တစ်နေ့ကို ၈-၁၀ နာရီလောက် အလုပ်မှာပဲ အချိန်ကုန်တတ်တာမို့ လုပ်ငန်းခွင်မှာ ထမင်းစားချိန် ရောက်နေပေမယ့် အလုပ်တွေ မပြီးသေးလို့ အဆာခံရတဲ့ နေ့တွေ ရှိကြမှာပါ။ ဒီလိုနေ့တွေမှာဆိုရင်တော့ စိတ်လက်မအီမသာ ဖြစ်ခြင်းနဲ့ ကြုံရတတ်မှာပါ။ အလုပ်လုပ်ချိန်တွေမှာ  ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်လုပ်ဖို့ အတွက် သေးသေးမွှားမွှား အရာလေးတွေကလည်း အလုပ်ဖြစ်ပါတယ်။

snack time at office

၁။ Snack မုန့်လေးတွေ ဆောင်ထားပါ။

အလုပ်နေရာမှာဖြစ်ဖြစ် ကိုယ် အပြင်ထွက်ပြီး အလုပ်လုပ်ရတဲ့ အချိန်တွေမှာ ဖြစ်ဖြစ် အိတ်ထဲမှာ မုန့်လေးတွေ ဆောင်ထားသင့်ပါတယ်။ ကာဗွန်ဟိုက်ဒရိတ်များတဲ့ အစားအစာတွေဖြစ်တဲ့ ကိတ်မုန့်၊ ဒိုးနပ်တွေ အစား ဘီစကစ်၊ ကွတ်ကီးလေးတွေကို ဆောင်ထားပါ။

အလုပ်ခုံတွေရဲ့ အထဲမှာ အလွယ်တကူ သိမ်းထားလို့ ရပြီး အိတ်ထဲ ဆောင်သွားရင်လည်း လွယ်ကူတဲ့ မုန့်မျိုးတွေကို ဆောင်ပါ။ ပရိုတိန်းနဲ့ အမျှင်ဓာတ်တွေ အချိုးညီစွာ ရရှိမှ လူဟာ ပိုကျန်းမာစေနိုင်တဲ့ အတွက် ဒိန်ချဉ်ဘူးလေးတွေကိုလည်း ဆောင်ထားပါ။

eating fruits at office

၂။ အသီးအရွက် စားပေးပါ

ထမင်းချိုင့်ထည့်တဲ့ အခါ ဟင်းသီးဟင်းရွက် တစ်မျိုးမျိုး ဒါမှမဟုတ် အသီးအနှံ တစ်မျိုးကို ပါအောင် ထည့်ပေးပါ။ ဒါဟာ သင့်ကို လန်းဆန်းပြီး တက်ကြွနေစေမယ့် အဓိက အကြောင်းအရာပါ။ အလုပ်က ပါတီပွဲတွေနဲ့ ဒင်နာတွေမှာလည်း အသီးအနှံလေးတွေ တွဲစားပေးပါ။

water-bottle-at-desk

၃။ အလုပ်စားပွဲပေါ်မှာ ရေဘူး ဆောင်ထားပါ

တစ်နေ့ကို ရေ ၃လီတာ အနည်းဆုံး သောက်ပေးရင် ကျန်းမာစေနိုင်တယ် ဆိုတာ အားလုံး သိကြပါတယ်။ ဒါပေမယ့် ခက်တာက မသောက်ဖြစ်ကြတာပါ။ လူရဲ့ သဘောသဘာ၀ အရ မြင်နေရင် လုပ်ဖြစ်တယ် ဆိုတဲ့ အတွက် သင်ရဲ့ စားပွဲပေါ်မှာ ရေဘူးတစ်ဘူး ဆောင်ထားပြီး သောက်ပေးပါ။

ခံတွင်းကို မခြောက်သွေ့စေတဲ့ အပြင် လူကိုလည်း လန်းဆန်းနေစေပါတယ်။ ရေဘူးကို ၁လီတာ ဘူးလောက် ဆောင်ထားတာ အကောင်းဆုံးပါပဲ။ ဝိတ်ချ နေသူဆိုရင်တော့ တစ်နေ့တာလုံး ရေသောက်ခြင်းဟာ သင့်ကို ကူညီပေးပါလိမ့်မယ်။

taking-a-break

၄။ ရုံးတွင်း လမ်းလျှောက်ပါ

အထိုင်များတဲ့ လူတွေ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတဲ့ သတင်းတွေ တွေ့ရတိုင်း နေ့တိုင်း ထိုင်ပြီး အလုပ်လုပ်နေရသူတွေ မျက်ခုံးလှုပ်ကြပါတယ်။ ဒါကြောင့် မိနစ် ၃၀ တခါ လမ်းထ လျှောက်ပေးပါ၊ မိနစ် ၃၀ တခါ မျက်လုံးကို အနားပေးပါ။

စိမ်းလန်းတဲ့ အရာတွေကို ကြည့်ပါ။ ကိုယ့်အနားမှာ အဲ့လို ပတ်ဝန်းကျင် မရှိရင်တော့ အခြားဌာနတွေကို သွားတာ၊ ခုံကနေ ထပြီး လမ်းလျှောက်တာမျိုးတွေ လုပ်ပေးပါ။

morning run

၅။ လေ့ကျင့်ခန်း လုပ်ပါ

တစ်နေ့တာလုံး ညောင်းညာမှုတွေနဲ့ စိတ်ပင်ပန်းမှုတွေကို သက်သာစေဖို့ ကိုယ်ဝါသနာ ပါတဲ့ အားကစား တစ်ခုခုကို ရွေးချယ်ပြီး ပြုလုပ်ပေးပါ။ အားကစား လုပ်ဖို့ အချိန်မရရင်တော့ လမ်းလျှောက်ပါ။ လိုင်းကားစီးသူ ဆိုရင်တော့ ကိုယ့်မှတ်တိုင် မရောက်ခင် တစ်မှတ်တိုင်လောက် ကြိုဆင်းပြီး လမ်းလျှောက်ပေးပါ။

Source:  foxnews