အားလုံးပဲမင်္ဂလာပါနော်။ သရက်သီးတွေလည်းပေါ်နေပြီ။ သရက်သီးမှည့်တွေလည်း စားနေရပြီဆိုတော့ လူကြိုက်များတဲ့ စိန်တလုံး သရက်သီးနဲ့ ဘယ်လိုစားချင်စရာကောင်းအောင် ထမင်းမြိန်အောင် ချက်စားလို့ရသလဲဆိုတာမျှဝေပေးချင်ပါတယ်။

၁။ သရက်သီးစိမ်းသနပ်

ပါဝင်ပစ္စည်းများ

  • စိန်တလုံး သရက်သီး
  • ဆား
  • သကြား
  • ဆေးသကြားခဲ
  • ဆီ

  • ငရုတ်သီးသီး အရောင်တင်မှုန့်
  • နံသာစေ့
  • ဖာလာစေ့
  • မဆလာ
  • ကြက်သွန်ဖြူ

ပြုလုပ်နည်း

သရက်သီးကို အလုံးလိုက် ရေဆေးပြီး ရေစစ်ပါ ။

လေးစိပ်စိတ်ပြီး တဝက်စီ ပြန်တုံးပါ ။

ဇလုံတခုထဲ ထည့်ပြီး သရက်သီး အနည်းအများ ကြည့်ပီး ဆားသင့်ရုံ ထည့်နယ်ပါ ။

နေပူပူမှာ အဖုံးမအုပ်ဘဲ ၄ရက်ခန့် လှမ်းပေးပါ ။  နောက်နေ့ နေလှမ်းတိုင်း သမအောင် လှုပ်ပေးပါ ။

သူ့အလိုလို ထွက်လာတဲ့ အရည် အနည်းအများပေါ် မူတည်ပြီး ၃ရက် (သို့မဟုတ်) ၄ရက် လှန်းရပါတယ် ။

နောက်ဆုံး လှန်းမယ့်နေ့ကျမှ သကြားနဲ့ ဆေးသကြားခဲကို (အချိုကြိုက်ရင် ဆေးသကြားခဲလေး ပိုထည့်ပေါ့နော်) ထည့်နယ်ပြီး နေတရက် လှန်းလိုက်ပါ ။  အဲ့အချိန်မှာ အရည်က မခန်းတခန်း ဖြစ်ရပါမယ် ။  အစိမ်းသနပ် ဆိုတော့ တအားခြောက်အောင် လှန်းရင်မာ သွားပါတယ်။

သရက်သီး မြှပ်လောက်အောင် ဆီအနေအထားကို ချက်ပြီး ဆီဆူရင် အိုးကို မီးဖိုပေါ်မှ ချ၍ နှစ်သက်ရာ အမွှေးအကြိုင်များ(နံသာစေ့၊ဖာလာစေ့ ၊ မဆလာ) တို့နဲ့ ငရုတ်သီး အရောင်တင်မုန့်တို့ကို ဆီသပ်ပါ ။  လိုအပ်မှ မီးဖိုပေါ်ပြန်တင်ပါ ။ (တူးလွယ်လို့ပါ)

ဆီသပ် ထားတာ အေးသွားမှ သရက်သီး ထည့်မွှေပါ။ ကြက်သွန်ဖြူကို ကြိုက်ရင်တော့ ကြက်သွန်ဖြူ ထည့်လို့ရပါတယ်။

၂။ သရက်သီးစိမ်းကြော်

သရက်သီးစိမ်း ကြော် (Green Mango Fried)

ပါဝင်ပစ္စည်းများ

  • စိန်တလုံးသရက်သီးစိမ်း – ၃ လုံး (ဂျစ်နဲ့ အချောင်းလေး တွေရအောင် ခြစ်ချပါ)
  • ပုစွန်ခြောက် အကောင်သေး – ၅ ကျပ်သား
  • ဆား (အနည်းငယ်)
  • အသီးအရွက်ဆီ – ၁၀ ကျပ်သား (ဆီလိုရင် ထပ်ထည့်ပါ)
  • ငရုတ်သီး အရောင်တင်မှုန့် – ၁ ဇွန်း (စားပွဲတင်ဇွန်း)

