သင်တို့ရော ပျားကိုက်ခံဖူးပါသလား။ ပျားကိုက်ခံရရင် နာရီအနည်းငယ်လောက်အထိ အရမ်းနာကျင်ပြီး အရမ်းကို ခံရခက်ခဲပါတယ်။ ဒါကြောင့် ပျားအဆိပ်ကို ပြယ်စေပြီး နာကျင်မှုကို သက်သာစေတဲ့သဘာဝနည်းလမ်းလေတွေကို ဝေမျှချင်ပါတယ်။

ပျားရဲ့ အစွယ်မှာ Venom ဆိုတဲ့ဓာတ်ပါဝင်တာကြောင့် အရေပြားတွေရဲ့ ဆဲလ်တွေနဲ့ ခုခံအားစနစ်ကို ထိခိုက်စေပါတယ်။ အကယ်၍ ပျားရဲ့အစွယ်နဲ့ အလက်ဂျစ် ရှိသူဆိုရင်သူ့ရဲ့ ကိုယ်ခံအားနစ်ကို ပြင်းထန်စွာ ထိခိုက်စေပါတယ်။

6

ပျားကိုက်ခံရရင်

  • ကိုက်ခံထားရတဲ့နေရာမှာ စူးပြီး ပူနေပါလိမ့်မယ်။
  • အနီရောင် အကွက်တွေ ဖြစ်နေလိမ့်မယ်။
  • ပျားအစွယ်စိုက်ခံထားတဲ့နေရာမှာ အဖြူရောင် အကွက်လေးဖြစ်နေမယ်။
  • ကိုက်ခံထားရတဲ့နေရာ တစ်ဝိုက်မှာ ယောင်ကိုင်းနေလိမ့်မယ်။

ပြင်းထန်ရင်

  • ကိုက်ခံထားတဲ့နေရာမှာ နီရဲနေပြီး ရက်အနည်းငယ်လောက်ယောင်ကိုင်းနေလိမ့်မည်။

2

အကယ်၍ ပျားအစွယ်နဲ့ အလက်ဂျစ်ဖြစ်ရင်

  • အသက်ရှူရခက်ခဲမယ်
  • ခန္ဓာကိုယ်အနှံ့ယားယံ
  • လည်ချောင်းနဲ့ လျှာမှာ ယောင်လာမယ်
  • မူးဝေ အော့အန်
  • သတိမေ့

7

ဆပ်ပြာ

ပျားကိုက်ခံရခြင်းခြင်း၊ ကိုက်ခံရတဲ့နေရာကို ဆပ်ပြာပျော့ပျော့နဲ့ ရေနဲ့ ဆေးလိုက်ပါ။ ဒါဆို အဆိပ် သက်သာ သွားပါလိမ့်မယ်။

8

ရေခဲ

လက်ကိုင်ပ၀ါထဲကို ရေခဲတုန်းထည့်ပြီး ပျားကိုက်ခံထားရတဲ့နေရာကို မိနစ် ၂၀ လောက် ကပ်ထားပေးပါ။ ဒါက ပျားရည်အစွယ်ကြောင့် ဖြစ်လာတဲ့ ယောင်ကိုင်းမှုတွေကို သက်သာစေပါတယ်။

9

သွားတိုက်ဆေး

ကိုက်ထားတဲ့နေရာနားကို သွားတိုက်ဆေး လိမ်းပေးပါ။ ပူလောင်ပြီး ဆူးနေတဲ့ ဒဏ်ရာကို သက်သာ ပျောက်ကင်းအောင် လုပ်ဆောင်နိုင်ပါတယ်။

4

ပျားရည်

ပျားရည်က သဘာဝ ဆေးဖြစ်ပြီး ပျားအစွယ်ကြောင့် နာကျင်နေတာကိုလည်း သက်သာ ပျောက်ကင်းစေပါတယ်။ ကိုက်ထားတဲ့ဒဏ်ရာနားကို ပျားရည်လိမ်းပေးပါ။

10

အာလူး

အာလူးအစိမ်းကို ပါးပါးလှီးပြီး ပျားရည်ကိုက်ခံထားတဲ့နေရာကို လိမ်းပေးပါ။

11

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်က နာကျင်တာတွေနဲ့ ယောင်ကိုင်းတာတွေကို သက်သာ စေပါတယ်။

12

သင်္ဘောသီး

သင်္ဘောသီးကို ပါးပါးလှီးပြီး ကိုက်ခံထားရတဲ့ နေရာ တစ်ဝိုက်မှာ ကပ်ပေးပါ။ ဒါဆိုရင် နာကျင် ယောင်ကိုင်းတာတွေ ပျောက်သွားမှာပါ။

3

ပန်းသီး ရှာလကာရည်

ပန်းသီး ရှာလကာရည်တချို့ကို ဂွမ်းနဲ့ ကိုက်ခံထားရတဲ့နေရာကို ထည့်ပေးပါ။ ဒါက ယားယံတာတွေနဲ့ နာကျင်တာတွေကို ပျောက်စေမှာပါ။