ABC Detox Smoothie (Apple, Beet and Carrot) လို့ခေါ်တဲ့ ပန်းသီး၊ နိုကိုဥ နဲ့ မုန်လာဥနီတို့ပါဝင်တဲ့ Smoothie က ခန္ဓာကိုယ်ထဲကအဓိက ကိုယ်အင်္ဂါတွေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ပန်းသီး ၁ လုံး (တောက်တောက်စဉ်းထားပါ)

နိုကိုဥ ၁ လုံးရဲ့ တစ်ဝက် (တောက်တောက်စဉ်းထားပါ)

မုန်လာဥနီ ၁ လုံး (ပါးပါးလှီးထားပါ)

သခွားသီး ၁ လုံးရဲ့ တစ်ဝက် (ပါးပါးလှီးထားပါ)

ဂျင်း လက်ဖက်ရည်ဇွန်း ၁ဇွန်းရဲ့ တစ်ဝက်

ပြုလုပ်နည်း

အဆင့် (၁) ပါဝင်ပစ္စည်းတွေကို ဖျော်စက်ထဲကို ထည့်ဖျော်ပါ။

ပန်းသီးကို တောက်တောက်စဉ်းထားပြီး ဖျောက်စက်ထဲထည့်ပါ။ ပြီးရင် တောက်တောက်စဉ်းထားတဲ့ နိုကိုဥ၊ သခွားသီး တို့ကို ဖျော်စက်ထဲထည့်ပါ။

အဆင့် (၂) ဂျင်းကိုထည့်ပါ။

ဂျင်းကို ဖျော်စက်ထဲကိုထည့်ပြီး အဖုံးပိတ်ကာ ပါဝင်ပစ္စည်းများကို မျှတအောင် မွှေလိုက်ပါ။ မွှေပြီးတာနဲ့ အရသာရှိပြီး ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ ABC Smoothie ကို စားလို့ရပါပြီ။ အေးအေးလေး သောက်ချင်ရင် ရေခဲထည့်ပြီးသောက်လို့ရပါတယ်။

ABC Smoothie ရဲ့ အကျိုးကျေးဇူး

  • စိတ်ပိုင်းဆိုင်ရာ ဆောင်ရွက်ချက်တွေကို မြှင့်တင်ပေးပါတယ်။ ဥပမာ အာရုံစိုက်မှုနဲ့ စဉ်းစားနိုင်တဲ့စွမ်းရည်ကို မြှင့်တင်ပေးပါတယ်။
  • အရေပြားမှာ အစက်အပြောက်တွေကို ကင်းစင်စေပါတယ်။ ဗီတာမင် A လည်းပါဝင်တာကြောင့် အိုမင်းရင့်ရော်မှုတွေကို လျော့ချပေးပြီး မုန်လာဥနီမှာပါဝင်တဲံ Beta-Carotene ဓာတ်ကလည်း ဆဲလ်တွေရဲ့ အိုမင်းရင့်ရော်မှုကို လျော့ချပေးနိုင်ပါတယ်။
  • နှလုံးကိုလည်း ကျန်းမာစေပါတယ်။ အဲ့ဒီအပြင် Antioxidants နဲ့ Phytonutrients ဓာတ်ပါဝင်တာကြောင့် ကင်ဆာ၊ သွေးတိုး၊ ဆီးချိုနဲ့တခြား နှလုံး ကျန်းမာရေးဆိုင်ရာ ရောဂါတွေကို လျော့ချပေးပါတယ်။
  • အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်အလေးချိန်ကို လျော့ချပေးပါတယ်။
  • ဗီတာမင် A ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် မျက်ရည်ခမ်းခြောက်မှုတွေ၊ မျက်လုံးညောင်းတာတွေကို ကာကွယ်ပေးပြီး အမြင်အာရုံကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

Photo Credit: FabHow