မနက်ခင်းမှာ ကော်ဖီနဲ့အတူ တွဲဖက်စားသုံးတဲ့ ကိတ်မုန့်၊ အဆီအဆိမ့်တွေများတဲ့ အသားညှပ်ပေါင်မုန့် နေ့ခင်းနေ့လည်မှာ အချိုဓာတ်များတဲ့ ကွတ်ကီဖြင့် အချိုတဲခြင်း၊ ညဘက်မှာ အဆီများတဲ့ ဟင်းလျာများနဲ့ ညစာသုံးဆောင်ခြင်းက သင့်ကျန်းမာရေးအတွက်ရော၊ အသားအရေအလှအပကိုပါ ထိခိုက်နေတယ်ဆိုတာ သင် သတိထားမိရဲ့လား။

ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အဆီ၊ ဆား အလွန်အကျွံစားခြင်း၊ အရက်သေစာသောက်သုံးခြင်းနဲ့ ကာဖိန်းဓာတ်တွေက သင့်ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုးတွေဖြစ်စေတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။

သင့်ကို ရှိရင်းစွဲအသက်ထက် ပိုကြီးတဲ့ပုံပေါက်အောင် ပြုလုပ်နေတဲ့အစားအစာတွေကတော့

သကြားဓာတ်

ကိုယ်အလေးချိန်တက်ခြင်း၊ အရေးအကြောင်းများဖြစ်ပေါ်စေခြင်း၊ အသားအရေတွဲကျခြင်းတို့ကို ဖြစ်ပေါ်စေတဲ့တရားခံကတော့ သကြားပဲဖြစ်ပါတယ်။ သကြားအလွန်အကျွံစားသုံးခြင်းက သင့်အသားအရေရဲ့ Collagen ဓာတ်ကို ပျက်စီးစေပြီး အသားအရေတင်းရင်းမှုကို လျော့ကျစေပါတယ်။

ဝိုင်အလွန်အကျွံသောက်ခြင်း

တန်ဆေး လွန်ဘေးဆိုတဲ့စကားအတိုင်း ဝိုင်တစ်ခွက်ကို ရံဖန်ရံခါသောက်သုံးခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်ပေမယ့် အလွန်အကျွံသောက်သုံးတဲ့အခါမှာတော့ သင့်အသည်းကို ထိခိုက်နိုင်ပါတယ်။ သင့် အသည်းပျက်စီးတဲ့အခါ ခန္ဓာကိုယ်ရှိအညစ်အကြေးနဲ့ အဆိပ်အတောက်များကို ကောင်းစွာမစစ်ထုတ်နိုင်တော့ဘဲ အသားအရေတင်းရင်းမှုလျော့ကျခြင်း၊ ဝက်ခြံပေါက်ခြင်း၊ အရေးအကြောင်းဖြစ်ပေါ်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် အသားအရေခြောက်သွေ့ကြမ်းတမ်းခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။

ဆီများများနဲ့ ထည့်ကြော်ထားတဲ့ အစားအစာတွေအစား သဘာဝဆီများကိုသာ မှီဝဲပါ။

ဆော်လမွန်ငါး၊ ထောပတ်သီး၊ အယ်လ်မွန်သီး၊ အစိမ်းရင့်ရောင်အသီး၊ အုန်းဆီ၊ Omega-3 ကြွယ်ဝတဲ့ ဥအမျိုးမျိုး စတဲ့ သဘာဝအဆီတွေကို မှီဝဲစားသောက်ခြင်းက သင့်ကျန်းမာရေးအတွက်ရော အသားအရေအလှအပအတွက်ပါ အထောက်အကူဖြစ်စေပါတယ်။

ဆားအလွန်အကျွံစားသုံးခြင်း

လွန်ကဲတဲ့ဆားဓာတ်ကို ဒိန်ခဲ၊ ပီဇာ၊ အာလူးကြော်စတဲ့ အစားအစာတွေမှာ အများအပြားတွေ့ရပါတယ်။ သကြားဓာတ်လွန်ကဲခြင်းက ရေဓာတ်ခမ်းခြောက်စေပြီး သင့်မျက်နှာကို ဖောရောင်စေကာ ပါးရေတွန့်ခြင်းကို အလျင်အမြန်ဖြစ်ပေါ်စေပါတယ်။

ကြာရှည်အထားခံအောင် ပြုလုပ်ထားတဲ့ အသားများ

ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းစတဲ့ အစားအစာများကို ကြာရှည်ခံအောင် ဓာတုပစ္စည်းများနဲ့ ဆားများ အသုံးပြုထားပါတယ် ထိုအစားအစာများ အလွန်အကျွံစားမယ်ဆို သင့်ခန္ဓာကိုယ်ထဲက ဗီတာမင် စီဓာတ်ကို နည်းပါးစေပြီး ရေဓာတ်ခမ်းခြောက်စေပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ လက်ဆတ်တဲ့ဟင်းသီးဟင်းရွက်များသာ မှန်မှန်စားသုံးသင့်ပါတယ်။

ကော်ဖီနဲ့ ကာဖိန်းဓာတ်များသော ဖျော်ရည်များ

ကာဖိန်းဓာတ်တွေက သင့်ခန္ဓာကိုယ်ထဲက ရေဓာတ်ကို စုပ်ထုတ်လိုက်ပြီး အသားအရေခြောက်သွေ့ ယားယံမှုကိုဖြစ်စေတဲ့ တရားခံပဲဖြစ်ပါတယ်။

စပ်သော အစားအစာများ

စပ်တဲ့အစားအစာတွေက သွေးကြောများက ချဲ့ပစ်လိုက်ကာ အသားအရေကို နီမြန်းခြင်း၊ အဖုအပိမ့်ထွက်ခြင်းတို့ ခံစားရစေပြီး ငယ်ရွယ်နုပျိုမှုကို ပျောက်ပျက်စေပါတယ်။

Source: brightside.me