ဟင်းနုနွယ်ထဲမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်က ရောဂါများကို ကာကွယ်ပေးပြီး အာဟာရဓာတ်များ ပေးစွမ်းနိုင်တဲ့အတွက်ကြောင့် ဟင်းနုနွယ်ကို စူပါအစားအစာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။

ဟင်းနုနွယ်ရဲ့ အရွက်တွေ၊ အရိုးတွေက ကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားပေးတာကြောင့် ဘာ့ကြောင့် ဈေးဝယ်ထွက်တိုင်း ဟင်းနုနွယ်ဝယ်သင့်လဲဆိုတာကို ဆက်လက်ဖော်ပြပေးချင်ပါတယ်။

၁။ အာဟာရဓာတ် ကြွယ်ဝစွာ ပါဝင်ခြင်း

Source: Shutterstock

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ အထူးသဖြင့် ဟင်းနုနွယ်ရွက်က အခြားသော ဟင်းရွက်တွေထက် အာဟာရဓာတ်ပါဝင်မှု ပိုများပါတယ်။ ချက်ပြုတ်ထားတဲ့ ဟင်းနုနွယ်တစ်ခွက်က ကယ်လိုရီပါဝင်မှု ၄၁ ရာခိုင်နှုန်းဖြစ်ပြီး ဗီတာမင် ကေနဲ့ ဗီတာမင် အေပါဝင်မှုက ပိုများပါတယ်။

၂။ ရောဂါဘယများ ကာကွယ်ပေးခြင်း

Source: Shutterstock

ဟင်းနုနွယ်ရွက်ထဲမှာ ပါဝင်တဲ့ ကယ်လစီယမ်ဓာတ်က အရိုးများ ကြံ့ခိုင်သန်မာအောင် စွမ်းအောင်နိုင်ပြီး ဗီတာမင် အေ၊ ဗီတာမင် စီ၊ အမျှင်ဓာတ်၊ ဖောလစ်အက်စစ်နဲ့ အခြားအာဟာရဓာတ်များက အူမကြီးကင်ဆာနဲ့ ရင်သားကင်ဆာကို တိုက်ဖျက်ပေးပါတယ်။ ဟင်းနုနွယ်က သွေးတွင်းရှိ ပရိုတင်းဓာတ်များ မပျက်စီးအောင် ကူညီပေးပြီး သွေးပေါင်တက်ခြင်းနဲ့ နှလုံးရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

Source: Shutterstock

ဟင်းနုနွယ်ထဲမှာ ပါဝင်တဲ့ Lutein လို့ခေါ်တဲ့ အထူးအာဟာရဓာတ်တစ်မျိုးက မျက်စိတိမ်စွဲရောဂါမှ ကာကွယ်ပေးပြီး သက်ကြီးရွယ်အိုတွေမှာ အသက်အရွယ်ကြီးလာတဲ့အခါ အမြင်အာရုံမှုန်ဝါးပြီး မျက်စိကွယ်စေနိုင်တဲ့ အန္တရာယ်မှလည်း ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် အသက်ငယ်ရွယ်စဉ်ကတည်းက ဟင်းနုနွယ်ရွက်ကို မှန်မှန်စားသုံးပေးမယ်ဆိုရင်တော့ အသက်အရွယ်ကြီးလာလည်း မျက်စိကွယ်သွားမှာ မပူရတော့ပါဘူး။

၃။ အသားအရေ စိုပြေလှပစေခြင်း

Source: Shutterstock

အခြားသော အစိမ်းရင်ရောင့် ဟင်းသီးဟင်းရွက်တွေလိုပဲ ဟင်းနုနွယ်မှာလည်း အသားအရေကို စိုပြေလှပစေတဲ့ Antioxidants တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဆံချည်မျှင်သွေးကြောလေးတွေ သွေးလှည့်ပတ်မှုကို ကောင်းမွန်ပြီး Collagen ဓာတ်က အသားအရေကို ချောမွေ့စေပြီး အရေးအကြောင်းနဲ့ ပါးရေတွန့်ခြင်းကိုလည်း လျော့ချပေးနိုင်ပါတယ်။ ဟင်းနုနွယ်ထဲမှာ ပါဝင်တဲ့ ဗီတာမင် အေဓာတ်က အသားအရေကို အစိုဓာတ်ရှိအောင် ထိန်းသိမ်းထားပေးနိုင်ပြီး အသားအရေခြောက်သွေ့ခြင်း၊ အသားအရေ ကြမ်းထော်ပြီး အဖုအပိမ့်ထွက်ခြင်းနဲ့ ဝက်ခြံဖြစ်ခြင်းမှ ကာကွယ်ပေးပါသေးတယ်။

၄။ ဆေးရုံဆေးခန်း သွားစရာမလိုအောင် ဒေါင်ဒေါင်မြည်ကျန်းမာစေခြင်း

Source: Shutterstock

ဟင်းနုနွယ်တစ်ခွက်ကို နေ့စဉ်စားသုံးခြင်းက အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးတဲ့အပြင် သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းချုပ်ပေးနိုင်တယ်လို့ လေ့လာတွေ့ရှိချက်များအရ သိရပါတယ်။ ကိုယ်အလေးချိန် လျော့ချချင်သူများအတွက် အစားအလွန်အကျွံစားချင်စိတ်ကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ အသက်ရှုစနစ်ကိုလည်း ကောင်းမွန်စေပြီး ဆီးလမ်းကြောင်း ပိုးဝင်ခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။