ပူနွေးတဲ့ ရာသီဥတုမှာဆိုရင် ရေအေးအေးလေးကို လူတိုင်းသောက်ချင်ကြပါတယ်။ အဲဒီလို ရေအေးအေး သောက်ပေးမယ့်အစား ရေနွေးကို ပြောင်းသောက်ပေးပါ။ ဘာလို့လဲဆိုတာ ပြောပြပေးမယ်နော်။

Drink-coconut-water

၁။ အစာခြေစနစ် ပိုမိုကောင်းမွန်ဖို့

Digestive-system-intestinal-flora

ရေနွေးဟာ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ရေအေးအေး (သို့) ရေခဲရေသောက်တာဟာ အစားအစာထဲက အဆီကို အခဲဖြစ်စေပြီး အစာချေစနစ်ကို နှေးကွေးစေပါတယ်။ ဒါ့ကြောင့် ရေနွေးကိုသောက်ပေးသင့်ပါတယ်။ ရေနွေးသောက်တာဟာ အစာခြေစနစ်ကိုကောင်းမွန်စေရုံသာမက အာဟာရဓာတ်စုပ်ယူမှုကို အားကောင်းစေပါတယ်။

၂။ အသက်ရှူလမ်းကြောင်းအတွက်ပိုမိုကောင်းမွန်တယ်

ရေနွေးကို သောက်ပေးတာဟာ ရေအေးသောက်တာဟာ အသက်ရှုလမ်းကြောင်းကို ကောင်းမွန်စေပါတယ်။ လည်ချောင်းနာတာကိုလည်း သက်သာစေသလို လည်ချောင်းရောင်တာကိုလည်း သက်သာစေနိုင်ပါတယ်။ မနက်ပိုင်းမှာ သောက်ပေးတာ ပိုကောင်းပါတယ်။

၃။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်

Blood-flow

ရေအေးအေး (သို့) ရေခဲရေသောက်တာဟာ သွေးကြောတွေကို ကျဉ်းစေလို့ ရေအေးအစား ရေနွေးသောက်ပေးပါ။ အဲဒီလိုသောက်ပေးတာဟာ သင့်ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး သန့်စင်ပေးနိုင်ပါတယ်။

၄။ အာရုံကြောစနစ်ကို ကောင်းမွန်စေတယ်

ရေနွေးသောက်ပေးရင် ခေါင်းကိုက်သက်သာစေပြီး အာရုံကြောစနစ်ကို ကောင်းမွန်စေပါတယ်။

ရေနွေးကိုဘယ်အချိန်သောက်ရမလဲ

sipping-hot-water

အစာမစားခင် ၁၀ မိနစ်အလိုနဲ့ ညအိပ်ယာမဝင်ခင်မှာ သောက်ပေးနိုင်ပါတယ်။ ကျန်တဲ့အချိန်မှာတော့ ရိုးရိုးရေ အနည်းဆုံး ၆ ခွက်ကနေ ၈ ခွက်ထိ သောက်ပေးပါ။

Featured Image Source: NDTV Food