ကမ္ဘာပေါ်ရှိ လူမျိုးတွေထဲမှာ ဂျပန်လူမျိုးတွေရဲ့ နုပျိုမှုက အံ့မခန်းပါဘဲ။ အသက် ၃၀ အရွယ် အမျိုးသမီးတွေက အသက် ၂၀ အရွယ်လို့ဘဲ ထင်ရသလို အသက် ၄၀ အရွယ် အမျိုးသမီးတွေက အသက် ၂၅ အရွယ် လို့ဘဲ ထင်ရပါတယ်။

သူတို့ကလည်းကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး လူမျိုးတွေလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဂျပန်တွေ စားသုံးလေ့ရှိတဲ့ အလေ့အထတွေထဲမှ အရွယ်တင်နုပျိုစေမယ့် လျို့ဝှက်ချက်တွေကို Brightside ကျန်းမာရေး မဂ္ဂဇင်းက ရှာဖွေထားပါတယ်။

8989010-photo02-1484118172-650-0656441b54-1484556221

အဟာရပြည့်စုံတဲ့ အစားအစာများ

ဂျပန် လူမျိုးတွေက အများကထင်သလို ဆူဇီဘဲ စားကြတာမဟုတ်ပါဘူး။ သူတို့က ငါး၊ ရေညှိစိမ်း၊ အသီးအရွက်၊ ပဲပြား၊ ထမင်း၊ အသီးအနှံ နဲ့ Green Tea တို့ အဓိက စားသုံးကြတာဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေ စားသုံးကြတဲ့ အစားအစာတွေက အဟာရ ပြည့်ဝလေ့ရှိပြီး ကယ်လိုရီမြင့်မားတဲ့ အစားအစာများနှင့် အသင့်စား အစားအစာများ ကို ရှောင်ကြဉ်လေ့ရှိပါတယ်။

ရာသီနဲ့ ကိုက်ညီတဲ့ အစားအစာများ ကို ချက်ပြုတ်စားတတ်ကြပါတယ်။ ဆောင်းတွင်းဆိုရင် အသား၊ငါး၊ ဟင်းရည်ပူတွေ ချက်ပြုတ်စားတတ်ကြပြီး နွေရာသီမှာ ဟင်းရည်အေး၊ ပင်လယ်စာ၊ ခေါက်ဆွဲအေး နဲ့ ဆလပ်ရွက်တို့ စားသောက်လေ့ရှိပါတယ်။

8989060-P1180681-1024x768-1484135833-650-061b48e698-1484556221

ဟင်းချက်တဲ့ ပုံစံ

ဂျပန် ဟင်းလျာတွေကလည်း ပြုတ်၊ ကင် နဲ့ ဆီ အနည်းငယ်ဖြင့်သာ ချက်ပြုတ် ကြော်စား ကြတာများပါတယ်။ အသီးအရွက်တွေကလည်း ဓားနဲ့ ပါးပါးလှီးပြီး ချက်ပြုတ်ကြတာကြောင့် အမြင်လှပပြီး အလျင်အမြန်လည်း ကျက်လွယ်ပါတယ်။

ဂျပန် အစားအစာတွေက အဟာရ မျှမျှတတ ပါဝင် ကြတာ များပါတယ်။

စားသောက်ပုံ ဓလေ့

ဂျပန်လူမျိုးတွေက အစားအစာ နည်းနည်းလေးကို ဖြေးဖြေးလေး စားသုံးကြတာများပါတယ်။ အစားအစာတွေရဲ့ သဘာ၀ အရသာ၊ သဘာ၀ အရောင်အတိုင်းထားပြီး ချက်ပြုတ်ကြပါတယ်။ အမျိုးအစားမတူတဲ့ အစားအစာတွေကို မတူညီတဲ့ ပန်းကန်တွေထဲမှာ ထည့်ထားလို့ရပါတယ်။ ဒီလို ဆင်ယင်ထားရင် အစားအစာအများကြီးလို့ ထင်မြင်မိသွားပြီး အများကြီး မစားမိဖို့ ကူညီပေးပါလိမ့်မယ်။

8989210-e3-1484121839-650-5fc5c7adb4-1484556221

ပေါင်မုန့် အစား ထမင်း

ထမင်းက အဓိက အစားအစာဖြစ်ပါတယ်။ ထမင်းချက်တဲ့အချိန်မှာ ဆားတို့ ထောပတ်တို့ ထည့်ပြီး မချက်ပါဘူး။ ထမင်းလည်း သင့်တော်ရုံလောက်ဘဲ စားကြပါတယ်။ ဒါက သူတို့ကို ပိန်ပိန်ပါးပါး နဲ့ နုပျိုစေတဲ့ အချက်ပါဘဲ။

မနက်စာက တစ်နေ့လုံးအတွက် အဓိက အစားအစာ

ဂျပန်နိုင်ငံမှာ မနက်စာကို အဟာရ အစုံရအောင် စားကြပါတယ်။ မနက်စာကို အဓိက အစားအစာလို စားကြပြီး ငါး၊ ထမင်း၊ကြက်ဥ၊ မီဆို ဟင်းရည်၊ ပဲပြား ချက်၊ ရေညှိ နဲ့ Green Tea စသဖြင့် အစုံအလင် စားသောက်ကြပါတယ်။

8988960-Pirozhnye-moti1-1484134186-650-bcd14bd3c8-1484556221

ဂျပန်တွေရဲ့ အချိုပွဲ

အချိုပွဲတွေ စားသုံးကြတာ နည်းပါတယ်။ ဂျပန်တွေရဲ့ အချိုပွဲတွေက သကြား၊ အဆီ ဓာတ်တွေ ပါဝင်တာ နည်းပြီး ရေခဲမှုန့်ကိုတောင် ဆန်ကနေ ဘဲ လုပ်ပါတယ်။ ဒါကြောင့် ဂျပန် အချိုပွဲတွေ စားသုံးရင်လည်း ခါးမှာ အဆီ မကျန်ခဲ့အောင် ကူညီပေးမှာ ဖြစ်ပါတယ်။