[Unicode]

အသည်းကျန်းမာရေးဟာ ကျွန်မတို့လူသားတွေအတွက် သိပ်ကိုအရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ အသည်းဟာ ခန္ဓာကိုယ်အတွင်း ဓါတုပစ္စည်းပါဝင်မှုကို ထိန်းချုပ်ပေးပါတယ်။ ဒါ့အပြင် အညစ်အကြေးတွေကိုလည်း စွန့်ထုတ်ပေးပါတယ်။

သွေးတွင်းအက်ဆစ်ပါဝင်မှုကို ထိန်းချုပ်ပေးသလို သွေးခဲခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အသည်းမှာ တခြားလုပ်ဆောင်ချက်တွေလည်း အများအပြားရှိပါတယ်။ ဒါ့ကြောင့် အသည်းကျန်းမာရေးဟာ သိပ်ကိုအရေးကြီးပါတယ်။

ဘယ်အချိန်မှာ အသည်းကို သန့်စင်ပေးသင့်လဲ။

သင်စားတဲ့အစားအစာတိုင်းမှာ အသည်းကိုရော ခန္ဓာကိုယ်တစ်ခုလုံးကိုပါ ကျန်းမာစေတဲ့အစားအစာတွေ ထည့်သွင်းစားသုံးပေးပါ။ အသည်းသန့်စင်ပေးရမယ့်အချိန်ကတော့ အဆီပါဝင်မှုများတဲ့ အစားအစာစားပြီးတဲ့အခါ မအီမသာဖြစ်ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ အာပုပ်ဆော်နံခြင်း၊ လျှာပေါ်မှာ အဖြူရောင်အဖတ်တွေဖြစ်ခြင်း စတဲ့လက္ခဏာတွေဖြစ်လာတဲ့အခါ အခုအောက်မှာဖော်ပြတဲ့ အစားအစာတွေစားပေးပါ။

၁။ ကြက်သွန်ဖြူ

garlic-03

ကြက်သွန်ဖြူဟာ အသည်းကိုသန့်စင်ပေးပြီး အသည်းကို ကျန်းမာသန်စွမ်းစေပါတယ်။ ကြက်သွန်ဖြူမှာ Selenium, Arginine, ဗီတာမင် B6, C ပါဝင်လို့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ Amino အက်ဆစ်ပါဝင်လို့ သွေးကြောလေးတွေကို သန့်စင်ပေးသလို သွေးဖိအားကိုလည်း ထိန်းထားပေးနိုင်ပါတယ်။ ဗီတာမင် B6 ပါဝင်လို့လည်း ရောင်ရမ်းမှုကို သက်သာစေပါတယ်။

၂။ ဂရိတ်ဖရု

Toronja

ဂရိတ်ဖရုဟာ Citrus အသီးအုပ်စုဝင်ဖြစ်ပါတယ်။ ဗီတာမင် C ပါဝင်မှုမြင့်မားလို့ အသည်းကို သန့်စင်ပေးပါတယ်။ သကြားမထည့်ဘဲ အသီးကိုစားပေးပါ။ ဒါမှမဟုတ် သကြားနည်းနည်းပဲထည့်ပြီး ဖျော်ရည်လုပ်ပြီးသောက်ပေးပါ။

၃။ အသီးအရွက်များ

spinach-web

Spinach အရွက်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ပန်းဂေါ်ဖီစတာတွေအပြင် အသီးအရွက်ကို စားပေးတာဟာ ခန္တာကိုယ်အတွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသည်းကိုကျန်းမာစေပါတယ်။

၄။ ထောပတ်သီး

Avocado

ထောပတ်သီးမှာ Glutathione ဓာတ်ကြွယ်ဝစွာပါဝင်ပြီး အသည်းကို သန့်စင်ပေးပါတယ်။ ဗီတာမင် C ၊ ဗီတာမင် K နဲ့ E စတာတွေပါဝင်လို့ လည်းအသည်းကို ကာကွယ်ပေးပြီးရောင်ရမ်းမှုကို သက်သာစေပါတယ်။

