ်။

၄။ သရက်သီး

Mango

နွေရာသီဟာ သရက်သီး ပေါ်တဲ့ ကာလပါ။ သရက်သီးကို ဖျော်ရည်လုပ်သောက်တာဖြစ်ဖြစ် ဒီအတိုင်းစားတာဖြစ်ဖြစ် လုပ်ပေးတာကလည်း ပူပြင်းတဲ့ ရာသီအတွက် အထောက်အပံ့ဖြစ်စေမယ့် အစားအစာပါပဲ။ သူ့မှာ ဗီတာမင် A၊ ဗီတာမင် C နဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးတဲ့ beta-carotene တို့ ပါဝင်ပါတယ်။ တစ်ခု သတိပြုရမှာက တန်ဆေး လွန်ဘေးပါ။ သရက်သီး အလွန်အကျွံ စားမိရင်လည်း ဝမ်းလျှောတာတို့ အပူကန်တာတို့ ဖြစ်တတ်တာကို သတိထားပါ။

၅။ ကီဝီသီး

ကီဝီသီး အစိမ်းရောင်နဲ့ အဝါရောင်တွေမှာ ဗီတာမင် C ပါဝင်မှုဟာ လိမ္မော်သီးထက် များတယ်ဆိုတာ သိပါသလား။ နွေရာသီအတွက် အာဟာရဖြစ်စေမယ့် အကောင်းဆုံး အသီးကို ရွေးပါဆိုရင် ကီဝီသီးကို မေ့ထားလို့ မရပါဘူး။ ဗီတာမင် E နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် သွေးထဲမှာ ရှိတဲ့ အဆီပိတ်ဆို့ခြင်းကို လျော့ချနိုင်စွမ်း ရှိပါတယ်။ အသားအရေအတွက်လည်း ကောင်းမွန်ပြီး သွေးအပြစ်အကျဲကိုလည်း ထိန်းပေးနိုင်စွမ်း ရှိပါတယ်။

၆။ သင်္ဘောသီး

သင်္ဘောသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

တချို့လူတွေက အသားအရေ နူးညံ့ပြီး စိုပြေစေဖို့ အတွက် သင်္ဘောသီးကို ဖျော်ရည်လုပ်ပြီး သောက်သုံးကြပါတယ်။ နွေရာသီမှာ အဖြစ်များတဲ့ အသားအရည် နေလောင်ခြင်းကို ကာကွယ်ပေးမယ့် အပြင် အမျှင်ဓာတ်များစွာ ပါဝင်တဲ့ အတွက် ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပြီး အသားအရေကို တောက်ပစေတဲ့ အစွမ်း ရှိပြီး ကိုလက်စထရောကိုပါ လျော့ချပေးနိုင်စွမ်းလည်း ရှိပါတယ်။ ဝယ်ယူရလွယ်ကူပြီး နွေရာသီအတွက် စားသုံးသင့်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။

၇။ လိမ္မော်သီး

လိမ္မော်သီးမှာ Potassium များစွာ ပါဝင်တဲ့ အတွက် အားကစားလုပ်နေတဲ့ အချိန်အတွင်း ကြွက်တက်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ သူ့မှာ ရေဓာတ် ၈၀% ပါဝင်တဲ့ အတွက် ရေဆာပြေစေပြီး ရေဓာတ်ကို မြန်မြန်ဆန်ဆန် ပြန်ဖြည့်ဖို့ အတွက် အထောက်အကူဖြစ်စေပါတယ်။

၈။ မာလကာသီး

သင်ဟာ ကျန်းမာရေးအတွက် အသီးအနှံတွေကိုစားတော့မယ် ဆိုရင် မာလကာသီးကိုလည်း စားဖို့ မမေ့ပါနဲ့။ မာလကာသီး ဖျော်ရည်တစ်ခွက် သောက်သုံးခြင်းဟာ ငှက်ပျော်သီး စားသုံးခြင်းထက် Potassium ပိုမို ပါဝင်ပါတယ်လို့ အာဟာရကျွမ်းကျင် ပညာရှင်တွေက ပြောပါတယ်။ Antioxidant ပါဝင်တဲ့ အသီးဖြစ်လို့ ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။

၉။ ပင်မှည့်သီး (စူကာသီး)

