လူ့ခန္ဓာကိုယ်ထဲမှာ အဆုတ်က အဓိက အရေးကြီးတဲ့ အင်္ဂါတစ်ရပ်ပါ။ အဆုတ်က အသက်ရှူတဲ့ အလုပ်ကို လုပ်ဆောင်ပေးတာကြောင့် အသက်ရှင်ဖို့အတွက် မရှိမဖြစ် အရေးပါပါတယ်။

အသက်ရှူသွင်းလိုက်လို့ ရလာတဲ့ အောက်စီဂျင်ကို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့နေရာတွေကို အဆုတ်က ပို့ပေးပါတယ်။

ကျန်းမာ ပျော်ရွှင်တဲ့ဘဝတစ်ခုကိုရရှိဖို့ အဆုတ်ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်းတွေလုပ်ပေးပါ

ကျန်းမာရေး ကောင်းဖို့အတွက် လေ့ကျင့်ခန်းကို မဖြစ်မနေ လုပ်ဆောင်ပေးရပါမယ်။ အေရိုးဗစ်လေ့ကျင့်ခန်းတွေက အဆုတ်ကျန်းမာရေးကို ပိုကောင်းမွန်စေပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်းပုံစံမျိုးမလုပ်ဖြစ်ရင်တောင် လမ်းလျှောက်တာ၊ ပြေးတာတို့ လုပ်ဆောင်ပေးသင့်ပါတယ်။

ဒီလို လေ့ကျင့်ခန်းတွေက နှလုံးခုန်နှုန်းကိုမြင့်မားစေပြီး အသက်ရှူနှုန်းကိုမြန်စေကာ အဆုတ်ကိုလေ့ကျင့်ခန်းလုပ်ပေးသလိုဖြစ်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်းလည်း လုပ်ဆောင်ပေးပါ။

ဆေးလိပ်ဖြတ်ပါ

အဆုတ်ကျန်းမာရေးကို အဓိက ထိခိုက်စေတာက ဆေးလိပ်သောက်ခြင်းပါဘဲ။ ဆေးလိပ်သောက်ခြင်းက အဆုတ်ကို အဆိပ်တွေရှူစေတာဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်ရင် အဆုတ်က သန့်ရှင်းသွားပါလိမ့်မယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက အသက်ရှူလမ်းကြောင်းကို ပွင့်စေပြီး အကျိအချွဲတွေကို ဖယ်ရှားပေးကာ အသက်ရှူကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

ကြက်သွန်ဖြူကို အစိမ်းစားနိုင်သလို ဟင်းလျာတွေမှာထည့်သွင်းချက်ပြုတ်စားနိုင်ပါတယ်။

သံပုရာသီးကိုရှူပါ

လန်ဆန်းစေတဲ့ အနံ့မျိုးတွေဖြစ်တဲ့ သံပုရာသီးလို အနံ့မျိုးက စိတ်ကိုကြည်လင်လန်းဆန်းစေတဲ့အပြင် အဆုတ်ကိုလည်းကောင်းစေပါတယ်။

ရေကို ဆူအောင်တူပြီး အဲ့ဒီရေထဲကို သံပုရာသီးကိုညှစ်ထည့်ပြီး အငွေ့ကို ရှူပေးပါ။

လေထုညစ်ညမ်းမှုကို ဂရုစိုက်ပါ

လေထုညစ်ညမ်းမှုကို ရှောင်ရှားလို့မရပေမယ့် လေထုညစ်ညမ်းမှုကြောင့် အဆုတ်ရောဂါတွေဖြစ်ပွားနေကြပါတယ်။

ဒါ့ကြောင့် ပန်းခြံတို့ လေထုညစ်ညမ်းမှုနည်းတဲ့နေရာတွေကို သွားရောက်ပြီး လေ့ကျင့်ခန်းလုပ်ပါ။