ပလပ်စတစ်က သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တာကြောင့် တတ်နိုင်သမျှ ပြန်အသုံးပြုလို့ရအောင် ကြိုးစားရင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို သက်သာစေမှာပါ။

ပလပ်စတစ်ဗူးတွေကို တော်တော်များများတော့ ရေထည့်ပြီး ပြန်သုံးကြလေ့ရှိပါတယ်။ ရေထည့်ပြီး ပြန်သုံးတာအပြင် တခြား ဘယ်နေရာတွေမှာ သုံးလို့ရလဲဆိုတာ ကြည့်လိုက်ရအောင်။

ကြက်ဥအကာနဲ့အနှစ်ခွဲတဲ့နေရာမှာ

တချို့ ဟင်းလျာတွေမှာ ကြက်ဥ အနှစ်မသုံးတာတို့၊ ကြက်ဥ အကာချည်းဘဲ မသုံးတာမျိုးရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပလပ်စတစ်ရေသန့်ဗူးနဲ့ အလွယ်တကူ အကာနဲ့ အနှစ်ကို ခွဲလို့ရပါတယ်။

ဂေါ်ပြား

ပလပ်စတစ်ဗူးကို ဒီလိုပုံစံ လေးညှပ်လိုက်ရင်တော့ အပင်စိုက်တဲ့နေရာမှာ သုံးလို့ရတဲ့ ဂေါ်ပြားပုံစံလေးဖြစ်သွားပါပြီ။

အဖုံးအပိတ်လုပ်လို့ရ

ရေသန့်ဗူးရဲ့ ထိပ်ကို ဖြတ်လိုက်ပါ။ အဖုံးကိုဖြုတ်လိုက်ပါ။

ပလပ်စတစ် အိတ်ထဲမှာ ဟင်းချက်စရာတွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေထည့်ပါ။

ပလပ်စတစ်အိတ်ရဲ့အဝမှာ ရေသန့်ဗူးအဖုံးထိပ်ကို ထည့်ပြီး ပလပ်စတစ်နဲ့ညှပ်ကာ အဖုံးဖုံးလိုက်ရင် လေလုံအိတ်လေးစနစ်တကျရပြီနော်။

လက်ဆွဲဗူးတစ်မျိုး

ရေဗူး ၅ လီတာဗူးကို ထက်ပိုင်းပိုင်းလိုက်ပါ။ ပြီးရင် လှီးထားတဲ့နေရာလေးကို လက်တွေမရှအောင် တိပ်ကပ်လိုက်ပါ။ ဘေးနှစ်ဖက်ကို လက်ကိုင်တက်ဖို့ဖောက်ပြီး လက်ကိုင်လေးတွေတပ်လိုက်ပါ။

ဒါဆိုရင် ကလေးကစားစရာ အသေးလေးတွေ ထည့်လို့ရပါပြီနော်။

လက်မထိအောင်ကာတဲ့အရာအဖြစ်လည်း သုံးနိုင်

ရေသန့်ဗူးလေးကို လက်နဲ့ တိုင်းဖြတ်လိုက်ပြီး ဓားလှီးတဲ့နေရာမှာ လက်မထိအောင် ကာကွယ်တဲ့ပစ္စည်းအဖြစ်အသုံးပြုနိုင်ပါတယ်။

Green House ပုံစံလေးလည်းအသုံးပြုလို့ရ

ရာသီဥတုအရမ်းအေး၊ ကြမ်းတမ်းတဲ့နေရာတွေမှာအပင်ပေါက်လေးတွေအပေါ် အေးတဲ့ရာသီဥတု သိပ်မသက်ရောက်နိုင်အောင် ပလပ်စတစ်ဗူးကိုအခုလို အသုံးပြုလို့ရပါတယ်။

ရေပန်းအဖြစ်လည်းသုံးလို့ရ

ဈေးကြီးတဲ့နေရပန်းတွေမသုံးချင်ဘူးဆိုရင် ပန်းခြံထဲမှာ ရေသန့်ဗူးကို အပေါက်တွေဖျောက်ပြီး ရေပိုက်တပ်ထားလိုက်ရုံပါဘဲ။

ပလပ်စတစ်လှေ

ကဲမိုးတွင်းရောက်လို့ ရေကြီးရင်လည်း ပလပ်စတစ်လှေလုပ်လို့ရတယ်နော်။

Featured Image Source: toshteam.org