အမြဲတစေ ဒီလိုပုံစံနဲ့ပဲ လုပ်နေကြဖြစ်လို့ ကိုယ်လုပ်တာက မှန်တယ်လို့ ထင်လေ့ရှိတတ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုမျိုးအလေ့အကျင့်တွေက အသုံးဝင်တဲ့ အရာလေးတွေကို တွေ့ရှိဖို့ကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဟင်းချက်တဲ့အခါ လွယ်ကူသက်သာစေမယ့် မီးဖိုချောင်ရဲ့လှည့်ကွက်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်နော်။

ရေခဲသေတ္တာထဲ ဘယ်ဟင်းသီးဟင်းရွက်တွေ သိမ်းထားရမလဲဆိုတာ စာရင်းမှတ်ထားပါ

အချို့လူများက အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို ကြာရှည်ခံဖို့အတွက် ရေခဲသေတ္တာထဲမှာ ထည့်သွင်းသိမ်းဆည်းတတ်ကြပါတယ်။ ဒါပေမယ့် အာလူး၊ ခရမ်းချဉ်သီး၊ ငှက်ပျောသီးနဲ့ ပန်းသီးတို့ကတော့ အပြင်မှာပဲ သိမ်းဆည်းရမယ့် အရာတွေဖြစ်ပါတယ်။

အသားတွေကို ရေခဲသေတ္တာထဲမှာ အေးခဲပါ

အသားတွေကို ရေထဲလုံးဝမစိမ်ဘဲ ပန်းကန်လုံးထဲတွင်သာထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်သွင်းသိမ်းဆည်းပါ။

အာလူးထောင်းအတွက် ကြိတ်စက်မသုံးပါနဲ့

ကြိတ်စက်က အာလူးထောင်းကို စေးကပ်ကပ်နဲ့ ထူထူကြီးဖြစ်သွားစေလို့ ပုံမှန်သုံးနေကျ အာလူးခြေတဲ့ကိရိယာသာ အသုံးပြုပါ။ စားချင်စဖွယ်အသွင်ရှိတဲ့ အာလူးထောင်းလေးတစ်ပွဲ ရပါလိမ့်မယ်။

ရေခဲသေတ္တာတံခါးမှာ နွားနို့ဘူးမထားပါနဲ့

ရေခဲသေတ္တာတံခါးက နို့ဘူးတွေကိုထားဖို့ နေရာကောင်းတစ်ခုဖြစ်ပေမယ့်လည်း အတန်ငယ်မြင့်မားတဲ့ အပူချိန်ရှိလို့ တံခါးမကြာမကြာဖွင့်မယ်ဆိုရင် နွားနို့ရဲ့ အထားခံတဲ့ သက်တမ်းကိုလည်း လျော့နည်းသွားစေပါတယ်။

ပါစတာခေါက်ဆွဲပြုတ်နေစဉ်မှာ မွှေပေးပါ

ခေါက်ဆွဲတွေ မကပ်သွားစေဖို့အတွက် ရေပူပူထဲ ပြုတ်နေစဉ်အတွင်းမှာ မွှေပေးပါ။

မုန့်ဖုတ်နေချိန်မှာ Oven ကို မဖွင့်ပါနဲ့

မုန့်ဖုတ်နေစဉ်အတွင်း Oven ကိုဖွင့်လိုက်မယ်ဆိုရင် အပူချိန်ကျဆင်းသွားပြီး ပိုင်မုန့် သို့မဟုတ် ပေါင်မုန့်ကလည်း ပုံစံပျက်သွားနိုင်ပါတယ်။ မုန့်အခြေအနေကိုသိချင်ရင်တော့ Oven အတွင်းမှမီးကိုဖွင့်ထားပါ။

ပေါင်မုန့်ကို ရေခဲသေတ္တာထဲ ထည့်သိမ်းပါ

ပေါင်မုန့်တွေက အေးမြပြီး ခြောက်သွေ့တဲ့ နေရာမှာသိမ်းဆည်းရမှာဖြစ်လို့ သေသေချာချာထုပ်ပိုးပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းပါ။

ဆားအများကြီးထပ်ထည့်ခြင်းထက် ရှာလကာရည်အသုံးပြုပါ

သံပုယိုသီး၊ ပန်းသီးရှာလကာရည် သို့မဟုတ် ဝိုင်ရှာလကာရည်တို့မှာ အများကြီးမဟုတ်ပေမယ့် ပြည့်ဝတဲ့အငန်အရသာပါဝင်ပါတယ်။ ဟင်းချက်နေစဉ်မှာ ရှာလကာရည်ကို အငွေ့ပြန်အောင် ထားပေးပါ။

မိုက်ခရိုဝေ့ဖ်ထဲ ကြက်ဥကြော်ခြင်း

မိုက်ခရိုဝေ့ဖ်ထဲ ထည့်လို့အဆင်ပြေတဲ့ ပန်းကန်တစ်ခုထဲမှာ ကြက်ဥကိုဖောက်ထည့်ပြီး အနှစ်ကျက်ဖို့အတွက် ဓားရဲ့ထိပ်အချွန်လေးနဲ့ ထိုးပေးပါ။ မိုက်ခရိုဝေ့ဖ်ထဲ ၄၅ စက္ကန့်ထားပြီး ချက်မယ်ဆိုရင် ကြက်ဥကြော်တစ်ပွဲရပါပြီ။

Source: BrightSide