အားလုံးပဲမင်္ဂလာပါနော်။ Water Detention ဆိုတဲ့ ခန္ဓာကိုယ်အတွင်း အရည်ထိန်းသိမ်းမှုများခြင်းက သင့်ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေဖြစ်စေပါတယ်။

ရေဟာ ကျွန်မတို့လူသားတွေအတွက် မရှိမဖြစ်အရေးကြီးတာမှန်ပါတယ်။ ဒါပေမယ့် အရည်သိုလှောင်မှုများရင်တော့ မကောင်းပါဘူး။ ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ အရည်ထိန်းသိမ်းမှုများလာပြီဆိုရင် ဘယ်လိုလက္ခဏာတွေပြသလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

၁။ လက်ကောက်ဝတ်တွေ၊ ခြေထောက်တွေ ရောင်လာမယ်

ဖြစ်ရတဲ့အကြောင်းအရင်း – သင်ဟာအထိုင်များသူလည်း။ ဒါမှမဟုတ် မတ်တပ်ပဲရပ်တာများနေတဲ့သူလား။ ဒါမှမဟုတ် ငြိငြိမ်လေးနေပြီး အလုပ်လုပ်နေရသူလား။ ဒီလိုလူတွေက ခြေထောက်တွေ၊ လက်ကောက်ဝတ်တွေရောင်လာတတ်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ – ကျောလှဲချလိုက်ပြီး ခြေထောက်ကို အပေါ်မြှောက်ထားပေးပါ။ အလုပ်ကနေ ခဏလောက်ဖြစ်ဖြစ် လမ်းလေးလျှောက်ပေးပါ။ သက်သောင့်သက်သာရှိတဲ့ ဖိနပ်စီးပေးပါ။

၂။ ဗိုက်တွေပူလာမယ်

ဖြစ်ရတဲ့အကြောင်းအရင်း – ရာသီလာချိန်နီးနေပြီလား။ ဟော်မုန်းအပြောင်းအလဲတွေဖြစ်နေပြီလား။ ဒါတွေဟာ သင့်ဝမ်းဗိုက်ကို ရောင်ရမ်းစေပါတယ်။

ဘယ်လိုဖြေရှင်းမလဲ- ရာသီမလာခင်ဖြစ်ရင်တော့ ရာသီလာတဲ့အခါ သက်သာသွားပါလိမ့်မယ်။ ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။

၃။ ခြေထောက်နဲ့ ဝမ်းဗိုက်အောက်ရောင်လာခြင်း

ဖြစ်ရတဲ့အကြောင်းအရင်း နဲ့ လက္ခဏာများ- မကြာခဏဆိုသလို အသက်ရှုကြပ်တတ်လား။ ပင်ပန်းနွမ်းနယ်သလို ခံစားရလား။ နှလုံးခုန်နှုန်းမမှန်ဘူးလား။

ဘယ်လိုဖြေရှင်းမလဲ- ဒီလက္ခဏာတွေက ဘာကြောင့်မှန်းမသိဖြစ်တတ်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပါ။ နှလုံးနဲ့ပတ်သက်တာ တစ်ခုခုလည်းဖြစ်နိုင်ပါတယ်။ ဆားစားသုံးမှုကိုလျှော့ချပါ။

၎။ မျက်နှာရောင်ရမ်းခြင်း (အထူးသဖြင့်မျက်လုံးနား)

ဖြစ်ရတဲ့အကြောင်းအရင်း – ညစာ အများကြီးစားတတ်လား။ ဆားပါတဲ့သွားရေစားတွေ၊ အမြန်စားအစားအစာတွေ၊ ငါးသေတ္တာတွေ စားတတ်လား။ ဒါဆိုရင်တော့ မျက်နှာရောင်ရမ်းတာမျိုးဖြစ်စေပါတယ်။

ဘယ်လိုဖြေရှင်းမလဲ- တခါတလေ ဒီအတိုင်းလည်းပျေက်သွားတတ်ပါတယ်။ ဆားစားသုံးမှုတွေ အသင့်စားအစားအစာ စားသုံးမှုတွေကို လျှော့ချပါ။

၅။ ခြေထောင်ရောင်ရမ်းခြင်းနဲ့ နာကျင်ကိုက်ခဲခြင်း

ဖြစ်ရတဲ့အကြောင်းအရင်း  နဲ့ လက္ခဏာရပ်များ – ခြေထောက်မှာ သွေးကြောတွေ ပိုတွေ့ရလား။ အသားအရောင်ပြောင်းနေပြီလား။

ဘယ်လိုဖြေရှင်းမလဲ – ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်တယ်။ ခြေထောက်ကို အနားပေးသင့်တယ်။

အရည်ထိန်းသိမ်းမှုမြင့်မားခြင်းဖြစ်နိုင်တဲ့ အခြေအနေများ

ကိုယ်ဝန်ဆောင်ခြင်း

ဆေးဝါးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်

အစုပ်နဲ့ တခြားရောဂါများ

အာဟာရဓာတ် ပြည့်ဝအောင်မစားခြင်း

အရည်ထိန်းသိမ်းမှုမြင့်မားခြင်းကို လျှော့ချနိုင်ဖို့ ထိန်းသိမ်းနည်းလေးတွေ

ကျန်းမာရေးနဲ့ညီညွတ်အောင်စားပါ။ စားစားသုံးမှုလျှော့ချပါ။ အသီးအနှံစားပါ။

ခြေထောက်ကို အပေါ်ထောင်ထားပါ။

ဆရာဝန်နဲ့တိုင်ပင်ပါ။

Source: www.brightside.me