Tips & Stories | ကျန်းမာရေး - Health

တစ်နေ့ကို ပန်းသီးရှလကာရည် (၁) ဇွန်းသောက်ပေးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ၈ မျိုး

July 12, 2017

တစ်နေ့ကို ပန်းသီးရှလကာရည် (၁) ဇွန်းသောက်ပေးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ၈ မျိုး

Share this on:

ပန်းသီးရှလကာရည် (Apple Cider Vinegar) သောက်ရတဲ့ အကျိုးကျေးဇူးတွေကို သိပြီးပြီးလား။ မသိသေးဘူးဆိုရင်လည်း တစ်နေ့ကို ပန်းသီးရှလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းစာ သောက်ပေးသင့်ပါတယ်။ အနံ့ ကိုမကြိုက်ဘူးဆိုရင် ရေတစ်ခွက်ထဲထည့်ပြီး သောက်ပေးနိုင်ပါတယ်။ ပန်းသီးရှလကာရည်သောက်ပေးခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့

၁။ ကင်ဆာကာကွယ်ပေးနိုင်တယ်။

ပန်းသီးရှလကာရည်ဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အက်ဆစ်ဓါတ်တွေကိုဖယ်ရှားပေးပြီး ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၂။ အစာချေစနစ်ကိုကောင်းမွန်စေခြင်း။

Indigestion-estomacal

ပန်းသီးရှလကာရည်ဟာ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ရင်ပူတာ လေပွတာမျိုး မဖြစ်အေင်လည်းကာကွယ်ပေးပါတယ်။

၃။ ဆီးချိုအတွက်လည်းကောင်းတယ်။

ပန်းသီးရှလကာရည်ဟာ သွေးတွင်းသကြားဓာတ်ကို လျှော့ကျစေဖို့ ကူညီပေးပါတယ်။

၎။ နှလုံးသွေးကြောဆိုင်ရာရောဂါတွေကိုကာကွယ်ပေးတယ်။

ပန်းသီးရှလကာရည်မှာ Chlorogenic Acid ပါဝင်ပြီး ခန္ဓာကိုယ်အတွင်းရှိ မကောင်းတဲ့ ကိုယ်လက်စထရောတွေကို လျှော့ချပေးပါတယ်။ ဒါ့ကြောင့် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။

၅။ နှာရည်ယို နှာပိတ်ခြင်းကို သက်သာစေတယ်။

Gripe

Antibiotic အာနိသင်ရှိလို့ ဘက်တီးရီးယားပိုးတွေ အလွယ်တကူ ကူးစက်ဝင်ရောက်ခြင်းကနေကာကွယ်ပေးပါတယ်။ အအေးမိတုတ်ကွေး ဖျားနာတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးတဲ့အပြင် နှာရည်ယို နှာပိတ်ခြင်းကို သက်သာစေပါတယ်။

၆။ အူလမ်းကြောင်းကို ကျန်းမာစေတယ်။

ပန်းသီးရှလကာရည်ကို တစ်နေ့ စားပွဲတင်ဇွန်းတစ်ဇွန်းလောက်သောက်ပေးရင် အူလမ်းကြောင်းတွေကို  သန့်စင်ပေးနိုင်ပါတယ်။

၇။ ကျောက်ကပ်ကိုသန့်စင်ပေးတယ်။

ပန်းသီးရှလကာရည်ဟာ အဆိပ်အတောက်တွေကို ကင်းစင်စေသလို ကျောက်ကပ်ကိုလည်း သန့်စင်းစေပါတယ်။

၈။ ကိုယ်အလေးချိန်လျှော့ချပေးတယ်။

ကျန်းမာတဲ့အစားအစာစားပြီး လေ့ကျင့်ခန်းတွဲလုပ်ပေးတာဟာ ကိုယ်အလေးချိန်လျှော့ကျစေပါတယ်။ ဒါ့အပြင် ပန်းသီးရှလကာရည်ကိုလည်း ထည့်ပြီးစားသုံးပေးနိုင်ပါတယ်။ ဗီတာမင် B6 နဲ့ lecithin ပါဝင်လို့ အဆီတွေကိ လှောင်ကျွမ်းစေပါတယ်။

Review

User Rating

3.3 (20 Votes)