ထမင်းဗူးတွေက ပုံစံမျိုးစုံ၊ ဒီဇိုင်းမျိုးစုံရှိတာကြောင့် ရွေးချယ်ရတာ ခက်ခဲပါတယ်။ ကိုယ့်ကလေးအတွက်လည်း အဆင်ပြေမယ့်၊ အစားအစာတွေလည်း ထည့်ဖို့ အဆင်ပြေမယ့် ထမင်းဗူးကို ရွေးရတာ ခက်ပါတယ်။ ၀ယ်ပြီးရင်လည်း အဆင်မပြေမှာကို စိုးရိမ်ရပါတယ်။ ဒါကြောင့် ထမင်းဗူးနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အကြောင်းအရာလေးကို ဝေမျှချင်ပါတယ်။

BPA_ FREE_ HOMIO_ LUNCH_ BOX_LARGE_BLUE

BPA မပါတဲ့ ထမင်းဗူး

“BPA Free” ဆိုတဲ့ BPA မပါတဲ့ ထမင်းဗူးလေးတွေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ BPA ဓာတ်က အပူနဲ့ ပေါင်းသွားရင် ကျန်းမာရေးကိုထိခိုက်စေပါတယ်။

lunchbox-ideas-1

အပူလုံ တဲ့ ထမင်းဗူး

ထမင်းဗူးတိုင်းကတော့ ၁၀၀ ရာခိုင်နှုန်းအပူလုံကြတာ မဟုတ်ပါဘူး။ ဒါကြောင့် အပူအများအားဖြင့် လုံတဲ့ ထမင်းဗူး၊ အထဲက အစားအစာတွေကို လတ်လတ်ဆတ်ဆတ်ဖြစ်စေမယ့် ထမင်းဗူးကို ရွေးချယ်သင့်ပါတယ်။

EasyLunchbox

အလွယ်တကူ သန့်ရှင်းရေးလုပ်လို့ရတဲ့ ထမင်းဗူး

တချို့ လှလှပပ ထမင်းဗူးတွေက အကုန်လုံး ဖြုတ်ဆေးဖို့ခက်တာတွေ ရှိပါတယ်။ အကုန်လုံး ဖြုတ်ဆေးလို့မရရင် အဲ့ဒီကြားထဲ အစားအစာတွေ ၀င်ကုန်ပြီး ကြာလာရင် ညစ်ပတ်လာပါလိမ့်မယ်။ ဒါကြောင့် အလွယ်တကူ ဖြုတ်ဆေးလို့ရတဲ့ ထမင်းဗူးကို ၀ယ်သင့်ပါတယ်။

go-green-lunchbox-review-1

အကန့်လေးတွေ ခွဲထားတဲ့ ထမင်းဗူး

အထူးသဖြင့် မူလတန်းအရွယ်သုံးတဲ့ ထမင်းဗူးလေးတွေမှာဆိုရင် အကနု့်လေးတွေခွဲထားတဲ့ ထမင်းဗူးကို သူတို့ ပိုစိတ်ဝင်စားကြပါတယ်။ အဲ့ဒီ အကန့်လေးတွေမှာ အရသာ ရှိစွာချက်ပြုတ်ထားတဲ့ စားစရာ အမျိုးမျိုး အရောင်အမျိုးမျိုးနဲ့ ဆွဲဆောင်လို့ရပါတယ်။

a-guide-to-choosing-the-best-lunchbox-for-kids-2017-1

အရွယ်အစား

ကိုယ့်ကလေးရဲ့ အသက်အရွယ်၊ သယ်ယူနိုင်မှု၊ စားသောက်တဲ့ ပမာဏကို စဉ်းစားပြီး သင့်လျော်တဲ့ အရွယ်အစားကို ၀ယ်ယူသင့်ပါတယ်။ ကိုယ့်ကလေးက ၆ နှစ်လောက်ဘဲရှိပြီး ထမင်းဗူး အကြီးကြီးတွေ၊ စတီးချိုင့်အလေးကြီးတွေဆိုရင် သူ့အတွက် သယ်ရတာခက်လှပါတယ်။

yumbox-panino-lunch-idea-1

အကန့်လေးတွေ သေချာခွဲထားတဲ့ ထမင်းဗူး

ထမင်းဗူးမှာ ထမင်းအတွက် နေရာ ကျယ်ကျယ်ရှိတဲ့အကန့်၊ ဟင်းအတွက် သင့်လျော်တဲ့ အကန့်၊ အသီးအနှံ ထည့်ဖို့ အတွက် သင့်လျော်တဲ့အကန့်လေးတွေ သေချာခွဲထားတဲ့ ထမင်းဗူးကို ၀ယ်ယူကြပါ။

