အစာလည်းဆေး ဆေးလည်းအစာပါ။ နှလုံးဆိုတာ ကျွန်မတို့ ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုထဲမှာပါဝင်ပါတယ်။ နေ့စဉ်ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကိုပဲစားနေရင်တော့ သင့်နှလုံးကျန်းမာရေးကို ကောင်းမွန်စေမှာမဟုတ်ပါဘူး။

နှလုံးကျန်းမာရေးအတွက် စားပေးသင့်တဲ့အစားစာတွေကို မျှဝေပေးချင်ပါတယ်။

၁။ ငါးများ

ဆဲလ်မွန်ငါး အပါအဝင် တခြား Fatty Acid ပါဝင်တဲ့ အစားအစာတွေဟာ နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်သလို နှလုံးကို ကျန်းမာစေပါတယ်။ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက်စားပေးသင့်ပါတယ်။

၂။ ကွေကာအုတ်

အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး မကောင်းတဲ့ ကိုလက်စထရောပါဝင်မှုကို လျှော့ချပေးပါတယ်။ အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် နှလုံးကိုလည်း ကျန်းမာစေပါတယ်။

၃။ ဘယ်ရီသီးများ

ဘလူးဘယ်ရီ၊ စတော်ဘယ်ရီအပါအဝင် ဘယ်ရီသီးတွေဟာ သွေးဖိအားကျစေပြီး သွေးဆဲလ်တွေကို ကျန်းမာစေပါတယ်။ သွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေပြီး နှလုံးကိုပါ ကျန်းမာစေပါတယ်။

၄။ ချော့ကလက်အမည်း

ကိုကိုးသီး အနည်းဆုံး ၆၀ % ကနေ ၇၀ % ထိပါတဲ့ ချော့ကလက်အမည်းရောင်ဟာ သင့်သွေးဖိအားကို ပုံမှန်ဖြစ်စေပြီး ရောင်ရမ်းမှုကိုသက်သာစေသလို သွေးကြောပိတ်တာကိုလည်း ကာကွယ်ပေးပါတယ်။

၅။ အခွံမာသီးများ

အခွံမာသီးတွေမှာ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး နှလုံးကိုကျန်းမာစေပါတယ်။ ဗီတာမင် E ပါဝင်လို့လည်း မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပါတယ်။

၆။ သံလွင်ဆီ

သံလွင်ဆီ တစ်နေ့ကို ၂ ဇွန်းလောက်စားပေးရင် မကောင်းတဲ့ ကိုလက်စထရောကို ကျစေပြီး သွေးတွင်းသကြားဓာတ်ကိုပါ လျော့နည်းစေပါတယ်။ သံလွင်ဆီက နှလုံးကိုပါကျန်းမာစေပါတယ်။

၇။ ဝိုင်နီ

ဝိုင်နီဟာ သွေးတွင်းက အဆီတွေကို ဖယ်ရှားပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဝိုင်နီကို ကျန်းမာရေးအရ အနည်းငယ် မှီဝဲသင့်ပါတယ်။

၈။ Green Tea

တစ်နေ့ကို Green Tea တစ်ခွက်သောက်ပေးခြင်းဖြင့် မကောင်းတဲ့ ကိုလက်စထရောတွေကို ဖယ်ရှားပေးပြီး ဇီဝဖြစ်စဉ်ကို မြင့်တင်ပေးပါတယ်။

၉။ ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီတွေမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး နှလုံးကို ကျန်းမာစေသလို သွေးဖိအားကိုလည်း ပုံမှန်ဖြစ်စေပါတယ်။

၁၀။ ထောပတ်သီး

ထောပတ်သီးဟာ မကောင်းတဲ့ ကိုလက်စထရောကို ကျစေပြီး သွေးလွတ်ကြောကို သန့်စင်ပေးပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေလည်း ပါဝင်ပါတယ်။

နောက်ထပ် အစားအစာတွေကတော့

သလဲသီး၊ ဖရဲသီး၊ သစ်ကြမ်းပိုးခေါက်၊ ကြက်သွန်ဖြူ၊ ပန်းသီးနဲ့သစ်တော်သီးတို့ပဲဖြစ်ပါတယ်။