နေ့စဉ်ဘဝမှာ ကျန်းမာတဲ့အစားအစာပဲစားသင့်တယ်ဆိုတာ သိကြပေမယ့်လည်း အဆီအစိမ့်စာတွေကို တစ်ချိန်လုံးရှောင်ဖို့ဆိုတာ မလွယ်ပါဘူး။ အကယ်၍ကိုယ်က အဆီများတဲ့အစာကို ကြိုက်လွန်းလို့ မအောင့်အည်းနိုင်ပဲ စားမိတယ်ဆိုရင်တောင် ဒီနည်း (၅) မျိုးအတိုင်းသတိထားလိုက်လုပ်ရင် အဆင်ပြေပါတယ်။

၁။ရေနွေးသောက်ပေးပါ။

pexels-photo-157074

အဆီအစိမ့်စာစားပြီးတိုင်း ရေနွေးတစ်ခွက်၊ နှစ်ခွက်လောက်သောက်ပေးတဲ့အခါ စားထားတဲ့အဆီတွေကို ရှင်းထုတ်ပေးတဲ့အပြင် အသည်းနဲ့ အူကိုလည်း ကျန်းမာစေပါတယ်။

၂။နာရီခြားပြီးအိပ်ပါ။

woman-lying-on-sofa-and-thinking

အဆီစာတွေစားစားချင်း တရေးတမောအိပ်တာက ကျန်းမာရေးကိုထိခိုက်စေပါတယ်။ အစာစားပြီး ၂နာရီ ၃နာရီလောက်ခြားပြီး အိပ်မှသာသင့်တော်ပါတယ်။ မဟုတ်ရင်တော့ စားထားတဲ့အစာတွေကိုမချေဖျက်နိုင်ပဲ ခန္ဓာကိုယ်ထဲအဆီတွေစုကျန်နေမှာပါ။

၃။အအေးစာမစား၊ မသောက်ရ။

8-hot-health-benefits-of-ice-cold-water-136392824766803901-140821164711

အဆီများတဲ့အစာ စားပြီးတဲ့အခါ အအေး၊ ရေခဲမုန့်၊ ရေခဲရေ စတာတွေကို မစားသောက်မိပါစေနဲ့။ အဲ့ဒီ့လိုစားလိုက်တဲ့အခါ အသည်း၊ အစာအိမ်နဲ့ အူတွေကို ထိခိုက်စေပါတယ်။

၄။လှုပ်ရှားပေးပါ။

walking_girl

အစာစားပြီးတာနဲ့ ဆိုဖာပေါ်လဲလျောင်းတာ၊ ထိုင်တာမျိုးကိုရှောင်ပါ။ လေ့ကျင့်ခန်းမလုပ်ဖြစ်ရင်တောင် လမ်းလျှောက်ပေးတာက သင့်တော်ပါတယ်။ လမ်းလျှောက်ပေးခြင်းဖြင့်လည်း စားထားတဲ့အဆီစာတွေကို ချေဖျက်ရလွယ်ကူစေပါတယ်။

၅။ပျားရည်သောက်ပါ။

4-Amazing-Benefits-Of-Honey-For-Pregnant-Women-1

ပျားရည်က အစာချေဖျက်ရလွယ်ကူစေမယ့် အကောင်းဆုံးသဘာဝဆေးတစ်ခွက်ပါ။ အစာစားပြီးတဲ့အခါ ပျားရည်တစ်ဇွန်းလောက်သောက်ပေးလိုက်ပါ။

အဆီအစိမ့်စာတွေကို စားမိတာမမှားပါဘူး။ ဒါပေမယ့် စားပြီးတဲ့အခါ ကျန်းမာရေးအတွက်လည်း ဂရုစိုက်ပေးဖို့လိုပါတယ်။ ဒီနည်း(၅)မျိုးကိုသာလိုက်နာရင် ရောဂါဘယလည်းကင်းဝေးသွားမှာပါ။