Onion and Garlic

  • ငံပြာရည် – ၁ ဇွန်းခွဲ (စားပွဲတင်ဇွန်း )
  • စိမ်းစားငါးပိ – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ကြက်သွန်နီ – ၅ ကျပ်သား (ထောင်းထားပါ)
  • ကြက်သွန်ဖြူ – ၂ ကျပ်ခွဲသား (ထောင်းထားပါ)
  • ကြက်သားမှုန့် – ၂ ဇွန်း (စားပွဲတင်ဇွန်း) (အချို ကြိုက်လျှင် ပိုထည့် လို့ရပါတယ်)

  • နနွင်းမှုန့် – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)

ပြုလုပ်နည်း

မကပ်တဲ့ အကြော် အိုးထဲကို ဆီထည့်ပါ။ ပူလာပြီဆိုရင် နနွန်းမှုန့် ၊ ငရုတ်သီး အရောင်တင်မှုန့် နှင့် ကြက်သွန်ဖြူ / နီ ထောင်းထားတာ ထည့်ပါ။

မွှေးပြီး အရောင်လှလာပြီဆိုရင်တော့ ငံပြာရည် နဲ့ ငါးပိ ထည့်ဆီသတ်ပါ ။ သိသိသာသာ မွှေးလာပါလိမ့်မယ် ။ ပုဇွန်ခြောက် အကောင်လေးတွေ ကိုထည့်လို့ ရပါပြီ ။ နည်းနည်းလေး ကျွတ်လာပြီ ဆိုရင်တော့ သရက်သီး အချောင်းလေးတွေကို ထည့်ပြီး မွှေပေးပါ။

သရက်သီးတွေ နွမ်းလာပြီဆိုရင်တော့ ဆား နှင့် ကြက်သားမှုန့် လည်းထည့်လို့ ရပါပြီ ။ သရက်သီး အဖတ်လေးများ အရမ်းပျော့ ပြဲသည်အထိ မထားပါနဲ့ ။

ဆားမြည်းပါ။ အငန်လိုရင် ဆားထပ် ထည့်ပါ ။ အချို လိုရင်တော့ ကြက်သားမှုန့် ထပ်ဖြည့်ပြီး မီးဖိုပ်ါက ချလို့ရပါပြီ။

ကျန်းမာရေး နှင့် ညီညွတ်ချင်ရင်တော့ ဆီ နှင့် အငန် လျှော့ထည့်ပါ ။

၃။ သရက်သီး ငါးခြောက်မှုန့်ငပိထောင်း

ပါဝင်ပစ္စည်း

  • ငရုတ်သီး စိမ်း – ၁၀ ကျပ်သား (အစပ်မျိုး)
  • စိမ်းစားငပိ – ၅ ဇွန်း စားပွဲဇွန်း (ငပိ ကိုမီး မျင်းနဲ့ ဖုတ်ပါ မွှေးလာသည်ထိပါ)
  • ဆား – ၁ ဇွန်း လက်ဖက်ဇွန်း

  • ငံပြာရည် – ၃ ဇွန်း လက်ဖက်ဇွန်း (လိုသလောက်)
  • သရက်သီးအစိမ်း – ၁ လုံး (အချောင်းလေးတွေ ခြစ်ထားပါ)
  • ငါးခြောက်မှုန့် – ၂ ဇွန်း စားပွဲဇွန်း

ပြုလုပ်နည်း

ငရုတ်သီး စိမ်း ကို ရေစင် အောင်ဆေး ပြီး အိုးထဲ မှာ ငရုတ်သီး မြုပ်ရုံ ရေထည့် ပြီးပြုတ် ပါ။ ငရုတ်သီး ပျော့လာရင် ရပါပြီး။ ရေစင် အောင် စစ်ပါ။

