ပန်းကန်ဆေးတဲ့နေရာမှာသုံးတဲ့ ဖော့ရေမြှုပ်တုံးလေးတွေက ဆေးကြောတဲ့နေရာမှာတင်မကပဲ အဖက်ဖက်ကနေ အသုံးဝင်နေတဲ့အချက်တွေ အများကြီးရှိပါတယ်။ အဲ့ဒီထဲကမှ လူတိုင်းအတွက်အသုံးဝင်စေမယ့် နည်းလမ်းကောင်း (၄) မျိုးကို ရွေးချယ်ပြီးဖော်ပြပေးလိုက်ပါတယ်။

ပြတင်းပေါက်မှန်ကိုသန့်စင်ဖို့

ပန်းကန်ဆေးတဲ့ရေမြှုပ်နှစ်ခုကိုယူပြီး အစိမ်းဖတ်ထဲကို ပုံမှာပြထားတဲ့အတိုင်း ဓားနဲ့ထိုးလိုက်ပါ။ ပြီးရင်တော့ ညှပ်မှာတစ်ဖက်စီစွပ်လိုက်ပါ။ ဒါဆိုရင်တော့ ပြတင်းပေါက်မှန်ကြားတွေထိ သန့်စင်လို့ရတာကို တွေ့ရမှာပါ။

ပန်ကာကိုသန့်စင်ဖို့

ပန်ကာကိုသန့်စင်တဲ့အခါမှာ ကြားတွေထဲထိသန့်စင်ဖို့ ခက်ပါတယ်။ ဒါကြောင့် ရေမြှုပ်တုံးကိုယူပြီး ပုံမှာပြထားတဲ့အတိုင်း ဖော့ဘက်ကိုဓားနဲ့လှီးပေးပါ။ ပြီးရင်တော့ လက်နဲ့ယူပြီး ပန်ကန်ကြားထဲထိသန့်စင်လို့ ရသွားပါပြီ။

လက်သည်းဖျက်ဆေးအဖြစ်သုံးဖို့

ပန်းကန်ဆေးတဲ့ဖော့ကိုယူပြီး အလိပ်လေးဖြစ်အောင် လိပ်လိုက်ပါ။ ပြီးရင်တော့ ပုလင်းတစ်ခုထဲထည့်ပြီး လက်သည်းဖျက်ဆေးအရည်တွေကို ထည့်ပေးပါ။ လက်သည်းဖျက်ဆေးတွေကို ဖော့ကစုပ်ယူထားတာဖြစ်တဲ့အတွက် လက်သည်းကို ဖော့ကြားထဲထည့်ပြီး လက်ကိုလှည့်လိုက်တာနဲ့ လက်သည်းနီတွေပျက်သွားမှာပါ။

ထိုင်ခုံအောက်မှာခံဖို့

ထိုင်ခုံတွေကိုဆွဲလိုက်ရင် ကြမ်းပြင်တွေ၊ ကောဇောတွေက ပွန်းသွားတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ထိုင်ခုံခြေထောက်မှာ ဖော့ပြားတွေကို ညှပ်ပြီး ကော်နဲ့ကပ်ထားမယ်ဆိုရင်တော့ ဘယ်လောက်ရွှေ့ရွှေ့ ပွန်းတာ၊ ပြဲတာတွေဖြစ်မှာ မဟုတ်တော့ပါဘူး။

Photo Source: www.thaitrick.com