Sushi စားတဲ့အချိန်တို့၊ တခြား ငါးကို အစိမ်းစားတဲ့ဟင်းလျာတွေစားတဲ့အချိန်မှာ စိုးရိမ်မှုတွေတော့ ရှိပါတယ်။ ဘေးကင်းရဲ့လား။ ကျန်းမာရေးအတွက် အဆင်ပြေပါ့မလားပေါ့။

သင်စားတဲ့ငါးမှာ ဘက်တီရီးယား၊ ဗားရက်စ်နဲ့ တခြား Heavy Metals တွေမပါဝင်ဘူးဆိုရင်တော့ အဆင်ပြေပါတယ်။ လူတွေက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ငါးတွေကို အစိမ်းစားလာကြတာပါ။

လွန်ခဲ့တဲ့ နှစ် ၁၀၀ ဝန်းကျင်လောက်ကနေစပြီး သမုဒ္ဒရာ၊ မြစ်၊ ပင်လယ်တွေညစ်ညမ်းလာကြပါတယ်။ ဒီလိုပတ်ဝန်းကျင်ညစ်ညမ်းမှုတွေက ငါးတွေကိုပါ မကောင်းတဲ့ဓာတ်တွေ၊ ညစ်ညမ်းမှုတွေဖြစ်စေပါတယ်။

ငါးကို အစိမ်းစားတာက အကျက်စားတာထက်ပိုကောင်းတဲ့ အကြောင်းတွေလည်းရှိပါတယ်။

ဘက်တီးရီးယားတွေ၊ ဗားရက်စတွေနဲ့ တခြား Heavy Metals တွေ ကင်းစင်တဲ့ ငါးတွေက အစိမ်းစားလို့ကောင်းပါတယ်။

ပင်ပန်းနွမ်းနယ်မှုကို ကင်းစင်စေပြီး Omega 3 Fatty အက်ဆစ်ကို ပိုရနိုင်ပါတယ်။

ဥပမာ ဘက်တီးရီးယားတွေ၊ ဗားရက်စ်တွေကင်းစင်တဲ့ Sushi မှာ တခြား အကျက်စားတဲ့ ငါးတွေထက်ပိုပြီး အာဟာရဓာတ်တွေပိုရှိပါတယ်။

ငါးအစိမ်းစားခြင်းရဲ့ အန္တရာယ်

ဘက်တီးရီးယား ဝင်ရောက်မှု

Mercury တွေ (Heavy Metal) အဆိပ်သက်ရောက်မှု

သဘာဝပတ်ဝန်းကျင်ရဲ့ ညစ်ညမ်းမှုကြောင့် အဆိပ်သင့်ခြင်း

သံကောင်အန္တရာယ် (သံလုံးကောင်၊ သံပြားကောင် စသည်)

ငါးတွေအစိမ်းစားရာမှာ တွေ့ကြုံရတဲ့ အန္တရာယ်ကို ဘယ်လိုလျော့ချနိုင်မလဲ

သတ်မှတ် အအေးချိန်အတိုင်းအေးခဲထားတဲ့ ငါးတွေကို စားပါ။ လတ်လတ်ဆတ်ဆတ်ငါးကိုပဲ စားပါ။ ယုံကြည်စိတ်ချရတဲ့ ဈေးသည်ဆီကပဲ စားပါ။