သူငယ်ပြန်ရောဂါ (သို့) ဦးနှောက်ယိုယွင်းမှုရောဂါ (သို့) သတိမေ့ရောဂါ လို့ပြောရမယ့် အယ်လ်ဇိုင်းမားရောဂါဟာ ဒီကနေ့ ကမ္ဘာပေါ်မှာ လူဖြစ်များတဲ့ရောဂါတစ်မျိုးပါပဲ။ အရမ်းလည်းကြောက်စရာကောင်းပြီး မိသားစုဝင် မိတ်ဆွေတွေကို သတိမရတော့တဲ့ ရောဂါမျိုးဖြစ်သလို ကုသလို့မရတဲ့ ရောဂါမျိုးပါ။ ဒီလိုရောဂါမျိုးမဖြစ်စေဖို့အတွက် အခုဖော်ပြမယ့်အစားအစာတွေကို လျှော့စားလိုက်ရအောင်ပါ။

အနီရောင်အဆင်းရှိအစားအစာ

277782049_30c7889b67_b-e1490372050947

အနီရောင်အဆင်းရှိအစားအစာ (Red Meat) တွေဟာ သံဓါတ်ပါဝင်ပြီး သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်တာ ကြွက်သားအားနည်းတာတွေအတွက်လည်း ကောင်းမွန်ပါတယ်။ ဒါပေမယ့်လည်း သံဓါတ်မြင့်မားလွန်းတာဟာ သင့်ရဲ့ ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အနီရောင်အဆင်းရှိအသားတွေကို လုံးဝမစားဖို့မလိုပါဘူး။ ဒါပေမယ့် အကန့်အသတ်နဲပစားပေးသင့်ပြီး အရည်အသွေးမြင့်တဲ့အသားကိုသာရွေးစားပါ။

သကြားနဲ့ ကာဘွန်ဟိုက်ဒရိတ်တွေ

sugar-e1462897946602

၂၀၁၂ ခုနှစ်က လေ့လာတွေ့ရှိချက်အရ အသက် ၇၀ နဲ့အထက်လူတွေထဲမှာ ကာဘွန်ဟိုက်ဒရိတ်စားသုံးမှုများတဲ့သူတွေဟာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာ စားသုံးသူတွေထက် အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ချေ ပိုများတာကို တွေ့ရှိခဲ့ပါတယ်။ ကာဘွန်ဟိုက်ဒရိတ်အစားအစာတွေဟာ သကြားပါဝင်မှုမြင့်မားပါတယ်။ ဂလူးကို့စ်နဲ့ အင်လ်ဆူလင်ပမာဏကို မြင့်တက်စေပြီး သွေးတွင်းသကြားဓါတ်ကိုလည်း မြင့်မားစေပါတယ်။ နှစ်ရည်စားသုံးရင်တော့ ဦးနှောက်သွေးကြောလေးတွေကို ထိခိုက်စေပြီး မှတ်ဉာဏ်ချို့တဲ့တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

Advanced Glycation End (AGEs) မြင့်တဲ့အစားအစာတွေ

dairy-e1461958923539

AGE လို့အတိုကောက်ခေါ်ကြတဲ့ Advanced Glycation End ဓါတ်ပါဝင်မှုဟာ အသားကင်တွေ အနီရောင်အဆင်းရှိအသားတွေ ဒိန်၊ ချိစ်စတဲ့ အစားအစာတွေမှာ အဓိကတွေ့ရပါတယ်။ အဲဒီအစားအစာတွေဟာ ဦးနှောက်ကို ထိခိုက်ပျက်ဆီးမှု မြင့်မားစေတယ်လို့ သုတေသတီတွေက ထုတ်ပြန်ထားပါတယ်။ AGE အစားအစာတွေဟာ ဆီးချိုနဲ့လည်းဆက်စပ်နေပြီး နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။

အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို လျှော့ကျစေတဲ့အစားအစာတွေကတော့

လတ်ဆတ်တဲ့ အသီး၊ ဟင်းသီးဟင်းရွက်တွေ၊ အခွံမာအသီးတွေ၊ သံလွင်ဆီတွေ၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ Omega-3 Fatty Acid ပါဝင်တဲ့အစားအစာတွေဖြစ်ပါတယ်။