နာနတ်သီးက စားလိုက်တာနဲ့ ရေငတ်ပြေစေတယ်။ အမောလည်းပြေစေပြီး ရင်လည်းအေးစေတဲ့ အသီးတစ်မျိုးပါ။ ဒါကြောင့် ရေခဲမုန့်ချစ်သူလေးတွေအတွက် နာနတ်သီးရေခဲမုန့်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ အပြင်မှာသွားဝယ်စားနေစရာမလိုပဲ ကိုယ်တိုင်အိမ်မှာ အလွယ်တကူနဲ့ အချိန်တိုအတွင်းမှာပြုလုပ်လို့ရအောင် အလွယ်ကူဆုံးနည်းလမ်းလေးကို ရွေးချယ်ပေးထားပါတယ်။

အလွယ်ကူဆုံးနည်းလမ်းနဲ့ နာနတ်သီးရေခဲမုန့်လုပ်စားတော့မယ်ဆိုရင်တော့ လိုအပ်တဲ့ပါဝင်ပစ္စည်းက နာနတ်သီးနဲ့ ဒိန်ချဉ် ၂ မျိုးပဲလိုတာပါ။ City Mart တွေမှာရောင်းတဲ့ ဒိန်ချဉ်ဆိုရင်လည်း အဆင်ပြေပါတယ်။

Source: www.seriouseats.com

လုပ်ရမယ့်ပုံစံကတော့ နာနတ်သီးကိုအတုံးသေးသေးလေးတွေဖြစ်အောင်တုံးပြီး ခွက် ၂ ခွက်စာရအောင် လုပ်ပေးရပါမယ်။ အတုံးအသေးလေးတွေတုံးပြီး ရလာတဲ့နာနတ်သီး ၂ ခွက်စာကိုတော့ အိတ်တစ်ခုထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၄ နာရီကြာအောင် အအေးခံထားလိုက်ပါ။ အိတ်နဲ့မထည့်ချင်လည်း ခွက်နဲ့ဒီတိုင်း ထည့်လို့ရပါတယ်။

Source: www.budgetbytes.com

အချိန်ပြည့်သွားတဲ့အခါမှာတော့ နာနတ်သီးကို ရေခဲသေတ္တာထဲကထုတ်ပြီး Blander ထဲကိုထည့်ပါ။ ဒိန်ချဉ် – စားပွဲတင်ဇွန်း ၃ ဇွန်းစာကိုလည်း Blander ထဲထည့်ပေးပါ။ ပြီးရင်တော့ Blander နဲ့ မွှေလို့ရပါပြီ။

Source: www.leelalicious.com

မွှေပြီးတဲ့အခါမှာတော့ ပန်းကန်ထဲထည့်ပြီး စားသုံးလို့လည်းရသလို၊ ရေခဲသေတ္တာထဲမှာ ထပ်ထည့်ထားချင်ရင်လည်းရပါတယ်။ ဒါဆိုရင်တော့ အလွယ်ကူဆုံးနည်းလမ်းလေးနဲ့ပြုလုပ်ထားတဲ့ နာနတ်သီးရေခဲမုန့်ကို ရရှိသွားပါပြီ။

Source: www.thegreedyvegan.com