အားလုံးပဲ မင်္ဂလာပါ။ ဟင်းလျာများကို ပြင်ဆင်ချက်ပြုတ်ရတာ ဝါသနာပါတဲ့သူတွေအတွက် ဒီတစ်ခါမှာ ဝေမျှပေးမယ့် ဟင်းလျာလေးကတော့ လွယ်လွယ်ကူကူနဲ့ ပြင်ဆင်ချက်ပြုတ်လို့ရတဲ့ ပြင်သစ်စတိုင်လ်ကြက်ကင်ဟင်းလျာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

Photo Source: www.lenards.com.au

  • အရေခွံနှင့် အရိုးများဖယ်ထားသည့် ကြက်ရင်အုံသား ၄ တုံး
  • သံလွင်ဆီ ပန်းကန်လုံး တစ်ဝက်

ပျားရည်ကို နေ့စဉ်သောက်သုံးရင် ရရှိလာမယ့် ကျန်းမာရေး ကောင်းကျိုးများ

  • ပျားရည် ပန်းကန်လုံး တစ်ဝက်
  • ရှာလကာရည် ပန်းကန်လုံး လေးပုံတစ်ပုံ

  • ငရုတ်သီးဆော့ ပန်းကန်လုံး လေးပုံတစ်ပုံ
  • ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြုလုပ်နည်းအဆင့်ဆင့်

Oven ကို အပူချိန် ၃၅၀ ဒီဂရီဖာရင်ဟိုက်နဲ့ အပူပေးထားပါ။ ကြက်သားထည့်ပြီး ကင်မယ့် လင်ဗန်းကို အရင်ဆုံး ဟင်းချက်တဲ့ဆီနဲ့ ဖြန်းပေးလိုက်ပါ။ ကြက်သားတုံးများကို ဆားနဲ့ငရုတ်ကောင်းဖြူးလိုက်ပါ။ ထို့နောက်အဖုံးပါတဲ့ ပုလင်းတစ်ခုထဲသို့ သံလွင်ဆီ၊ ပျားရည်၊ ရှာလကာရည်၊ ငရုတ်သီးဆော့နဲ့ဆားတို့ထည့်လိုက်ပါ။ ပုလင်းအဖုံးပိတ်ပြီးနောက် လှုပ်ခါပေးလိုက်ပါ။

ထို့နောက် ကြက်သားပေါ်သို့ ထိုဆော့များလောင်းချလိုက်ပါ။ ထို့နောက် Oven ထဲမှာ ကြက်သားလင်ဗန်းကို အလူမီနီယံအပြားနဲ့ မပိတ်ထားဘဲ ၃၅ မိနစ်၊ မိနစ် ၄၀ ခန့် ထည့်ထားလိုက်ပါ။

အချိန်ပြည့်ပြီဆိုတာနဲ့ Oven ထဲက ထုတ်လိုက်မယ်ဆိုရင် စားချင်စဖွယ်အပြည့်ရှိတဲ့ ပျားရည်ဆမ်းထားသော ကြက်ကင်ဟင်းလျာကို မိသားစုဝင်အားလုံးနဲ့ တပျော်တပါးကြီး မြိန်ရေယှက်ရေသုံးဆောင်နိုင်ပါပြီ။

Source: www.theseasonedmom.com