၅။ သစ်ချသီး

Nueces

သစ်ချသီးမှာ Omega 3 Fatty Acid နဲ့ Glytathione ပါဝင်လို့ အသည်းကို သန့်စင်ပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အသည်းဆီဖုံးတာကို ကာကွယ်ပေးပါတယ်။ ဒါပေမယ့်လည်း တစ်နေ့ကို သစ်ချသီး ၅ လုံးထက်ပိုမစားသင့်ပါဘူး။ ကယ်လိုရီပါဝင်မှုများလို့ပါ။

၆။ နနွင်း

အသည်းကို သန့်စင်ပေးပြီး သင့်ကိုကျန်းမာစေမယ့် အစားအစာ ၆ မျိုး

နနွင်းကို မြန်မာတို့ရဲ့ အိမ်တိုင်းမှာတွေ့ရလေ့ရှိပါတယ်။ အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး အသည်းကိုကျန်းမာစေပါတယ်။ ဟင်းချက်ရာမှာ နနွင်းကိုထည့်သွင်းစားသုံးပေးမယ်ဆိုရင် အသည်းကို ကျန်းမာစေမှာဖြစ်ပါတယ်။

အနည်းဆုံး ၆ လကို ၁ ခါ အသည်းကိုသန့်စင်ပေးသင့်ပါတယ်။

[Zawgyi]

အသညး္က်န္းမာေရးဟာ ကၽြန္မတို႔လူသားေတြအတြက္ သိပ္ကိုအေရးႀကီးတဲ့ အဂၤါအစိတ္အပိုင္းတစ္ခုပဲျဖစ္ပါတယ္။ အသည္းဟာ ခႏၶာကိုယ္အတြင္း ဓါတုပစၥည္းပါ၀င္မႈကို ထိန္းခ်ဳပ္ေပးပါတယ္။ ဒါ့အျပင္ အညစ္အေၾကးေတြကိုလည္း စြန္႔ထုတ္ေပးပါတယ္။

ေသြးတြင္းအက္ဆစ္ပါ၀င္မႈကို ထိန္းခ်ဳပ္ေပးသလို ေသြးခဲျခင္းကိုလည္း ကာကြယ္ေပးပါတယ္။ ဒါ့အျပင္ အသည္းမွာ တျခားလုပ္ေဆာင္ခ်က္ေတြလည္း အမ်ားအျပားရွိပါတယ္။ ဒါ့ေၾကာင့္ အသည္းက်န္းမာေရးဟာ သိပ္ကိုအေရးႀကီးပါတယ္။

ဘယ္အခ်ိန္မွာ အသည္းကို သန္႔စင္ေပးသင့္လဲ။

သင္စားတဲ့အစားအစာတိုင္းမွာ အသည္းကိုေရာ ခႏၶာကိုယ္တစ္ခုလံုးကိုပါ က်န္းမာေစတဲ့အစားအစာေတြ ထည့္သြင္းစားသံုးေပးပါ။ အသည္းသန္႔စင္ေပးရမယ့္အခ်ိန္ကေတာ့ အဆီပါ၀င္မႈမ်ားတဲ့ အစားအစာစားၿပီးတဲ့အခါ မအီမသာျဖစ္ျခင္း၊ ၀မ္းဗိုက္နာက်င္ျခင္း၊ ၀မ္းခ်ဳပ္ျခင္း၊ အာပုပ္ေဆာ္နံျခင္း၊ လွ်ာေပၚမွာ အျဖဴေရာင္အဖတ္ေတြျဖစ္ျခင္း စတဲ့လကၡဏာေတြျဖစ္လာတဲ့အခါ အခုေအာက္မွာေဖာ္ျပတဲ့ အစားအစာေတြစားေပးပါ။

