အားလုံးပဲ မင်္ဂလာပါ။ နွေရာသီရဲ့ အပူချိန်က တစ်ရက်ထက်တစ်ရက် ပိုပူအိုက်လာတာ အားလုံးကိုယ်တွေ့ခံစားနေရတာပဲဖြစ်ပါတယ်။ ဒီလိုပူအိုက်တဲ့အချိန်မှာ အအေးသောက်ချင်စိတ်တွေပေါ်လာပြီး ရယ်ဒီမိတ်အအေးတွေပဲ သောက်ဖြစ်ကြတာများပါတယ်။

ဒါပေမဲ့ အသင့်သောက် အအေးတွေက သကြားပါဝင်မှုနဲ့ ဓာတုပစ္စည်းပါဝင်မှု များပြားတဲ့အတွက်ကြောင့် အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွားပိုးစားခြင်း စတဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။

ဒါ့ကြောင့် အေးမြတဲ့ ဖျော်ရည်အေးအေးလေးတွေ သောက်ချင်တဲ့အခါ အလွယ်တကူဖျော်သောက်လို့ရမယ့် ဖျော်ရည် ဖျော်နည်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ ဒီဖျော်ရည်လေးတွေက ကျန်းမာရေးနဲ့ အင်မတန်ညီညွှတ်တဲ့ဖျော်ရည်လေးတွေပဲဖြစ်ပါတယ်။

ဖရဲသီးဖျော်ရည်

ပါဝင်ပစ္စည်းများ

  • ဖရဲသီး ပန်းကန်လုံး ၂ ခွက်စာ
  • ပင်စိမ်းရွက် လက်တစ်ဆုပ်စာ
  • ရေအေး တစ်ခရား
  • ရေခဲတုံး

ပြုလုပ်နည်း

ရေခရားထဲသို့ ဖရဲသီး၊ ပင်စိမ်းရွက်နဲ့ ရေခဲတုံးတို့ထည့်ပြီးနောက် ရေအေးအေးလေး ထပ်ထည့်ပေးလိုက်ပါ။ သစ်သီးများ ရေထဲစိမ့်ဝင်သွားဖို့အတွက် ရေခဲသေတ္တာထဲမှာ ၂ နာရီကနေ ၈ နာရီအထိ ထည့်ထားလိုက်ပါ။ အချိန်ပြည့်င်္သားပါက သောက်သုံးနိုင်ပါပြီ။ အကယ်၍ ဖျော်ရည်အရသာကို ပိုချိုမြိန်စေချင်တယ်ဆိုရင်တော့ သစ်သီးထပ်ထည့်ပေးလို့ရပါတယ်။

လိမ္မော်နှင့် သခွားသီးဖျော်ရည်

ပါဝင်ပစ္စည်းများ

  • လိမ္မော်သီး ၂ လုံးနှင့် သံပုရိုသီး ၁ လုံး
  • သခွားသီး တစ်ဝက်
  • ပင်စိမ်းရွက် လက်တစ်ဆုပ်စာ
  • ရေအေး တစ်ခရားနှင့် ရေခဲတုံး အနည်းငယ်

ပြုလုပ်နည်း

လိမ္မော်သီး၊ သံပုရိုသီးနှင့် သခွားသီးတို့ကို အကွင်းလိုက် ပါးပါးလှီးထားပါ။ ထို့နောက် ရေခရားထဲ ထည့်လိက်ပါ။ သစ်သီးအရည်များ ထွက်လာအောင် ဇွန်းတစ်ချောင်းအသုံးပြုပြီး ဖိညှစ်ပေးလိုက်ပါ။ ပင်စိမ်းရွက်ကို ပါးပါးလှီးဖြတ်ပြီးနောက် ရေခရားထဲထည့်လိုက်ပါ။ ထို့နောက် ရေထည့်ပြီး မွှေပေးလိုက်ပါ။ ရေခဲတုံးထည့်ပြီး အေးသွားပါက သောက်သုံးလို့ရပါပြီ။

ကီဝီနှင့် သခွားသီးဖျော်ရည်

ပါဝင်ပစ္စည်းများ

  • ကီဝီသီးခြောက်လုံး (အခွံခွားထားပါ)
  • သခွားသီး ၁ လုံး (အခွံခွာပြီး အစေ့များ ဖယ်ထုတ်လိုက်ပါ)
  • သကြားအနည်းငယ်
  • ရေအေး တစ်ခရားနှင့် ရေခဲတုံး အနည်းငယ်

ပြုလုပ်နည်း

သစ်သီးဖျော်စက်ထဲသို့ ကီဝီ၊ သခွားသီး၊ သကြားနှင့် ရေတစ်ဝက်တို့ထည့်ပြီး အနှစ်များ ရလာသည်အထိ ဖျော်စက်ဖြင့် မွှေပေးလိုက်ပါ။ ရရှိလာတဲ့ အနှစ်များကို ရေခရားထဲ ပြောင်းထည့်ပြီးနောက် ကျန်ရှိနေတဲ့ ရေတစ်ဝက်ထည့်ကာ မွှေပေးလိုက်ပါ။ ရေခဲတုံးထည့်ပါ။ ကျန်ရှိနေတဲ့ ကီဝီသီးကို ရေခရားနှုတ်ခမ်းပေါ်တင်ကာ အလှဆင်ပြီးနောက် သောက်သုံးနိုင်ပါပြီ။

Source: Brightside.me