အလွယ်တကူ သိမ်းထားနိုင်

ရန်ကုန်မြို့ကလည်း လူဦးရေ ထူထပ်လာတော့ တိုက်ခန်း ကျဉ်းကျဉ်းလေးမှာဘဲ နေကြတာများပါတယ်။ ဒါကြောင့် အလွယ်တကူ သိမ်းထားနိုင်ထမင်းဗူးကိုဘဲ ၀ယ်ယူသင့်ပါတယ်။

Yumbox-MiniSnack-Lunchboxes-FEATURE-1170x650

ပန်းကန်ဆေးစက်

တချို့အိမ်တွေမှာ အလုပ်တွေရှုပ်တော့ ပန်းကန် ကိုယ်တိုင်မဆေးနိုင်တော့ဘဲ ပန်းကန်ဆေးစက်နဲ့ ဆေးကြသူတွေရှိပါတယ်။ ဒါကြောင့် ထမင်းဗူးက ပန်းကန်ဆေးစက်ထဲ ထည့်လို့ရလား၊ မရလားကြည့်ရှုပြီးမှ ၀ယ်ယူသင့်ပါတယ်။

DSC09329

MILO ထမင်းဗူး

အခုလောလောဆယ် ထမင်းဗူးလေးတွေ မ၀ယ်ရသေးဘူးဆိုလည်း MILO 180 ml ၃ ကဒ်ဝယ်ရင် ထမင်းဗူး တစ်ဗူး လက်ဆောင်ပေးနေတယ်နော်။

MILO

ဘူးလေးရဲ့ တစ်ဖက်မှာတော့ နေ့လည်စာ စားပြီးရင်သောက်ဖို့ MILO ဘူးလေး တစ်ဘူးလည်း ထည့်ပေးဖို့မမေ့နဲ့ဦးနော်။

MILO မှာ သာမန်မုယောထက်ပိုကောင်းတဲ့ ပရိုတိုမော့ (တ်) ဗီတာမင် (၆) မျိုးနဲ့ သတ္တုဓါတ် (၃) မျိုးပါဝင်တဲ့အပြင်က လေးတွေအတွက်အားအင်ပြည့်ဝစေတဲ့ အဟာရဓါတ် မျှတစွာပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပါတယ်။ချော့ကလက်အရသာနဲ့ MILO ဟာ ကလေးတွေကျောင်းမှာ အလွယ်တကူနဲ့ သောက်သုံးလို့ရသလို အဟာရပြည့်ဝပြီး ဥာဏ်ရည်ထက်မြတ်စေမှာဖြစ်ပါတယ်။

ကျောင်းမှာ စာလေ့လာမှုအပြင် အားကစားနဲ့ လူမှုရေးလုပ်ဆောင်မှုတွေမှာ တက်ကြွလန်းဆန်းပြီး ခွန်အားအပြည့်ဖြစ်စေဖို့ MILOက ပံ့ပိုးပေးမှာပါ။ ချန်ပီယံကလေးတွေနဲ့ MILO ဟာခွဲခြားလို့မရတာမို့ ကလေးတို့အတွက် MILO ကျောင်းမှာသောက်ဖို့ ကိုမဖြစ်မနေထည့်ပေးဖို့တော့ လိုမယ်နော်။ ကလေးတွေရဲ့ အောင်မြင်မှု ဥာဏ်ရည်ထက်မြတ်မှုအတွက် MILO ကိုသာ မိခင်တို့ရွေးချယ်ကြပါတယ်။