ယခုတခါ MyFood Myanmar ကနေပြီး ဖော်ပြပေးချင်တာကတော့ အစားအသောက်တွေပြင်ဆင်တဲ့အခါ၊ သန့်ရှင်းရေးလုပ်တဲ့အခါ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို သန့်ရှင်းရေးလုပ်တဲ့အခါ လူအများသိထားသင့်တဲ့ လွယ်ကူတဲ့ နည်းလမ်းကောင်းလေးတွေပဲဖြစ်ပါတယ်။ အချို့ဆိုရင် ကြားတောင်ကြားဖူးကြမှာ မဟုတ်ဘူးနော်။

၁။ အစေ့တွေကို မြန်မြန်ထုတ်နည်း

ဖရုံသီးတို့လို အထဲကအစေ့တွေကို ထုတ်ဖို့အတွက် ရေခဲမုန့်ကော်တဲ့ဇွန်းကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ပါးလွှာတဲ့ salad ကိုလိုချင်တဲ့အခါမှာလည်း အသုံးဝင်ပါတယ်။

၂။ အဆီတွေကို ဖယ်ရှားနည်း

ဟင်းချက်နေတုန်း အဆီတွေအများကြီး ထွက်လာတယ်ဆိုရင် ရေခဲတုံးအနည်းငယ်နဲ့ paper towel ကို အသုံးပြုပေးနိုင်ပါတယ်။ စက္ကူထဲမှာ ရေခဲတုံးကိုထုပ်ပြီး အစားအစာရဲ့အပေါ်နားမှာ သုတ်ပေးလိုက်ပါ။ အဆိတွေကို ချက်ချင်းစုပ်သွားပါလိမ့်မယ်။

၃။ အချဉ်ဓာတ်ရှိ အသီးတွေကို လွယ်ကူစွာ အခွံခွာဖို့

လိမ္မော်သီး၊ သံပုယိုသီးတို့လို အသီးတွေကို မပျက်စီးဘဲနဲ့ အခွံခွာချင်တယ်ဆိုရင် မိုက်ခရိုဝေ့ဖ်ထဲ စက္ကန့်နှစ်ဆယ်ထားပေးပြီးရင် အခွံခွာရတာ အလွန်လွယ်သွားမှာပါ။

၄။ ဘဲဥ၊ ကြက်ဥပြုတ်တွေ အခွံခွာဖို့

ဥတွေပြုတ်တဲ့အခါ ဆိုဒါ သို့မဟုတ် ရှာလကာရည် အနည်းငယ်ကို ထည့်ပေးမယ်ဆိုရင် အခွံခွာရတာ မခက်တော့ပါဘူး။

၅။ ပါစတာခေါက်ဆွဲပြုတ်ဖို့ အလွယ်နည်းလမ်း

ကိုယ်မကြည့်နိုင်တဲ့ အချိန်အတွင်းမှာ လျှံကျတာမဖြစ်ရအောင် အိုးအပေါ်မှာ ယောင်းမတစ်ခုခုကို တင်ထားပေးလိုက်ပါ။

၆။ ဟင်းခတ်အမွှေးအကြိုင်တွေကို သိမ်းထားဖို့

ရေခဲတုံးထည့်တဲ့ ခွက်လေးတွေထဲ ဟင်းခတ်အမွှေးအကြိုင်တွေကို ရေ သို့မဟုတ် သံလွင်ဆီထဲထည့်ပြီး ခဲထားမယ်ဆိုရင် ဗီတာမင်ပါဝင်မှုလည်း ထိန်းထားနိုင်ပြီး အချိန်ကြာကြာသိမ်းဆည်းနိုင်မှာပါ။

၇။ သံချေးတက်နေတဲ့ဒယ်အိုးကို သန့်ရှင်းရေးလုပ်ဖို့

ဒယ်အိုးကို သံချေးတက်တာကာကွယ်ဖို့ ပုံမှန်ပန်းကန်ဆေးအဆီအစား ဆားကိုအသုံးပြုပေးမယ်ဆိုရင် သံချေးတွေသာမက အနံ့ဆိုးတွေကိုပါ ဖယ်ရှားပစ်နိုင်ပါတယ်။

၈။ လက်ကအနံ့ဆိုးတွေအတွက်

ကြက်သွန်ဖြူ၊နီ တို့လို အနံ့စွဲတတ်တာတွေအတွက် ဆား သို့မဟုတ် သံပယိုသီးကို လက်ထဲထည့်ပွတ်ပေးပြီး ရေနဲ့ဆေးချလိုက်ပါ။

၉။ သံထည်ဟင်းချက်ပစ္စည်းတွေကို ပြန်လည်တောက်ပြောင်လာအောင်

ညစ်ထေးနေတဲ့ မီးဖိုချောင်သုံး သံထည်ပစ္စည်းတွေကို ဆေးကြောတဲ့အခါမှာ ရှာလကာရည်နှင့်ရေရောထားတာကို အသုံးပြုပါ။ ချက်ချင်းမပြောင်လာဘူးဆိုရင် တစ်ညစိမ်ထားပြီးတော့ဖြစ်ဖြစ်လည်း ဆေးကြောနိုင်ပါတယ်။

၁၀။ သစ်သားစဉ့်တီတုံးတွေကို သန့်ရှင်းတဲအခါ

သစ်သားစဉ့်တီတုံးတွေရဲ့ အနံ့ဆိုးတွေ၊ အညစ်အကြေးတွေကို ဖယ်ရှားချင်တဲ့အခါ ဆားကြမ်းနဲ့ပွတ်ပေးပြီး ၁၀ မိနစ်၊ ၁၅ မိနစ်ထားပေးပါ။ ပြီးရင် သံပုယိုသီးတစ်ခြမ်းနဲ့ပွတ်ပေးပြီး ခြောက်အောင်ထားပါ။ ပြီးသွားလျှင်တော့ အနံ့ဆိုးတွေကို ဖယ်ရှားပစ်နိုင်ပါပြီ။