ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

အသဲအတွက်သင့်တော်တဲ့ အစားအစာ (၇) မျိုး

August 6, 2016

အသဲအတွက်သင့်တော်တဲ့ အစားအစာ (၇) မျိုး

Share this on:

လူတွေရဲ့ နေ့စဉ်ဘ၀တွေ ကျန်းမာဖို့အတွက် ကိုယ်တွင်းအင်္ဂါတွေလည်း ကျန်းမာမှ ဖြစ်နိုင်ပါတယ်။ ပြင်ပခန္ဓာကိုယ်ကြီးရဲ့
ကျန်းမာရေးဟာ ကိုယ်တွင်းအင်္ဂါတွေ မကျန်းမာတာနဲ့ ကြာကြာတောင့်မခံနိုင်တော့ဘဲ ဘုန်းဘုန်းလဲရပါတော့တယ်။ ဒီ
တော့ ကိုယ်တွင်းအင်္ဂါတွေထဲက တစ်ခုဖြစ်တဲ့ အသဲကျန်းမာရေးအတွက် သုံးဆောင်ပေးဖို့ လိုအပ်တဲ့ အစားအစာ(၇)မျိုး
ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရေနွေးကြမ်း

2

ရေနွေးကြမ်းဟာ အသဲကျန်းမာရေးအတွက် အထူးသင့်တော်တဲ့ ဆေးဝါးတစ်လတ်ဖြစ်ပါတယ်။ အသဲကို အနာရောဂါ
ကင်းရှင်းစေပြီး သန့်ရှင်းစင်ကြယ်စေပါတယ်။ ဒါ့အပြင် သွေးတွင်းကိုလက်စထရောပါဝင်မှုကို အမြန်လျှော့ချပေးနိုင်လို့
နှလုံး၊ သွေးတိုး၊ ဆီးချို-စတဲ့ ရောဂါတွေကိုလည်း မဖြစ်စေပါဘူး။

(၂) လတ်ဆက်သော သစ်သီးများ

3

ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ ထောပတ်သီး လတ်ဆက်တဲ့ သစ်သီးတွေကို စားသုံးပေးပါကလည်း အသဲရောဂါကို မဖြစ်
ဆေးပါဘူး။ အရက်အသောက်များလို့ အသဲထိခိုက်နေသူတွေအတွက်တော့ အမျှင်ဓာတ်နဲ့ အက်စစ်ဓာတ်ပါဝင် လိမ္မော်မျိုး
ရင်းဝင် အသီးတွေကို စားပေးသင့်ပါတယ်။

(၃) ကြက်သွန်ဖြူ

4

ကြက်သွန်ဖြူကို အချို့က ပျားရည်နဲ့ စိမ်သောက်ကြပါတယ်။ ဒါကလည်း အသဲကျန်းမာရေးသာမက ခန္ဓာကိုယ်တွင်း ၀င်
ရောက်လာမည့် ရောဂါဆိုးတွေကို ကြိုတင်ကာကွယ်စေနိုင်ပါတယ်။ ကြက်သွန်ဖြူကို ဒီအတိုင်း စားပေးပါကလည်း အ
သဲကို ကာကွယ်ပေးနိုင်ပါတယ်။

(၄) ကြက်ဟင်းခါးသီးကဲ့သို့ အခါးအရသာရှိသီးနှံများ

5

ကြက်ဟင်းခါးသီးဖျော်ရည်ဟာ အသဲသမားတွေအတွက် သင့်တော်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ကျောက်ကပ်ကျန်း
မာရေးမကောင်းသူတွေအတွက်တော့ ကျောက်ကပ်ကို ပိုပြီး ထိခိုက်စေပါတယ်။

(၅) နနွင်း

6

ဘက်စုံသုံး နနွင်းဟာ အသဲကိုလည်း ကျန်းမာရေး ကောင်းကျိုးပေးနိုင်ပါတယ်။ နနွင်းကို ရေဆူဆူဖန်ခွက်မှာ  လက်ဖက်
ရည်ဇွန်း နှစ်ဇွန်းလောက်ထည့်ပြီး သောက်ပေးပါက အသဲကို ကျန်းမာစေတဲ့အပြင် ခန္ဓာကိုယ်တွင်း ရောဂါတွေကို ပျောက်
ကင်းစေနိုင်ပါတယ်။

(၆) ဟင်းရွက်များ

7

ကိုက်လံ၊ ကန်စွန်း၊ မြင်းခွာ၊ ဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်-စတဲ့ ဟင်းရွက်တွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါ
တယ်။ အသဲကို ရောဂါမျိုးစုံက ကာကွယ်ပေးပြီး အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်လို့လည်း အသဲဆဲလ်တွေ ပျက်စီးခြင်းကို အ
မြန် ကုစား နိုင်ပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

5 (1 Votes)