အစားအသောက်တွေကို လိုလိုမယ်မယ်ဝယ်ထားပေမယ့်လည်း ကြာကြာအထားမခံဘဲ ပုပ်သိုးသွားတော့ ပိုက်ဆံကုန်တာပဲအဖတ်တင်တာပေါ့။ ဒါကြောင့် အိမ်ရှင်မတွေသာမက လူတိုင်းသိထားသင့်တဲ့ အစားအသောက်တွေကို မပုပ်မသိုးဘဲ ကြာရှည်ခံအောင် ဘယ်လိုတွေထားသင့်လဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

အသားကိုကြာကြာအထားခံချင်ရင်တော့ City Mart တွေမှာထားသလိုထားပေးရပါမယ်။ အရင်ဆုံး Sandwich Bag လို့ခေါ်တဲ့အိတ်လေးထဲကို အသားထည့်လိုက်ပါ။ ပိတ်တဲ့အခါမှာတော့ အဆုံးထိမပိတ်ဘဲ နည်းနည်းဟထားပြီး ရေထဲကိုနှစ်လိုက်ပါ။ အသားထည့်ထားတဲ့နေရာလေးမြုပ်သွားရင်တော့ အိတ်ကိုလုံအောင်ပိတ်လိုက်လို့ရပါပြီ။ အိတ်ထဲကို ရေလုံးဝမ၀င်ပါစေနဲ့။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်မယ်ဆိုရင် ကြာကြာအထားခံပါတယ်။

Source: www.youtube.com

စတော်ဘယ်ရီသီးတွေ မပုပ်မသိုးပဲကြာကြာခံအောင် ဇလုံတစ်လုံးထဲကို ရေထည့်ပြီး Apple Cider Vinegar – တစ်ခွက်လောက်ထည့်လိုက်ပါ။ ပြီးရင်တော့ စတော်ဘယ်ရီထည့်ထားတဲ့ဘူးလေးကို ခဏစိမ်လိုက်ပြီး ရေစစ်ချကာ ရေခဲသေတ္တာထဲမှာ ပြန်ထည့်ထားလိုက်ပါ။ ဒါဆိုရင်တော့ မပုပ်မသိုးဘဲကြာကြာအထားခံပါတယ်။

Source: www.youtube.com

ပေါင်မုန့်ကိုဒီတိုင်းထားမယ်ဆိုရင်တော့ မှိုတက်မှာပါ။ ဒီလိုမဖြစ်ရအောင် ပေါင်မုန့်ထည့်ထားတဲ့အိတ်ထဲကို တရုတ်နံနံကြီးထည့်ပြီး ပိတ်ထားလိုက်ပါ။ ဒါဆိုရင်တော့ ပေါင်မုန့်ကကြာကြာအထားခံပါတယ်။

Source: www.youtube.com

နွားနို့ပျက်ပြီးချဉ်မသွားအောင် နွားနို့ကိုစဝယ်လာကတည်းက စားပွဲတင်ဆား – နည်းနည်းလေးထည့်လိုက်ပါ။ ပြီးရင်တော့ ပုလင်းကို လှုပ်ယမ်းလိုက်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်ပါ။ ဒါဆိုရင်တော့ နွားနို့ကကြာကြာအထားခံပါတယ်။

Source: www.youtube.com

ငှက်ပျောသီးကို မရိသွားစေချင်ဘူး၊ ကြာကြာအထားခံချင်တယ်ဆိုရင်တော့ ငှက်ပျောသီးအခိုင်ထိပ်ကို ပလတ်စတစ်နဲ့သေချာပတ်ထားပေးပါ။ ဒါဆိုရင် အထားခံပါတယ်။

Source: www.youtube.com

ကွတ်ကီးတွေက ကြာလာရင် မာပြီးတောင့်သွားတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ကွတ်ကီးကိုပုလင်းထဲထည့်ပြီး အဲ့ထဲကို ပေါင်မုန့်တစ်ချပ်ပါ ထည့်ထားပေးပါ။ ပြီးရင်တော့ ပုလင်းကိုအဖုံးလုံအောင် ပိတ်ထားလိုက်ပါ။ ဒါဆိုရင်တော့ ကွတ်ကီးလည်းမာတောင့်သွားမှာ မဟုတ်ပါဘူး။

Source: www.youtube.com