စိမ်းစားငပိ ကို ဖုတ်ရာ မှာ မီးမျှင်းလေးနဲ့ ဖုတ် ပြီး မတူးပါစေနှင့်၊ အနံမွှေးရုံသက်သက်ပါ။

ပြုတ်ထားသော ငရုတ်သီး နဲ့ သရက်သီး အချောင်းလေးတွေကို အတူ ထောင်း ပေးပါ။ (ကြိတ်စက် နဲ့ ကြိတ် ရင်တော့ ပိုမြန်ပြီး ငရုတ်စေ့ တွေလည်း ညုက်လွယ်ပါတယ်)။

ငရုတ်သီးညှပ်ပြီဆိုရင်တော့ ကျန်ပစ္စည်းတွေအားလုံး ထည့် ပြီး မွှေပါ။ ဆား အပေါ့အငန် မြည်းပြီးရင် လေလုံ ဗူးထဲမှာ ထည့်ပြီး ခဲထားလို့ ရပါတယ်။

စားသုံး ခါနီး မှ စားပွဲဇွန်း ၃ ဇွန်း လောက် ကို ပန်းကန် ထဲ ထည့်ပြီး ကြိုက်နှစ် သက်ရာ ရာသီပေါ် တို့စရာအဖြစ် စားသုံးနိုင်ပါတယ်။

၎။ သရက်သီး အစပ်သုပ်

ပါဝင်ပစ္စည်းများ

  • စိန်တလုံးသရက်သီး အစိမ်း၊အမှည့် ၁ လုံး
  • ခရမ်းချဉ်သီး ၁ လုံး
  • သံပရာရည်အနည်းငယ်
  • ဆား

  • ငရုတ်သီးမှုန့်
  • ငံပြာရည်အနည်းငယ်
  • သကြားအနည်းငယ်
  • မြေပဲ
  • ပုဇွန်ခြောက်

ပြုလုပ်နည်း

စိန်တလုံး သရက်သီးကို သေချာလေး ခြစ်ပေးလိုက်ပါ။ ခရမ်းချဉ်သီးကိုလည်း ခပ်ပါးပါးလှီးပေးလိုက်ပါ။ ပြီးရင်တော့ ပါဝင်ပစ္စည်းတွေအားလုံးကို ထည့်ပြီး သေချာနယ်ပေးလိုက်ပါ။

ပြီးရင်တော့ အပေါ်ကနေ ပုဇွန်ခြောက် အနည်းငယ် ဖြူးပေးလိုက်ပါ။

၅။ သရက်သီး နဲ့ ထောပတ်သီးသုပ်


ပါဝင်ပစ္စည်းများ

  • စိန်တလုံးသရက်သီး ၁ လုံး
  • ထောပတ်သီး ၁ လုံး
  • ကြက်သွန်နီ
  • သံပရာရည်အနည်းငယ်
  • ဆား၊ ငရုတ်ကောင်းမှုန့်

ပြုလုပ်နည်း

အရင်ဆုံး သရက်သီးနဲ့ ထောပတ်သီးကို ပါးပါးလှီးလိုက်ပါ။ ကြက်သွန်နီကိုလည်း ပါးပါးလှီးပါ။ ပြီးရင်တော့ ပန်းကန်တစ်ခုထဲထည့်ပြီး သံပရာရည်၊ ဆားနဲ့ ငရုတ်ကောင်းမှုန့် နည်းနည်းထည့်ကာ နယ်ပေးလိုက်ပါ။ ဒါဆိုရင် ရပါပြီနော်။

City Mart Fruit Fair အသီးအနှံပွဲတော်

City Mart Fruit Fair အသီးအနှံပွဲတော်ကို လာမယ့် ဇွန်လ ၇ ရက်နေ့ကနေ ၂၀ ရက်အထိ City Mart Supermarket တွေအားလုံးမှာ ကျင်းပပြုလုပ်သွားမှာဖြစ်လို့ အားလုံးပဲ ဆက်ဆက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်တယ်နော်။