ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ပိန္နဲသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

February 28, 2016

ပိန္နဲသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

Share this on:

ပိန္နဲသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ (Health Benefits of Jackfruit)

၁ ။ ကိုယ်ခံအားစံနစ်ကို အားကောင်းစေခြင်း (Strengthen Immune System)
ပိန္နဲသီး မှာ ဗီတာမင် စီ များစွာပါဝင်သဖြင့် ဘက်တီးရီးယား နှင့် ဗိုင်းရပ် ပိုးများကို ကာကွယ်ပါသည် ။ ဗီတာမင် စီ က သွေးဖြူဥများ၏လုပ်ငန်းကို အားပေးပါသည် ။

၂ ။ ကင်ဆာရောဂါကာကွယ်ခြင်း (Protect against Cancer)
ပိန္နဲသီးတွင် ဖိုင်တိုနူးထြိရင့် ( phytonutrients ) များဖြစ်သော လစ်ဂနမ် ( lignans ) ၊ အိုင်ဆိုဖလေဘုန်း ( isoflavones ) ၊ ဆက်ပိုနင် ( saponins ) များ ပါဝင်ပါသည် ။ ၎င်းဓါတ်များက ကင်ဆာ နှင့် အိုမင်းခြင်းကို ကာကွယ်ပေးသည့် သတ္တိရှိပါသည် ။

၃ ။ အစာချေခြင်းကို ကူညီခြင်း ( Aids in healthy digestion )
ပိန္နဲသီးမှာ အစာအိမ်အနာ ပျောက်စေသည့် သတ္တိရှိပြီး ၊ အစာချေ လုပ်ငန်းများကို ကောင်းမွန်စေပါသည် ။ ဖိုင်ဘာဓါတ် ကြွယ်ဝသဖြင့် အစာလမ်းကြောင်း လှုပ်ရှားမှု
ကောင်းစေသဖြင့် ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးပါသည် ။ ဖိုင်ဘာဓါတ်က အူလမ်းကြောင်းတွင်းမှ ကင်ဆာဖြစ်စေမည့် အဆိပ်အတောက်များကို စွန့်ပယ်ရန် အကူအညီ ပေးပါသည် ။

၎ ။ မျက်စိ နှင့် အရေပြားကျန်းမာရေး ( Maintain a Healthy Eye and Skin )
ဗီတာမင် အေ ကြွယ်ဝစွာ ပါဝင်သဖြင့် မျက်စိ ကျန်းမာရေး အတွက်ရော အရေပြား ကျန်းမာရေးအတွက်ပါ ကောင်းမွန်ပါသည် ။

၅ ။ အားတိုးစေခြင်း (Boost Energy)
ပိန္နဲသီးတွင် ဖရပ်တို့ ( fructose ) နှင့် ဆူကရို့ ( sucrose ) ပါဝင်သဖြင့် စွမ်းအင် ချက်ခြင်း တိုးစေပါသည် ။

၆ ။ သွေးတိုးကျစေခြင်း (Lower High Blood Pressure)
ပိုတက်ဆီယမ် ( Potassium ) ပါဝင်သောကြောင့် သွေးတိုး ကျစေသည့်ပြင် နှလုံးရောဂါ ( heart attack ) နှင့် လေဖြတ်ခြင်း ( stroke ) ဖြစ်ခြင်းကိုပါ
ကာကွယ်ပေးပါသည် ။

၇ ။ ရင်ကြပ်ပန်းနာ (Control Asthma)
ပိန္နဲပင်အမြစ်ပြုတ်က ပန်းနာရောဂါ သက်သာပျောက်ကင်းစေပါသည် ။

၈ ။ အရိုးသန်မာစေခြင်း (Strengthen the Bone)
ကယ်လဆီယမ် စုပ်ယူရာတွင် အရေးပါသည့် မဂ္ဂနီဆီယမ်ဓါတ် ကြွယ်ဝစွာပါဝင်ပြီး ၎င်းဓါတ်က ကယ်လဆီယမ်နှင့် ပူးတွဲလုပ်ကိုင်သဖြင့် အရိုးပွရောဂါ (osteoporosis) ကို ကာကွယ်ပြီး ၊ အရိုးများကို သန်မာစေပါသည် ။

၉ ။ သွေးအားနည်းရောဂါ ကာကွယ်ခြင်း (Prevent Anemia)
သံဓါတ် ကြွယ်ဝစွာ ပါဝင်သဖြင့် သွေးအားနည်းရောဂါကို ကာကွယ်ပါသည် ။

၁၀ ။ သိုင်းရွိုက်ဂလင်းကို ထိန်းသိမ်းခြင်း (Maintain a Healthy Thyroid)
ကောပါးဓါတ် (Copper) ကြွယ်ဝစွာ ပါဝင်သဖြင့် သိုင်းရွိုက်ဂလင်း၏ ဟော်မုန်း ထုတ်လုပ်ခြင်း လုပ်ငန်းကို အထောက်အပံ့ ပေးပါသည် ။

ကျန်းမာချမ်းသာကြပါစေ

Credit: ဒေါက်တာမြင့်သိန်း

Review

User Rating

0 (0 Votes)