ပိန္နဲစေ့၏ အာနိသင်များ

Share this on:

ပိန္နဲစေ့ ၏ အာနိသင်များ

1. အရေးအကြောင်းများ ပျောက်စေခြင်း (Fights wrinkles:)
ပိန္နဲစေ့ တစေ့ကို နို့အေးထဲတွင် ခဏ စိမ်ထားပါ ။ ၎င်းနောက် အစေ့ကို သေချာ ကြိတ်ချေပါ ။ မျက်နှာပေါ်မှ အရေးအကြောင်းများကို ဖုံးအုပ် လိမ်းကျံပါ ။
၎ ပတ် ၅ ပတ် လောက် ကြာလျှင် မျက်နှာ ချော့မွေ့ ၍ အရေးအကြောင်းများ ပျောက်ကွယ်သွားပါလိမ့်မည် ။

2. အဆင်း ၀င်းပစေခြင်း (Helps get a glowing complexion:)
ပိန္နဲစေ့ကို တိုက်ရိုက် စားသုံးနိုင်ပါသည် ။ ဖိုင်ဘာကြွယ်ဝ သဖြင့် ၀မ်းချုပ်ခြင်း ကို ကာကွယ်ပါသည် ။ ၀မ်းမှန်သဖြင့် အသားအရေ ကြည်လင်ဝင်းပ လာပါမည် ။

3. ပြစ်မျိုး မှဲ့ မထင် ( Flawless skin:)
ပိန္နဲစေ့အခြောက်ကို နို့ ၊ ပျားရည် တို့ နှင့် စိမ်ပါ ။ နို့ ၊ ပျားရည် တို့ နှင့် ရော၍ အနှစ်ဖြစ်အောင် ကြိတ်ချေပါ ။ မျက်နှာ ၊ လည်ပင်း ၊ လက် ပေါ်တွင် လိမ်းကျံပါ ။
မိနစ် အနည်းငယ်ထားပြီး မျက်နှာသစ် ၊ ဆေးကြောပါ ။ အနာအဆာ ကင်းသော အသားအရေ ကို ရရှိပါလိမ့်မည် ။

4. ပရိုတိန်း ကြွယ်ဝခြင်း (High in protein:)
ပိန္နဲစေ့သည် ပရိုတိန်းဓါတ် ကြွယ်ဝစွာ ပါရှိပါသည် ။ ပိန္နဲစေ့ကို ဟင်းလျာများတွင် ထဲ့ချက်၍ စားသုံးနိုင်ပါသည် ။

5. ကင်ဆာကာကွယ်ခြင်း (Anti-cancer nutrients:)
ဖိုင်တိုနူးတြိရင့် ( phytonutrients ) များစွာပါဝင်သဖြင့် ကင်ဆာရောဂါကို ကာကွယ်ပါသည် ။

6. အစာကြေခြင်း (Comfort from indigestion:)
ပိန္နဲစေ့ နေလှမ်း အခြောက်ခံ၍ အမှုန့် ပြု ပြီး စားသုံးပါက အစာကြေစေပါသည် ။ ရင်ပြည့် ရင်ကယ်ဖြစ်ခြင်း ပျောက်စေပါသည် ။

7. ဆံပင်သန်စေခြင်း ( Promotes hair growth:)
ဦးရေပြားအတွင်း သွေးလှည့်ပတ်ခြင်းကို ကောင်းစေသဖြင့် ၊ ဆံပင်ပေါက်ခြင်း ၊ သန်စွမ်းခြင်းကို ဖြစ်စေပါသည် ။

8.ဗီတာမင် အေ (Vitamin A:)
ဗီတာမင် အေ ကြွယ်ဝစွာပါဝင်သဖြင့် ဆံပင် ခြောက်ခြင်း ၊ ကြွပ်ဆတ်ခြင်း ကိုလည်း ကာကွယ်ပေးပါသည် ။

9. အစာချေခြင်း (Healthy digestion:)
ပိန္နဲစေ့သည် အစာချေခြင်းကို အထောက်အပံ့ပေးပါသည် ။ အစာကြေခြင်းက ဆံပင်ကောင်းမွန်ခြင်းအတွက် အရေးကြီးပါသည် ။ အစာမကြေပါက အသဲလုပ်ငန်း ထိခိုက်ပြီး ၊ အသဲလုပ်ငန်း ထိခိုက်သောအခါ ဆံပင်ကျွတ်တတ်ပါသည် ။ အသဲ ကျန်းမာရေး နှင့် ဆံပင်ကျွတ်ခြင်း ဆက်နွယ်နေပါသည် ။

ကြုံသည့်အခါ ပိန္နဲစေ့ကို ပြုတ်စားခြင်း ၊ ဖုတ်စားခြင်း ပြုကြသော်လည်း ၊ ကျန်းမာရေးအကျိုးငှာ သီးသီးသန့်သန့် စားသုံးလေ့ မရှိကြပါ ။

ကျန်းမာချမ်းသာကြပါစေ
Credit: Dr. Myint Thein

Review

User Rating

3 (2 Votes)