အရိုးနဲ့ အဆစ်အမြစ်တွေက ခန္ဓာကိုယ်တစ်ခုလုံးကို ထောက်ပံ့ပေးထားတာဖြစ်တာကြောင့် သေချာ ဂရုမစိုက်လို့ နာကျင်ရင် နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေပါတယ်။

အရိုးတွေ၊ အဆစ်အမြစ်တွေ သန်မာ စေဖို့ ဆေးတွေချည်းသောက်နေဖို့မလိုအပ်ပါဘူး။ တချို့ အရိုးဆေးတွေက တခြားသော ဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါတယ်။

ဒါ့ကြောင့် အရိုးအဆစ်တွေ သန်မာစေမယ့် နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။

ပါဝင်ပစ္စည်းများ

ဗရုံစေ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကျောက်ကျောလုပ်တဲ့အမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

နှမ်းကြက်စေ့ (Flax Seeds) လက်ဖက်ရည်ဇွန်း ၅ ဇွန်း

စပျစ်သီးခြောက် လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ပျားရည် ၁ ခွက်

ပြုလုပ်နည်း

အစေ့တွေကို မွှေစက်ထဲထည့်ပြီး မွှေလိုက်ပါ။ ကျောက်ကျောလုပ်တဲ့အမှုန့် (Gelatine) ကိုထည့်ပါ။ ပြီးရင် ပျားရည်နဲ့ နှမ်းကြက်စေ့ကိုထည့်ပါ။ ပျစ်နေအောင်မွှေပြီး ရေခဲသေတ္တာထဲကိုထည့်ပါ။

နေ့လည်စာမစားခင်၊ မနက်စာမစားခင်တို့မှာ သောက်သုံးပါ။ ရေဖန်ခွက်ရဲ့ တစ်ဝက်လောက်နဲ့လည်းရောစပ်ပြီး သောက်လို့ရပါတယ်။ ရေခဲသေတ္တာထဲမှာထားရင် ၂ လလောက်ထားလို့ရပါတယ်။

ဒီသဘာဝနည်းလမ်းတွေမှာ သဘာဝအင်ဇိုင်းဓာတ်၊ အမျှင်ဓာတ်၊ အမိုင်နိုအက်ဆစ်၊ ရောင်ရမ်းတာကို ကျဆင်းစေတဲ့ဓာတ်တွေနဲ့ Antioxidants ဓာတ်တွေပါဝင်နေပါတယ်။ ဒီဓာတ်တွေက အရိုးနဲ့ အဆစ်တွေကို သန်မာအောင်ကူညီပေးပြီး အဆစ်အမြစ်ကိုက်ခဲတာတွေကို လျော့ချပေးပါတယ်။

အဲ့ဒီအပြင် ကယ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်၊ ပိုတက်ဆီယမ်၊ Omega 3 Fatty အက်ဆစ်၊ ပရိုတင်းဓာတ်တို့လည်း ပါဝင်နေပါတယ်။