အားလုံးပဲ မင်္ဂလာပါ။ ရှားစောင်းလက်ပက်က အပင်သာလှတာမဟုတ်ဘဲ လတ်ဆတ်တဲ့ အတွင်းသားအနှစ်ကပါ လူတွေအတွက် အကျိုးကျေးဇူးတွေ အများကြီးပေးစွမ်းနိုင်ပါတယ်။

စိုက်ပျိုးရတာလည်း လွယ်ကူပြီး ဆေးဖက်ဝင်တဲ့ အစွမ်းသတ္တိတွေရှိတာကြောင့် အစာခြေနစ်နှင့် ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းဆိုင်ရာ ရောဂါများကို ကုသနိုင်ပါတယ်။

ကိုယ်တွင်းမှာ အက်ဆစ်ဓာတ်တွေ လွန်ကဲနေမှုကိုလည်း ပုံမှန်ဖြစ်စေပြီး အစောခြေနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

လိုအပ်သောပစ္စည်းများ

  • ရှားစောင်းလက်ပတ် အနှစ် – လက်ဖက်ရည်ဇွန်းနှင့် ၁ ဇွန်းမှ ၂ ဇွန်းအထိ
  • သံပုယိုရည် – စားပွဲတင်ဇွန်းတစ်ဝက်
  • ပင်စိမ်းရွက် – လက်တစ်ဆုပ်နဲ့ နည်းနည်း
  • သခွားသီး (လှီးပြီးသား) – ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံ
  • ရေ နှင့် အချိုဓာတ်မပါသည့် အုန်းရေ – ၁ ခွက်စီ

ပြင်ဆင်ပုံအဆင့်ဆင့်

– ပါဝင်ပစ္စည်းအားလုံးကို ကြိတ်စက်ထဲထည့်ကာ သေချာရောကြိတ်ပြီး ဇကာနဲ့စစ်ကာ ခွက်ထဲပြောင်းထည့်ပြီး သောက်သုံးပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်ဖျော်ရည်ကို သောက်သုံးပေးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့-

၁။ အစာခြေနစ်အားကောင်းစေခြင်း

၂။ ကိုယ်တွင်းမှ အညစ်အကြေးများကို ဖယ်ထုတ်ပစ်ခြင်း

၃။ အာဟာရများစုပ်ယူနိုင်မှုကို တွန်းအားပေးခြင်း

၄။ အသားအရေရဲ့ စိုစွတ်မှုကို ထိန်းသိမ်းပေးခြင်း

ကျန်းမာရေးအတွက် အဖက်ဖက်မှကောင်းမွန်တဲ့ ရှားစောင်းလက်ပတ်ဖျော်ရည်ကို သောက်သုံးပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်လိုက်ပါ။

Credit: Fabhow.com