အားလုံးပဲမင်္ဂလာပါနော်။ စပါကတီ ခေါက်ဆွဲ ကြိုက်တဲ့သူတွေရှိလားရှင့်။ ဒါဆိုရင်တော့ ဒီ စပါကတီခေါက်ဆွဲ ချက်နည်းလေးကို သဘောကျကြမယ်လို့ထင်ပါတယ်။

၁။ ကြက်သွန်ဖြူ အရသာ စပါကတီ

  • စပါကတီ ခေါက်ဆွဲ အနည်းငယ်
  • သံလွင်ဆီ
  • ကြက်သွန်ဖြူ ၄ မွှာ ပါးပါးလှီးပါ
  • ငရုတ်သီးမှုန့် အနည်းငယ်
  • နံနံပင်အနည်းငယ်၊ ဆားအနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး စပါကတီခေါက်ဆွဲကို ဆားနည်းနည်းထည့်ပြီး ပြုတ်လိုက်ပါ။ ပြီးရင်ရေဆေးလိုက်ပါ။ ပြီးရင်ရေဆစ်ထားပါ။

အဲဒီနောက် သံလွင်ဆီနဲ့ကြက်သွန်ဖြူကို ကြော်လိုက်ပါ။ ပြီးရင် ငရုတ်သီးမှုန့်ထည့်ပြီး အနည်းငယ်ထပ်ကြော်ပါ။ အဲဒီနောက် စပါကတီထည့်လိုက်ပြီး ကြော်ပေးပါ။ ပြီးရင်တော့ နံနံပင်ထည့်လိုက်ပြီး သုံးဆောင်နိုင်ပါပြီ။

၂။ ချိစ်အရသာ စပါကတီ

ပါဝင်ပစ္စည်း

  • စပါကတီခေါက်ဆွဲ
  • သံလွင်ဆီ
  • ထောပတ်စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ချိစ် အနည်းငယ်၊ ဆားအနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံးရေနွေးပွက်ပွက်ဆူအောင်သည်ပြီး ဆားနဲ့ စပါကတီထည့်ပြီးပြုတ်လိုက်ပါ။ ရပြီဆိုရင်တော့ ရေဆေးလိုက်ပါ။ ပြီးရင်ရေဆစ်ထားပါ။

ပြီးရင်တော့ ဒယ်အိုးထဲကို သံလွင်ဆီ၊ ထောပတ်၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး မွှေလိုက်ပါ။

ပြီးရင်တော့ ပါစတာပြုတ်ရည်နည်းနည်းနဲ့ ပါစတာခေါက်ဆွဲကိုထည့်လိုက်ပါ။

အဲဒီနောက် ချိစ်ကိုထည့်လိုက်ပြီး သေချာမွှေလိုက်ပါ။ ချိစ်အရည်ပျော်ပြီး ပါစတာထဲပျော်ဝင်သွားအောင်မွှေပါ။

ဆားလိုရင်ထပ်ထည့်ပြီး သုံးဆောင်နိုင်ပါပြီနော်။