ဇီးသီးမှာ အမျှင်ဓာတ်၊ ဗီတာမင် ဓာတ်( E, Folic Acid, K and C) တို့ နဲ့ Sorbitol ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

ဇီးသီးက သဘာ၀ ဝမ်းနုတ်ဆေးတစ်မျိုး

ဇီးသီးရဲ့ အဓိကအာနိသင်က အစာအိမ်ဟောင်းထဲမှာရှိတဲ့ အစာတွေကို ဖယ်ရှားပေးနိုင်ခြင်းဖြစ်ပါတယ်။ ဒါကလည်း Sorbitol ဓာတ်ရဲ့ အာနိသင်ကြောင့်ပါ။

Sorbitol ဓာတ်က အူလမ်းကြောင်းလှုပ်ရှားမှုကို ပံ့ပိုးပေးတာကြောင့် ဝမ်းချုပ်တဲ့သူတွေအတွက် သဘာဝဆေးနည်းလမ်းပါဘဲ။

ဆီးသီး ၈ လုံးစားသုံးတာကလည်း ဆီသီးဖျော်ရည်တစ်ခွက်သောက်တာနဲ့ အတူတူပါဘဲ။ ဆီးသီးဖျော်ရည်သောက်ချင်ရင်

ပါဝင်ပစ္စည်းများ

ဆီးသီး ၈လုံး (ဆီးသီးအရွယ်အစားအပေါ်မူတည်ပြီး အနည်းအများချိန်ဆပါ)

ရေ ၄ ခွက်

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း သို့ ၂ ဇွန်း (ကိုယ်ကြိုက်မယ့် အချိုအရသာအပေါ်မူတည်ပြီး)

ပြုလုပ်နည်း

ဆီးသီးတွေကို ရေထဲမှာ တစ်ညလောက်စိမ်ထားပါ။ ဆီးသီးအသားတွေကို ဖျော်စက်ထဲထည့်ပြီး ဖျော်ပါ။ ပြီးရင် ပျားရည်ထည့်ပါ။

အားအင်တွေဖြစ်စေ

ဇီးသီးက သဘာ၀ အားအင်ဖြစ်စေတဲ့ အစားအစာတစ်မျိုးပါ။ ဒါ့ကြောင့် နေ့လည်စာနဲ့ ညစာအကြားမှာ အဆာပြေစာ အဖြစ်စားသုံးလို့ရပါတယ်။

အသားအရေအတွက် Antioxidant Mask တစ်မျိုး

ဇီးသီးတွေမှာ ဗီတာမင် E ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေကို အကျိုးရှိစေပြီး အရေးအကြောင်းတွေကို ကာကွယ်ပေးပါတယ်။

ဆီးသီး ၂လုံးသို့မဟုတ် ၃ လုံးကို ဖျော်စက်ထဲမှာ ဖျော်ပြီး အနှစ်ပျစ်ပျစ်လေးကိုနွားနို့နဲ့ရောပါ။ ဂွမ်းနဲ့ ခုနက အနှစ်တွေကို ယူပြီး မျက်နှာမှာ သုတ်လိမ်းပေးပါ။ ၂၅ မိနစ်လောက်ထားပြီးမှ ရေပူပူလေးနဲ့ ဆေးချပါ။

ဒါဆိုရင်အရေးအကြောင်း၊ ဝက်ခြံနဲ့ အစက်အပြောက်တွေ ပျောက်ကင်းစေပါတယ်။

ကိုယ်အလေးချိန်ကျဆင်းစေ

ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပါဝင်မှုများပါတယ်။ ဗိုက်ပြည့်စေတဲ့ ခံစားချက်ကို ရရှိစေတာကြောင့် အစားအစာများများမစားနိုင်အောင် ကူညီပေးကာ ကိုယ်အလေးချိန်လျော့ကျစေပါတယ်။