မိမိစားသုံးလိုက်တဲ့ အစားအစာများနဲ့ အသားအရည် ကျန်းမာရေးက တိုက်ရိုက်ဆက်နွယ်နေပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအသောက်ကိုစားလေ အသားအရည်စိုပြေလန်းဆန်းလေပါပဲ။ ဒါဆိုရင် အသားအရည်ကျန်းမာနေပြီး အမဲစက်တွေရန်မှ ကင်းဝေးဖို့အတွက် စားသုံးသင့်တဲ့ အစားအစား ၅ မျိုးကတော့

၁။ ဗီတာမင် အေ ကြွယ်ဝသော အစားအစာများ

Photo Source: www.drsakla.com

အသားအရည်ကျန်းမာရေးအတွက် အရေးကြီးဆုံးကတော့ ဗီတာမင်အေပါပဲ။ ခန္ဓာကိုယ်ထဲမှာ ဗီတာမင် အေ ဓာတ်မရရှိတဲ့အခါ အသားအရည်မွဲခြောက်ခြောက်နဲ့ ကြည့်မကောင်းဘဲနေပါလိမ့်မယ်။ ဗီတာမင် အေ ကြွယ်ဝစွာ ပါဝင်တဲ့ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ ပန်းကော်ဖီစိမ်း၊ မုန်လာဥနီစတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။

၂။ ဗီတာမင် စီ ကြွယ်ဝသော အစားအစာများ

Photo Source: www.inlifehealthcare.com

နေရောင်ခြည်နဲ့ ထိတွေ့မှုများတဲ့အခါ၊ စိတ်ဖိစီးမှုဒဏ်တွေ ခံရတဲ့အခါမျိုးမှာ အသားအရည် အိုမင်းရင့်ရော်မှု မြန်ဆန်သွားပါတယ်။ ဒီလိုအိုမင်းရင့်ရော်မှုကို ကာကွယ်ဖို့အတွက် ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်တဲ့ သံပုရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ကီဝီ၊ ဂေါ်ဖီထုပ်၊ ပန်းကော်ဖီစိမ်း၊ သင်္ဘောသီး၊ ခရမ်းချဉ်သီး၊ အာလူး စတဲ့ အစားအစာများကို စားသုံးပေးပါ။

၃။ သံဓာတ်ကြွယ်ဝသော အစားအစာများ

Photo Source: www.organicfoods.com.au

ခန္ဓာကိုယ်ထဲမှာ သံဓာတ်လုံလောက်စွာ ရရှိဖို့အတွက် အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများကို စားသုံးပေးပါ။ သံဓာတ်က သွေးနီဥလေးတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။

၄။ ဗီတာမင် အီး ကြွယ်ဝသော အစားအစာများ

Photo Source: www.hch.tv

ဗီတာမင် အီး ကြွယ်ဝစွာ ပါဝင်တဲ့ အခွံမာသီးများကို နေ့စဉ်စားသုံးပေးခြင်းက အသားအရည်ကျန်းမာရေးအတွက ်များစွာ အထောက်အကူပြုပါတယ်။

၅။ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ

Photo Source: fitnessthetic.com

ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်များက အသားအရည်ကို ထိခိုက်ပျက်စီးစေပါတယ်။ အဲ့ဒီအဆိပ်အတောက်များကို ဖယ်ရှားပေးဖို့အတွက် အမျှင်ဓာတ်များလိုအပ်တဲ့အတွက်ကြောင့် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ပဲနီလေး၊ ပဲတောင့်ရှည်၊ ဂျုံနဲ့ အစေ့အဆံများကို စားသုံးနိုင်ပါတယ်။