ဝင်းလက်တောက်ပသည့်အသားအရေကို ရရှိပိုင်ဆိုင်ဖို့ အမျိုးသမီးများသာမက အမျိုးသားများပါ မက်မောတောင့်တကြပါတယ်။ သည့်အတွက် နာမည်ကြီးအသားအရေထိန်းပစ္စည်းများကို ဈေးကြီးပေးဝယ်၍ ကြိုးစားအသုံးပြုကြသော်လည်း ရလဒ်နဲ့ပတ်သက်၍ စိတ်တိုင်းမကျကြပေ။

ဒါပေမယ့်လည်း အချို့သောအသီးအနှံများနဲ့ ဟင်းသီးဟင်းရွက်များကို အသုံးပြုပြီး ရလဒ်ကောင်းများမြင်တွေ့နိုင်တယ်ဆိုတာကို သင်သိပါသလား။ အာဟာရဓာတ်များ အချိုးအစားညီညွတ်မျှတစွာ ပါဝင်နေသည့် ဖျော်ရည်များသည် သင့်အသားအရေကို သဘာဝအတိုင်းတောက်ပြောင်ဝင်းလက်မှုကို ပေးစွမ်းနိုင်ပါတယ်။ အကယ်၍ မည်သည့်ဖျော်ရည်ကို သောက်သုံးရမလဲ မသေချာသူများအတွက် အသီးဖျော်ရည်အချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

ပန်းသီးဖျော်ရည်

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုနှင့် အရေးအကြောင်းများ ဖြစ်ပေါ်မှုမှ ကာကွယ်ပေးနိုင်သည့် Antioxidants များ ကြွယ်ဝစွာပါဝင်ပြီး အသားအရေကို ဝင်းလက်စေပါတယ်။

သဘောၤသီးဖျော်ရည်

အသားအရေညစ်ညမ်းမှုကို ကုသပေးနိုင်သည့် အန်ဇိုင်း papain ပါဝင်သောကြောင့် သဘောၤသီးဖျော်ရည်ကို သောက်သုံးခြင်းသည် အသားအရေကိုဝင်းလက်စေရုံသာမက ကျန်းကျန်းမာမာရှိစေရန်လည်း ကူညီပေးပါတယ်။

သခွားသီးဖျော်ရည်

ရေဓာတ်အပြည့်ပါဝင်သည့် အသီးအနှံတစ်မျိုးဖြစ်တာကြောင့် အသားအရေကို စိုပြေနူးညံ့မှုရှိစေပါတယ်။ သည့်အပြင် အရေပြားနီရဲ ရောင်ရမ်းခြင်းနှင့် နှင်းခူနာတို့ကိုလည်း ကုသပေးနိုင်ပါတယ်။

သံပရိုရည်

ဗီတာမင်စီပါဝင်တာကြောင့် အသားအရေအတွက် ကောင်းမွန်သည့်သန့်စင်ဆေးတစ်ခုဖြစ်ပြီး pH level ကိုညီမျှမှုရှိစေရန်လည်း ကူညီပေးပါတယ်။ ဖျော်ရည်ပြုလုပ်သည့်အခါမှာ သကြားအစား ပျားရည်ကို အသုံးပြုခြင်းက အပြစ်အနာအဆာကင်းစင်သည့် အသားအရေကို ရရှိစေမှာဖြစ်ပါတယ်။

မုန်လာဥနီဖျော်ရည်

ဝက်ခြံ၊ အမည်းကွက်၊ အရေးအကြောင်းနှင့် အခြားအသားအရေပြဿနာများဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင်ပြီး အသားအရေအရောင်အသွေးကို ညီညာစေ၍ အရောင်ဖြစ်ပေါ်မှုကိုလည်း လျော့ချပေးနိုင်ပါတယ်။

လိမ္မော်ရည်

လိမ္မော်သီးဖျော်ရည်ကို သောက်သုံးပေးခြင်းသည် များပြားလှသော အသားအရေပျက်စီးမှုပြဿနာများကို တိုက်ဖျက်ပေးနိုင်ရုံသာမက ညီညာပြေပြစ်သည့် အသားအရေကို ပေးစွမ်းမှာဖြစ်ပါတယ်။

ခရမ်းချဉ်သီးဖျော်ရည်

Sunscreen အနေဖြင့် အလုပ်လုပ်ပေးနိုင်သော lycopene ပါဝင်ပြီး နေ့စဉ်သောက်သုံးပေးပါက အသားအရောင်ကိုမြင့်တက်စေခြင်း၊ အရေးအကြောင်းများ၊ အိုမင်းရင့်ရော်မှုများကို လျော့ချပေးခြင်း၊ အေးမြသည့်အထိအတွေ့ကိုပေးစွမ်းခြင်း စသည့် ကောင်းကျိုးအစုံအလင်ကို ပေးစွမ်းနိုင်ပါတယ်။

တရုတ်နံနံဖျော်ရည်

ရေဓာတ်ပြန်လည့်ဖြည့်တင်းရန်အတွက် အထူးကောင်းမွန်ပြီး ကိုယ်အလေးချိန်လျော့ချလိုသူများအတွက် အထူးကောင်းမွန်ပါတယ်။

ရှားစောင်းလက်ပတ်ဖျော်ရည်

အသားအရေဝင်းလက်တောက်ပမှုကို ဖြစ်ပေါ်စေနိုင်ရုံသာမက အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်း၊ အရေးအကြောင်းများဖြစ်ပေါ်ခြင်း၊ နေလောင်ခံရခြင်း ပြဿနာများကို ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။