လိုအပ်တဲ့ ပစ္စည်းတွေကတော့

ဆန်ခေါက်ဆွဲ အပျော့ မရှိရင် ရှမ်းခေါက်ဆွဲ နဲ့ ချက်နိုင်ပါတယ်

မုန့်လာဥ အချဉ်

ပဲပြား

ပဲပင်ပေါက်

မန်ကျီးသီး

ကျူဆိုင်ရွက် (ကြေးအိုး မှာ သုံးတဲ့ ကြက်သွန်မြိတ်လို အရွက်)

ငရုပ်ဆီ

ငရုပ်ချဉ်

ကြံသကာ ပျော့

သကြား

လုပ်နည်း အဆင့်ဆင့် ကတော့ 

၁။ မန်းကျီးသီးကို ရေအရင်စိမ်ထားပါ။ နောက် မန်ကျီး နှစ်ကို ဆယ်ပါ

၂။ ပဲပြားကို အတုံးသေးသေးလှီကား ကြော်ပါ။

၃။ ငရုပ်ချဉ် ၊ ငရုပ်ဆီ၊ မန်ကျည်း ရေ၊ သကြား၊ ကြံသကား တို့ကို မီးအေးအေးနဲ့ ကျိုပါ။

မချဉ်ရင် ရှာလကာရည်ထည့်ပါ။ အရသာ တွေကို တခါတည်း ဆက်လိုက်ပါ။ အချိုအငန် မြည်းလိုက်ပါ။

ဖက်ထိုင် ကြော်ရင် အဓိက ကတော့ အချဉ်ရေ အရသာ ကောင်းဖု့ိပါပဲ။

အဓိက အချဉ်ရေ စပ်တက်ဖို့ ပဲ လိုအပ်သလို အရေးကြီးဆုံးကလည်း အချဉ်ရည် ပါပဲ

နောက်တဆင့်ကတော့ အိုးထဲမှာ ဆီအနည်းငယ်ထည့်ပါ။ ကြော်ထားတဲ့ပဲပြားထည့်ပါ။ ကိုယ်တိုင် စပ်ထားတဲ့ ငရုပ်ချဉ် ကို ထည့်လိုက်ပါ။ ဆန်ခေါက်ဆွဲထည့်ပြီး အပေါ် အောက်မွှေ လိုက်ပါ။ ဆီအနည်းငယ်ထည့်ပြီး ကြက်ဥ ကို ခေါက်ထည့်လိုက်ပါ။ နောက်ပြီး ဆန်ခေါက်ဆွဲနဲ့ ကြက်ဥကို ရောသွားအောင် မွှေလိုက်ပါ။

နောက်ဆုံးမှ ကျူဆိုင်ကို ထည့် ပဲပင်ပေါက်ကိုထည့်ပြီး အပေါ်အောက်မွှေကာ စားသုံးနိုင်ပါပြီ။

ထိုင်းရဲ့ နာမည်ကြီး အစားအစာတခု ဖြစ်တဲ့ ဖက်ထိုင် (Phat Tai) လုပ်စားကြရအောင်