ဆံပင်တွေဖြူလာရတဲ့အကြောင်းအရင်းတစ်ခုက ခန္ဓာကိုယ်ထဲမှာ Melanin ဓာတ်တွေလျော့နည်းလာတာကြောင့်ဖြစ်ပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်စေ၊ စိတ်ဖိစီးမှုတွေကြောင့်ဖြစ်စေ ခန္ဓာကိုယ်ထဲက Melanin ဓာတ်တွေက လျော့နည်းလာပါတယ်။ အများအားဖြင့် ဆံပင်ဖြူတွေက အသက်၃၀ ဝန်းကျင်မှာစတင် တွေ့ရတာများပါတယ်။

ဒါ့ကြောင့် ဆံပင်ဖြူတွေ ပေါက်လာတာတွေ နည်းအောင် စားပေးသင့်တဲ့ အစားအစာများကို ဝေမျှချင်ပါတယ်။

ဗီတာမင် B5

ဗီတာမင် B5 ကို Patothenic အက်ဆစ်လို့ လည်းခေါ်ပါတယ်။ ဗီတာမင် B5 က ခန္ဓာကိုယ်ရဲ့ ခုခံအားကိုကောင်းစေပြီး အနာအကျက်မြန်စေပါတယ်။

ဆံပင်ဖြူတွေ ပေါက်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အသားအရေနဲ့ ဆံသားကျန်းမာရေးကိုလည်း ထောက်ပံ့ပေးပါတယ်။

ဗီတာမင် B5 ပါဝင်မှုများတဲ့ အစားအစာများမှာ တိရစ္ဆာန် အသည်း၊ ကြက်ဥ အနှစ်၊ ပန်းဂေါ်ဖီစိမ်း၊ငါး၊ ထောပတ်သီးနဲ့ နွားနို့ တို့ဖြစ်ပါတယ်။

ဗီတာမင် B1

ဗီတာမင် B1 ကို Thiamine ဓာတ်လို့ခေါ်ကြပြီး ကာဗွန်ဟိုဒရိတ်ကနေ စွမ်းအင်အဖြစ်ကိုပြောင်းလဲရာမှာ အရေးပါပါတယ်။

ဆံပင်ဖြူတွေပေါက်တာကို ကာကွယ်ပေးနိုင်ပြီး အာရုံကြောကိုလည်း အားကောင်းစေပါတယ်။

ဗီတာမင် B1 ပါဝင်မှုများတဲ့ အစားအစာများမှာ နေကြာစေ့၊ ဂျုံ၊ ပြောင်း၊ ကညွှတ်၊ အခွံမာအသီးများ စသည်တို့ဖြစ်ပါတယ်။

ဗီတာမင် B12

ဗီတာမင် B Complex အုပ်စုထဲမှာပါဝင်ပြီး ဇီဝကမ္မဖြစ်စဉ်တွေအတွက်ကောင်းမွန်ပါတယ်။ အစားအစာတွေကနေ စွမ်းအင်ကို ပြောင်းလဲပေးရာမှာ အသုံးဝင်ပါတယ်။

အသက်ငယ်ငယ်နဲ့ ဆံသားတွေဖြူလာတာကို ကာကွယ်ပေးနိုင်ပြီး မူလအရောင်ပြန်ဖြစ်အောင်ကူညီပေးနိုင်ပါတယ်။

ဗီတာမင် B12 ပါဝင်မှုများတဲ့ အစားအစာများမှာ အမဲသား၊ ငါး၊ ကြက်သား၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ စသည်တို့ဖြစ်ပါတယ်။

ထောပတ်သီး

ဆံပင်ဖြူတွေကာကွယ်ဖို့ အထိရောက်ဆုံးနည်းလမ်းက ထောပတ်သီးပါဘဲ။ ထောပတ်သီးတွေမှာ ကော့ပါးဓာတ်ကြွယ်ဝစွာပါဝင်ပြီး Melanin ဓာတ်နဲ့ Catalase ဓာတ်တို့ကို တိုးမြင့်ပေးနိုင်ပါတယ်။