ဒီတစ်ခေါက် Mayonnaise အစား ကင်မ်ချီထည့်ထားတဲ့ Sandwich လေးလုပ်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

ကြော်ထားတဲ့ ကြက်သား ၂၀ သားလောက်

ကင်မ်ချီ စားပွဲတင်ဇွန်း ၅ ဇွန်းလောက် (တောက်တောက်စဉ်းထားပြီးသား)

တရုတ်နံနံပင် ၁ ပင်

နှမ်း စားပွဲတင်ဇွန်း ၁ ဇွန်း

ကြက်သွန်မြိတ် တောက်တောက်စဉ်းထားတာ စားပွဲတင်ဇွန်း ၁ ဇွန်း

ကင်မ်ချီ အရည် စားပွဲတင်ဇွန်း ၃ ဇွန်း

ရှာလကာရည်အဖြူ စားပွဲတင်ဇွန်း ၃ ဇွန်း

ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

ဂျင်း ပါးပါးလှီးထားတာ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား

ငရုတ်ကောင်း

ပေါင်မုန့်

ပြုလုပ်နည်း

ဇလုံထဲကို ခုနက ပါဝင်ပစ္စည်းတွေ ရောပြီး နယ်လိုက်ပါ။ အပေါ့အငန်အပေါ်မူတည်ပြီး ဆားကို ထိန်းညှိထည့်ပါ။ ပြီးရင်ပေါင်မုန့်ကြားထဲ ညှပ်ပြီး စားလို့ရပါပြီ။

Photo Credit: Serious Eats