မန်မာနိုင်ငံမှာတော့ အများစုဟာ ဖျော်ရည် ဖျော်သောက်ကြပါတယ်။ ပင်မှည့်သီးမှာ Potassium၊ ဗီတာမင် A ၊ ဗီတာမင် C ၊ အမျှင်ဓာတ်နဲ့ သံဓာတ်တို့ ပါဝင်ပြီး သွေးအတွင်းမှာ ရှိတဲ့ အဆီတွေကို လျော့ချနိုင်ပါတယ်။ ပင်မှည့်သီးမှာ ပါတဲ့ potassium ဟာ ငှက်ပျော်သီးထက် ၂ဆ ပိုများတာကြောင့် ရေဓာတ်ဆုံးရှုံးမှုကို လျော့ချစေပါတယ်။ သံဓာတ်ပါဝင်တဲ့ အတွက် ပူအိုက်ခြင်းကြောင့် အိပ်မပျော်တဲ့ ရန်ကို ကာကွယ်ပေးမှာပါ။

၁၀။ မက်မွန်သီး

နွေရာသီမှာ မက်မွန်သီး juice သောက်လိုက်ရရင် လန်းဆန်းသွားစေနိုင်မယ်လို့ ပြောရဲပါတယ်။ slim body လိုချင်တဲ့ မယ်မဒီလေးများအတွက်တော့ မက်မွန်သီးဟာ မပါမဖြစ် စားရမယ့် အသီးပါပဲ။ ဗီတာမင် C နဲ့ A ပါဝင်ပြီး အသားအရေ စိုပြည်စေဖို့လည်း အထောက်အကူ ပြုပါတယ်။ Supermarket တွေမှာတော့ အလွယ်တကူ ဝယ်နိုင်ပါလိမ့်မယ်။

၁၁။ စောင်းလျားသီး (Star Fruit)

ကဲ နောက်ဆုံးတစ်မျိုးကတော့ ပုံစံလေး လှပပြီး အချဉ်ဓာတ်များတဲ့ စောင်းလျားသီးပါပဲ။ မြန်မာနိုင်ငံမှာတော့ သရေစာအဖြစ် ငံပြာရည်၊ ငရုတ်သီးမှုန့်တို့နဲ့ သုပ်စားတတ်ကြပါတယ်။ ဗီတာမင် C ပါဝင်မှုနှုန်း များတဲ့ အတွက် ကယ်လိုရီ လျော့ချဖို့ကတော့ အာမခံပါတယ်။ နှလုံးနဲ့ သွေးကြောတွေ အတွက်ကတော့ ကောင်းမွန်တဲ့ အသီးတစ်မျိုးပါ။ အခွံနွှာစရာမလိုဘဲ ဒီအတိုင်း လှီးလိုက်ရင် ကြယ်ပုံလေးတွေလို တွေ့ရပါလိမ့်မယ်။

အစာလည်းဆေး ဆေးလည်း အစာဆိုသလို ပိုပူမယ်လို့ ပြောထားတဲ့ ဒီနွေမှာ ရေများများ သောက်ဖို့ မမေ့ပါနဲ့။ လတ်ဆတ်ပြီး အရည်ရွှမ်းမယ့် အသီးတွေကို စားပေးပါ။ ချွေးထွက်များတဲ့ လူဆိုရင်တော့ လိုအပ်ရင် သောက်ဖို့ ဓာတ်ဆားထုပ်လေးပါ ဆောင်ထားပါလို့ သတိပေးချင်ပါတယ်။ အပြင်ထွက်တဲ့ အခါ အရောင်ဖျော့တဲ့ အဝတ်အစားတွေ၊ ချည်သားများတဲ့ အဝတ်အစားတွေ ဝတ်ဆင်ဖို့ အကြံပေးပါရစေ။ နေရောင်မှာ UV ပါဝင်မှု များတဲ့ အတွက် နေရောင် တိုက်ရိုက် ထိခြင်းကို ရှောင်ရှားဖို့ အပြင်ထွက်ရင် ဦးထုပ် ဒါမှမဟုတ် ထီးဆောင်းဖို့ မမေ့ပါနဲ့လို့ စကားလေး ပါးလိုက်ချင်ပါတယ်။ အားလုံးပဲ ကျန်းမာပြီး အရွယ်တင်နုပျိုကြပါစေ။

Source: Nectar