အဆီအစိမ့်တွေ၊ အကြော်အလှော်တွေကို စိတ်ကုန်နေပြီဆိုလျှင် ဒီဟင်းလျာလေးကိုစမ်းချက်ကြည့်ပါ။ ပုံမှန်စားနေကျကြက်သား၊ ၀က်သားတွေမဟုတ်ဘဲ သံပရာနံ့မွှေးမွှေးနှင့် ဘဲသားသုပ်ချဉ်စပ်ဟင်းလျာလေးဆိုတော့ ထမင်းစားမြိန်စေမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ဘဲသားနုနု (အသားချည်း) – ၅၀ ကျပ်သား

ခရမ်းချဉ်သီးအနေတော်အရွယ် – ၄ လုံး

ကြက်သွန်နီ – ၄ လုံး

Source: Thermo Fisher Scientific

နံနံပင်၊ ငရုတ်သီးစိမ်း – အနည်းငယ်စီ

ငံပြာရည်၊ ဆား၊ သကြား – အနည်းငယ်စီ

သံပရာရည် – စတီးဇွန်းသေး ၂ ဇွန်း

ပြင်ဆင်ပြုလုပ်ပုံ

ဘဲသားကို ရေဆေးပြီး ဆား၊ သကြား၊ ငံပြာရည်တို့နှင့် သေသေချာချာနယ်ပြီး အိုးတစ်လုံးနှင့် ရေထည့်ပြီး နူးအောင်ပြုတ်ပါ။ အသားနူးပြီဆိုလျှင် မီးဖိုကချပြီး ဘဲသားကို အသားချည်းနွှင်ထားပါ။ ခရမ်းချဉ်သီးကို ရေဆေးပြီး အစေ့ထုတ်ကာ မထူမပါးလှီးပါ။ ကြက်သွန်နီကို အခွံနွှာ ပါးပါးလှီးပြီး ရေစင်အောင်ဆေးကာ ရေစစ်ထားပါ။ နံနံပင်ကိုလည်း ရေဆေးပြီး လက်တစ်ဆစ်အရွယ်ဖြတ်ထားပါ။ ငရုတ်သီးစိမ်းကို ပါးပါးလှီးပါ။ (မလှီးခင် အညှာချွေ၊ ရေဆေးဖို့မမေ့ပါနှင့်)

အားလုံးအသင့်ဖြစ်လျှင် ပန်းကန်ပြား (သို့) အ၀ကျယ်ပန်းကန်တစ်ခုမှာ ဘဲသားနှင့်သုတ်မည့်အဆာများထည့်၊ ဆား၊ သကြား နည်းနည်းစီထည့်ကာ နယ်ပါ။ နယ်နေစဉ်သံပရာရည်ကို ရောထည့်နယ်ပါ။ သံပရာနံ့မွှေးမွှေးနှင့် ဘဲသားသုပ်ချဉ်စပ်ဟင်းလျာတစ်ပွဲဖြစ်သွားပါပြီ။