အလုပ်တွေပင်ပန်းပြီး စိတ်ဓာတ်မကြာခဏကျဖူးကြမှာပါ။ စိတ်ဓာတ်ကျတဲ့အခါ စိတ်ရောကိုယ်ပါမလန်းတော့တာကြောင့် လူမှုရေးမှာရော၊ လုပ်ငန်းခွင်မှာပါ အခက်အခဲတွေရှိလာနိုင်ပါတယ်။ တစ်ခါတစ်လေစိတ်ဓာတ်ကျတာကြောင့် ကျန်းမာရေးပါထိခိုက်လာနိုင်ပါတယ်။ လေ့ကျင့်ခန်းတွေ၊ ယောဂတွေကျင့်ရင် စိတ်ဓာတ်ကျခြင်းက သက်သာစေတာလူတိုင်းလိုလိုသိကြပေမယ့် အဲ့ဒီ့ထက်ကောင်းတဲ့နည်းရောသိချင်ကြမှာပါ။ ဟုတ်ပါတယ်။ ဒီအစားအစာ (၆)မျိုးက စိတ်ဓာတ်ကျခြင်းကို တိုက်ဖျက်ပေးတယ်လို့ မှတ်တမ်းတွေကဖော်ပြထားပါတယ်။

၁။ငှက်ပျောသီးbanana_500x300_81455523540

ငှက်ပျောသီးမှာ Tryptophan ကြွယ်ဝပြီး မကြာမီဦးနှော်က်က 5-HTP အသွင်ပြောင်းပစ်လိုက်ပါတယ်။ အဲ့ဒီ့နောက်မှာတော့ 5-HTP က စိတ်ဖိစီးမှုကိုလျော့နည်းစေတဲ့ Serotonin နဲ့ Melatonin နှစ်မျိုးအဖြစ်ပြောင်းလဲသွားပါတယ်။ ဒီ့အပြင် ငှက်ပျောသီးတွေမှာ ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ် ဓာတ်တွေကြွယ်ဝတဲ့အတွက် တစ်နေ့ (၂)လုံးစားပေးသင့်ပါတယ်။

၂။ဗာဒံစေ့Qaulity-Roasted-Almond-Nuts-And-Kernels

မဂ္ဂနီစီယမ်က မူးဝေအော့အန်ခြင်းနှင့် စိတ်ဖိစီးမှုအတွက် အကောင်းဆုံးဆေးတစ်ခွက်ဖြစ်ပါတယ်။ ဗာဒံစေ့ (၁၀၀)ဂရမ်မှာ မဂ္ဂနီစီမယ် (၂၆၈) မီလီဂရမ်လောက်ပါဝင်ပါတယ်။ တစ်နေ့ကို ဗာဒံစေ့လက်တစ်ဆုပ်စာလောက်စားပေးသင့်ပါတယ်။

၃။ထောပတ်သီး

avocado-sliced

ထောပတ်သီးဟာ ပိုတက်စီယမ်ဓာတ်ကြွယ်ဝပြီး စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းကို သက်သာစေပါတယ်။ ဒါကြောင့်မို့လို့ ထောပတ်သီးကို သွားရည်စာအနေနဲ့လည်းမကြာခဏစားပေးသင့်ပါတယ်။

၄။ကညွတ်1392131261347

ကညွတ်မှာ ဖောလစ်အက်စစ်နဲ့ ဗီတာမင် B ကြွယ်ဝပြီး ခန္ဓာကိုယ်ရဲ့ Tryptophanမှ စိတ်ဖိစီးမှုကို သက်သာစေတဲ့ serotonin အဖြစ် ပြောင်းလဲမှုကို ထောက်ပံ့ပေးပါတယ်။

၅။ဟင်းနုနယ်ရွက်Fresh spinach iin a wooden bowl on a cutting board

အခြားသော အစိမ်းရင့်ရောင်အရွက်တွေထက် ဟင်းနုနယ်ရွက်မှာ စိတ်ကျလွယ်သူတွေအတွက် လိုအပ်တဲ့ ဖောလစ်အက်စစ်ဓာတ် ပိုကြွယ်ဝပါတယ်။ဒီ့အပြင် ဟင်းနုနယ်ရွက်မှာ မဂ္ဂနီစီယမ်ဓာတ်ကြွယ်ဝသေးတာကြောင့် စိတ်ဓာတ်ကျခြင်းကို တိုက်ဖျက်ပေးတဲ့ အာနိသင်ပါဝင်ပါတယ်။

စိတ်ဓာတ်ကျတဲ့အခါ ဒီအစားအစာတွေကို ထပ်တိုးစားပေးခြင်းဖြင့် တက်ကြွလန်းဆန်းပြီး ပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်နိုင်ကြပါစေ။