၁။ ၾကက္သြန္ျဖဴ

garlic-03

ၾကက္သြန္ျဖဴဟာ အသည္းကိုသန္႔စင္ေပးၿပီး အသည္းကို က်န္းမာသန္စြမ္းေစပါတယ္။ ၾကက္သြန္ျဖဴမွာ Selenium, Arginine, ဗီတာမင္ B6, C ပါ၀င္လို႔ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးပါတယ္။ Amino အက္ဆစ္ပါ၀င္လို႔ ေသြးေၾကာေလးေတြကို သန္႔စင္ေပးသလို ေသြးဖိအားကိုလည္း ထိန္းထားေပးႏိုင္ပါတယ္။ ဗီတာမင္ B6 ပါ၀င္လို႔လည္း ေရာင္ရမ္းမႈကို သက္သာေစပါတယ္။

၂။ ဂရိတ္ဖရု

Toronja

ဂရိတ္ဖရုဟာ Citrus အသီးအုပ္စု၀င္ျဖစ္ပါတယ္။ ဗီတာမင္ C ပါ၀င္မႈျမင့္မားလို႔ အသည္းကို သန္႔စင္ေပးပါတယ္။ သၾကားမထည့္ဘဲ အသီးကိုစားေပးပါ။ ဒါမွမဟုတ္ သၾကားနည္းနည္းပဲထည့္ၿပီး ေဖ်ာ္ရည္လုပ္ၿပီးေသာက္ေပးပါ။

၃။ အသီးအရြက္မ်ား

spinach-web

Spinach အရြက္၊ ပန္းေဂၚဖီစိမ္းနဲ႔ ပန္းေဂၚဖီစတာေတြအျပင္ အသီးအရြက္ကို စားေပးတာဟာ ခႏၱာကိုယ္အတြင္း အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးၿပီး အသည္းကိုက်န္းမာေစပါတယ္။

၄။ ေထာပတ္သီး

Avocado

ေထာပတ္သီးမွာ Glutathione ဓာတ္ၾကြယ္၀စြာပါ၀င္ၿပီး အသည္းကို သန္႔စင္ေပးပါတယ္။ ဗီတာမင္ C ၊ ဗီတာမင္ K နဲ႔ E စတာေတြပါ၀င္လို႔ လည္းအသည္းကို ကာကြယ္ေပးၿပီးေရာင္ရမ္းမႈကို သက္သာေစပါတယ္။

၅။ သစ္ခ်သီး

Nueces

သစ္ခ်သီးမွာ Omega 3 Fatty Acid နဲ႔ Glytathione ပါ၀င္လို႔ အသည္းကို သန္႔စင္ေပးၿပီး အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးပါတယ္။ အသည္းဆီဖံုးတာကို ကာကြယ္ေပးပါတယ္။ ဒါေပမယ့္လည္း တစ္ေန႔ကို သစ္ခ်သီး ၅ လံုးထက္ပိုမစားသင့္ပါဘူး။ ကယ္လိုရီပါ၀င္မႈမ်ားလို႔ပါ။

၆။ နႏြင္း

အသည္းကို သန္႔စင္ေပးၿပီး သင့္ကိုက်န္းမာေစမယ့္ အစားအစာ ၆ မ်ိဳး

နႏြင္းကို ျမန္မာတို႔ရဲ့ အိမ္တိုင္းမွာေတြ႔ရေလ့ရွိပါတယ္။ အဆိပ္အေတာက္ေတြကိုဖယ္ရွားေပးၿပီး အသည္းကိုက်န္းမာေစပါတယ္။ ဟင္းခ်က္ရာမွာ နႏြင္းကိုထည့္သြင္းစားသံုးေပးမယ္ဆိုရင္ အသည္းကို က်န္းမာေစမွာျဖစ္ပါတယ္။

အနည္းဆံုး ၆ လကို ၁ ခါ အသည္းကိုသန္႔စင္ေပးသင့္ပါတယ္။