ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

စိတ်ဓာတ်ကျရင်စားသင့်တဲ့ အစားအစာ (၆) မျိုး

August 3, 2016

စိတ်ဓာတ်ကျရင်စားသင့်တဲ့ အစားအစာ (၆) မျိုး

Share this on:

စိတ်ဖိစီးမှုတွေ များလာတဲ့အခါ လူတွေအတွက် ပြေရာပြေကြောင်း ထွက်ပေါက်တွေ လိုအပ်
ပါတယ်။ အဲဒီ စိတ်ဖိစီးမှုတွေကို အပြင်ကို ထွက်ခွင့်မပေးဘဲ စိတ်ထဲမှာ လှိုက်လှဲစွာ ခံစားနေရ
ရင်၊ ခံစားရပါများလာတဲ့အခါမျိုးမှာ စိတ်ဖိစီးမှုတွေဟာ စိတ်ကျရောဂါအဖြစ် အသွင်ပြောင်းသွား
ပါတော့တယ်။ ဒီလို စိတ်ကျရောဂါအတွက် သင့်တော်တဲ့ အစားအသောက် (6) မျိုးကို ဖော်ပြ
ပေးလိုက်ပါတယ်။

1. နနွင်း

မြန်မာနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ ဟင်းခတ်အမွှေးအကြိုင် သစ်ဥတစ်မျိုးဖြစ်ပါတယ်။ ဒီ နနွင်းကို အမှုံ့
ကြိတ်၍ ဖြစ်စေ၊ နနွင်းတက်အတိုင်း ဖြစ်စေ ရေနွေး၊ ရေ စတာတွေနဲ့ သင့်တော်တဲ့ ပမာဏထည့်
ပြီး နေ့စဉ်သောက်ပေးပါက စိတ်ကျရောဂါကို သက်သာစေပါတယ်။ နနွင်းမှာ Curcumin ဓာတ်
ပါဝင်လို့ စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။

2. ဗီတာမင် C ကြွယ်ဝသော အစားအစာများ

ဗီတာမင် C ဓာတ်ဟာ စိတ်ရှုပ်ထွေးမှုကို မဖြစ်စေပဲ စိတ်ကြည်လင်လန်းဆန်းမှုကို ဖြစ်စေပါတယ်။
ဗီတာမင် C အလွန်မြင့်မားတဲ့ အစားအစာတွေကတော့ ငရုတ်ကောင်း/ငရုတ်သီး၊ မာလကာသီး၊
ကိုက်လံ/ပန်းမုန်လာ အစရှိတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ ကီဝီသီး၊ စတော်ဘယ်ရီသီး၊
ရှောက်မျိုးနွယ်ဝင် သစ်သီးများ၊ ခရမ်းချဉ်သီး၊ ပဲသီးတောင့်အမျိုးမျိုး၊ သင်္ဘောသီး-စတာတွေ ဖြစ်
ပါတယ်။

3. ကော်ဖီ

စိတ်ဖိအားကို ကျဆင်းစေတဲ့ အစားအသောက်များမှာ ကော်ဖီဟာလည်း ထိရောက်တဲ့ သောက်စရာ
တစ်မျိုး ဖြစ်ပါတယ်။ ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်ဟာ စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။ ဒါ
ကြောင့် သိပ္ပံပညာရှင်တွေက လေးခွက်ထက်မပိုတဲ့ ကော်ဖီကို နေ့စဉ်သောက်သုံးပေးသင့်ကြောင်း
အကြံပြုထားခြင်း ဖြစ်ပါတယ်။

4. ပင်လယ်စာများ

ခရု/ကမာ/ယောက်သွား/ဂုံး-စတဲ့ ပင်လယ်စာတွေမှာ Omega 3 Fatty Acid ကြွယ်ဝစွာ ပါဝင်လို့ စိတ်
ဓာတ်ကျနေသူများ စားသုံးသင့်ပါတယ်။ Omega 3 Fatty Acid ဟာ လူကို ကြည်လင်လန်းဆန်းစေတဲ့
အပြင် မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

5. သစ်ကြားသီး

အာရှနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဂျပန်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေမှာတော့ သစ်ကြားသီးဟာ အလွန်ပေါပါ
တယ်။ မြန်မာနိုင်ငံမှာလည်း ကုန်းပြင်မြင့်ဒေသတွေမှာ စမ်းသပ်စိုက်ပျိုးမှုတွေ ရှိနေပြီး အရမ်းကြီး ပေါ
ပေါများများတော့ မထုတ်လုပ်နိုင်သေးပါဘူး။ Omega 3 Fatty Acid ဓာတ် ကြွယ်ဝတဲ့ အသီးဖြစ်လို့ စိတ်
ကျရောဂါသမားများအတွက် သင့်တော်ပါတယ်။

6. ဖရုံစေ့

မြန်မာနိုင်ငံမှာ မန္တလေးကဲ့သို့သော မြို့တွေမှာတော့ ဖရုံစေ့လှော်အထုပ်ကလေးတွေ ကားဂိတ်လိုနေရာ
မျိုးမှာ ရောင်းတတ်ပါတယ်။ ဈေးလည်း အလွန်ချိုသာပါတယ်။ ဖရုံစေ့မှာ အိပ်စက်ခြင်းကို အားပေးတဲ့
L-Tryptophan, နဲ့ Amino Acid ဓာတ် ပါဝင်ပါတယ်။ ကောင်းကောင်းအိပ်ပျော်လေ စိတ်ဖိအား ကင်း
လေပါဘဲ။

Credit: Shwemom http://shwemom.com

Review

User Rating

4.2 (5 Votes)