ကျန်းမာရေးနဲ့ ညီညွှတ်အောင်စားပြီး ကိုယ်အလေးချိန်လျှော့ချဖို့ဆိုတာ တကယ်လွယ်ကူတဲ့အခုပ်တစ်ခုမဟုတ်ပါဘူး။ ကိုယ်အလေးချိန်လျှော့ချပေးမယ့်အပြင် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာပြုလုပ်နည်း တစ်ချို့ကို မျှဝေပေးချင်ပါတယ်။

ဝိတ်ချဖို့ ဘာစားရမလဲ တွေးရခက်နေရင် ဒါလေးတွေကို လုပ်စားလိုက်နော်။

Spaghetti ခေါက်ဆွဲ

spaghetti

Spaghetti ခေါက်ဆွဲကို ခွက် ၁ လုံးစာယူပါ။ ငရုတ်ပွသီး ၁ လုံးလောက်ကို ပါးပါးလှီးပါ။ ပြီးရင် ကြက်သွန်နီကို ပါးပါးလှီးပါ။ ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းလိုပါတယ်။ ပဲစိမ်းပြုပ် ခွက် ၂/၃ ပုံစာလိုပါတယ်။

ဆီအနည်းငယ်ထည့်ပါ။ ပြီးရင်ပူလာအောင်သည်ပြီး စောစောကလှီးထားတဲ့ ကြက်သွန်နီနဲ့ ငရုတ်ပွသီးအနည်းငယ်ထည့်ပါ။ ပြီးရင် ပဲစိမ်းပြုတ်ထည့်ပါ။ ပြီးရင် Spaghetti ထည့်ပါ။ ၄မိနစ် ၅ မိနစ်လောက်ကြော်ပြီးရင် ရပါပြီ။ အဲဒီ Spaghetti ခေါက်ဆွဲဟာ ကယ်လိုရီပါဝင်မှု ၄၂၀ ရှိပါတယ်။

ပဲသီး၊ ကြက်ဥမွှေကြော်နဲ့ ပေါင်မှုန့်မီးကင်

broccoli

အရမ်းကိုလွယ်ကူတဲ့ မနက်စာပါ။ ကိုယ်အလေးချိန်လျှော့ချရာမှာလည်းအကူအညီဖြစ်ပြီး ဗိုက်လည်းပြည့်စေပါတယ်။ ပဲသီးမှာ အမျှင်ဓတ်တွေလည်းပါဝင်ပြီး ခန္တာကိုယ်အတွက် အားအင်တွေလည်းပေးနိုင်ပါတယ်။ ပဲသီးကိုပြုတ်ပြီး ဆား၊ ဆီအနည်းငယ်နဲ့ နယ်လိုက်ပါ။ ကြက်ဥကို မွှေကြော်လိုက်ပါ။ ပေါင်မှုန့် တစ်ချပ်ကို မီးကင်လိုက်ပါ။

အသီးအရွက်ပြုပ်

boiledveggies

လတ်ဆတ်တဲ့အသီးအရွက် အမျိုးစုံကိုရောပြီး ပြုပ်စားပေးနိုင်ပါတယ်။ အမျှင်ဓါတ်၊ ပရိုးတင်းဓါတ်နဲ့ အဟာရဓါတ်တွေပါဝင်လို့ ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ပဲ၊ ဂေါ်ဖီ စတဲ့အရွက်တွေကို ပြုတ်ပေးပြီး အရသာရှိအောင် ဟင်းခတ်အမွှေးအကြိုင်တွေထည့်နှယ်ပါ။ ပြီးရင် ပူပူလေးစားသုံးပါ။ မနက်စာအဖြစ်စားသုံးပေးနိုင်ပါတယ်။

ငှက်ပျောသီးဖျော်ရည်

bananasmoothies

ငှက်ပျောသီး ၂ လုံး ၃ လုံးလောက်ကို ပါးပါးလှီးလိုက်ပါ။ ပြီးရင် ဖျော်စက်ထဲထည့်ပြီး ဖျော်လိုက်ပါ။ ပြီးရင် ပျားရည်ထည့်ပြီး သောက်ပါ။ သစ်ကြမ်းပိုးခေါက်မှုန့်လည်း ထည့်နိုင်ပါတယ်။ ဝိတ်လည်းကျစေမဲ့အပြင် ပရိုတင်းဓါတ် အဟာရဓါတ်နဲ့ အမျှင်ဓါတ်တွေ ပေးစွမ်းနိုင်ပါတယ်။

ပန်းသီး မုန်လာဥနီ ဖျော်ရည်

applecarrot

မုန်လာဥနီ ၁ လုံးနဲ့ ပန်းသီး ၁ လုံးကိုယူပါ။ ပြီးရင် အတုံးလိုက်လှီးပေးပြီး ဖျော်စက်ထဲထည့်ကာဖျော်ပေးပါ။ ပျားရည်ရယ် သစ်ကြမ်းပိုးခေါက်မှုန့်ရယ် ထည့်ပြီး သောက်ပေးပါ။ သံပုရာရည် ညှစ်ထည့်ချင်လည်းရပါတယ်။